





ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်း ဆီမီးဖိုင်နယ်
တက်ရောက်ခဲ့ပြီးနောက် ဒီပြိုင်ပွဲမှာ ဘောလုံးပြန်လည်လက်ခံရယူနိုင်မှု





အများဆုံးသမား(၄၁ကြိမ်) အဖြစ်ရှိနေတဲ့ ကွင်းလယ်လူဆော့ဖ်ရန်အမ်ရာဘတ်ရဲ့
ခြေစွမ်းက စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။ သူ့ရဲ့ အစ်ကိုဖြစ်တဲ့
နော်ဒင်အမ်ရာဘတ်ကိုတော့ ဘောလုံးပရိသတ်တွေ ပိုပြီးလူသိများကြပါတယ်။





နော်ဒင်ဟာ ပရီးမီးယားလိဂ်ကလပ် ဝက်ဖို့ဒ်မှာကစားခဲ့ဖူးသူဖြစ်ပြီး ပီအက်စ်ဗွီ၊
ဂါလာတာစာရေး၊ မာလာဂါနဲ့ လီဂါနက်စ်အသင်းတွေမှာကစားသမားဘဝကို





ကျင်လည်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားဆိုတာကတော့
နော်ဒင်အမ်ရာဘတ်အတွက် အိပ်မက်တောင်ထည့်မက်ခွင့်မရှိခဲ့ပါဘူး။
ဒါပေမဲ့ ညီဖြစ်တဲ့ ဆော့ဖ်ရန်အမ်ဘာဘတ်ကတော့ မော်ရိုကိုနဲ့အတူ





ဆီမီးဖိုင်နယ်အထိရောက်ခဲ့ပါပြီ။ ထူးခြားတာက သူတို့ညီအစ်ကို
နှစ်ယောက်ဟာ နယ်သာလန်မှာမွေးပြီး နယ်သာလန်မှာကြီးပြင်းခဲ့သလို





လူငယ်ကစားသမားအဆင့်မှာ လိမ္မော်ရောင်တွေအတွက် ကစားပေးခဲ့ပြီးမှ
မော်ရိုကိုလက်ရွေးစင်အဖြစ်ခံယူခဲ့ကြတာဖြစ်တယ်။ အစ်ကိုဖြစ်တဲ့ နော်ဒင်ဟာ
အသက် ၁၃နှစ်မှာ ဆယ်ကျော်သက်တွေအဖြစ်များတဲ့ဒူးနာရောဂါကြောင့်





အေဂျက်အသင်းကနေထွက်ခွာခဲ့ရပါတယ်။ ဒီလိုအချိန်မှာ ဖခင်က
ကျောင်းတက်ရင်းဘောလုံးကိုအပျော်တမ်းကစားပြီး မတူညီတဲ့





အသက်မွေးဝမ်းကြောင်းကိုရွေးချယ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါပေမဲ့ နော်ဒင်ကအရှုံးမပေးခဲ့ပါဘူး။ SV Huizen အသင်းမှာ
ကစားခွင့်ရဖို့အတွက် ကျောင်းသန့်ရှင်းရေးလုပ်ပေးတယ်၊ ပန်းကန်ဆေး၊





အချိုပွဲပြင်ဆိုတဲ့ တောက်တိုမယ်ရအလုပ်တွေကြိုးစားလုပ်ကိုင်ပေးခဲ့ပါတယ်။
နောက်ဆုံးတော့ သူ့အတွက်သင့်လျော်တဲ့ အသက်မွေးဝမ်းကျောင်း





တစ်ခုရခဲ့တယ်။ သူ့ညီဖြစ်တဲ့ ဆော့ဖ်ရန်ကိုအမြဲတမ်းလမ်းညွှန်ပေးခဲ့တယ်။
ကမ္ဘာ့ဖလားလိုပြိုင်ပွဲမှာ ဆော့ဖ်ရန်ပါဝင်ကစားနိုင်ဖို့အတွက် နော်ဒင်က
အစ်ကိုကြီးအဖရာဆိုသလို အရာအားလုံးအတွက်လမ်းပြပေးခဲ့တယ်။





ပေါ်တူဂီကို အနိုင်ယူပြီး ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တက်ရောက်သွားခဲ့တဲ့နောက်
ဆော့ဖ်ရန်က “တကယ်တော့ ဒါဟာနော်ဒင်နဲ့ထိုက်တန်တာပါ။





ကျွန်တော့်တစ်ဘဝလုံးကို သူကူညီပေးခဲ့တယ်။ သူက ကျွန်တော့်အတွက်
စံပြပါပဲ” လို့ ပြောချလိုက်ချိန်မှာတော့ နော်ဒင်တစ်ယောက် ငိုခြင်းချခဲ့ပြီး
သူ့ညီလေးနဲ့ပတ်သတ်လို့ “ငါ အရမ်းခံစားရတယ်။ ငါ ငိုချင်လာပြီ။





မိဘတွေနဲ့အတူ ငါတို့ ငိုခဲ့ကြပြီးပြီ။ နောက်ဆုံး ၄သင်း ဆီမီးဖိုင်နယ်တဲ့လား၊
မယုံနိုင်စရာကောင်းလိုက်တာ” လို့ ဆိုပြီး ညီဖြစ်သူကို အနမ်းပေးခဲ့ပါတယ်။





တစ်ချိန်က နယ်သာလန်မြို့ရဲ့ အူထရက်ချ်လမ်းမတွေပေါ်မှာ
ရုန်းကန်ခဲ့ရတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့မြင်ကွင်းက
အရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းခဲ့ပါတယ်။





zawgyi





အူထရက္ခ်္လမ္းမေပၚကေန ကမာၻ႔ဖလားဆီမီးဖိုင္နယ္ကို အေရာက္လွမ္းခဲ့တဲ့ ေဆာ့ဖ္ရန္အမ္ရာဘတ္ဆိုတာ ဘယ္လိုလူလဲ…
ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေမာ္႐ိုကိုအသင္း ဆီမီးဖိုင္နယ္
တက္ေရာက္ခဲ့ၿပီးေနာက္ ဒီၿပိဳင္ပြဲမွာ ေဘာလုံးျပန္လည္လက္ခံရယူႏိုင္မႈ





အမ်ားဆုံးသမား(၄၁ႀကိမ္) အျဖစ္ရွိေနတဲ့ ကြင္းလယ္လူေဆာ့ဖ္ရန္အမ္ရာဘတ္ရဲ႕
ေျခစြမ္းက စိတ္ဝင္စားဖို႔ေကာင္းခဲ့ပါတယ္။ သူ႔ရဲ႕ အစ္ကိုျဖစ္တဲ့





ေနာ္ဒင္အမ္ရာဘတ္ကိုေတာ့ ေဘာလုံးပရိသတ္ေတြ ပိုၿပီးလူသိမ်ားၾကပါတယ္။
ေနာ္ဒင္ဟာ ပရီးမီးယားလိဂ္ကလပ္ ဝက္ဖို႔ဒ္မွာကစားခဲ့ဖူးသူျဖစ္ၿပီး ပီအက္စ္ဗြီ၊
ဂါလာတာစာေရး၊ မာလာဂါနဲ႔ လီဂါနက္စ္အသင္းေတြမွာကစားသမားဘဝကို





က်င္လည္ခဲ့ဖူးပါတယ္။ ဒါေပမဲ့ ကမာၻ႔ဖလားဆိုတာကေတာ့
ေနာ္ဒင္အမ္ရာဘတ္အတြက္ အိပ္မက္ေတာင္ထည့္မက္ခြင့္မရွိခဲ့ပါဘူး။





ဒါေပမဲ့ ညီျဖစ္တဲ့ ေဆာ့ဖ္ရန္အမ္ဘာဘတ္ကေတာ့ ေမာ္႐ိုကိုနဲ႔အတူ
ဆီမီးဖိုင္နယ္အထိေရာက္ခဲ့ပါၿပီ။ ထူးျခားတာက သူတို႔ညီအစ္ကို
ႏွစ္ေယာက္ဟာ နယ္သာလန္မွာေမြးၿပီး နယ္သာလန္မွာႀကီးျပင္းခဲ့သလို





လူငယ္ကစားသမားအဆင့္မွာ လိေမၼာ္ေရာင္ေတြအတြက္ ကစားေပးခဲ့ၿပီးမွ
ေမာ္႐ိုကိုလက္ေ႐ြးစင္အျဖစ္ခံယူခဲ့ၾကတာျဖစ္တယ္။ အစ္ကိုျဖစ္တဲ့ ေနာ္ဒင္ဟာ





အသက္ ၁၃ႏွစ္မွာ ဆယ္ေက်ာ္သက္ေတြအျဖစ္မ်ားတဲ့ဒူးနာေရာဂါေၾကာင့္
ေအဂ်က္အသင္းကေနထြက္ခြာခဲ့ရပါတယ္။ ဒီလိုအခ်ိန္မွာ ဖခင္က
ေက်ာင္းတက္ရင္းေဘာလုံးကိုအေပ်ာ္တမ္းကစားၿပီး မတူညီတဲ့





အသက္ေမြးဝမ္းေၾကာင္းကိုေ႐ြးခ်ယ္ဖို႔ တိုက္တြန္းခဲ့ပါတယ္။
ဒါေပမဲ့ ေနာ္ဒင္ကအရႈံးမေပးခဲ့ပါဘူး။ SV Huizen အသင္းမွာ





ကစားခြင့္ရဖို႔အတြက္ ေက်ာင္းသန႔္ရွင္းေရးလုပ္ေပးတယ္၊ ပန္းကန္ေဆး၊
အခ်ိဳပြဲျပင္ဆိုတဲ့ ေတာက္တိုမယ္ရအလုပ္ေတြႀကိဳးစားလုပ္ကိုင္ေပးခဲ့ပါတယ္။
ေနာက္ဆုံးေတာ့ သူ႔အတြက္သင့္ေလ်ာ္တဲ့ အသက္ေမြးဝမ္းေက်ာင္း





တစ္ခုရခဲ့တယ္။ သူ႔ညီျဖစ္တဲ့ ေဆာ့ဖ္ရန္ကိုအၿမဲတမ္းလမ္းၫႊန္ေပးခဲ့တယ္။
ကမာၻ႔ဖလားလိုၿပိဳင္ပြဲမွာ ေဆာ့ဖ္ရန္ပါဝင္ကစားႏိုင္ဖို႔အတြက္ ေနာ္ဒင္က





အစ္ကိုႀကီးအဖရာဆိုသလို အရာအားလုံးအတြက္လမ္းျပေပးခဲ့တယ္။
ေပၚတူဂီကို အႏိုင္ယူၿပီး ကမာၻ႔ဖလားဆီမီးဖိုင္နယ္တက္ေရာက္သြားခဲ့တဲ့ေနာက္
ေဆာ့ဖ္ရန္က “တကယ္ေတာ့ ဒါဟာေနာ္ဒင္နဲ႔ထိုက္တန္တာပါ။





ကြၽန္ေတာ့္တစ္ဘဝလုံးကို သူကူညီေပးခဲ့တယ္။ သူက ကြၽန္ေတာ့္အတြက္
စံျပပါပဲ” လို႔ ေျပာခ်လိုက္ခ်ိန္မွာေတာ့ ေနာ္ဒင္တစ္ေယာက္ ငိုျခင္းခ်ခဲ့ၿပီး





သူ႔ညီေလးနဲ႔ပတ္သတ္လို႔ “ငါ အရမ္းခံစားရတယ္။ ငါ ငိုခ်င္လာၿပီ။
မိဘေတြနဲ႔အတူ ငါတို႔ ငိုခဲ့ၾကၿပီးၿပီ။ ေနာက္ဆုံး ၄သင္း ဆီမီးဖိုင္နယ္တဲ့လား၊
မယုံႏိုင္စရာေကာင္းလိုက္တာ” လို႔ ဆိုၿပီး ညီျဖစ္သူကို အနမ္းေပးခဲ့ပါတယ္။





တစ္ခ်ိန္က နယ္သာလန္ၿမိဳ႕ရဲ႕ အူထရက္ခ်္လမ္းမေတြေပၚမွာ
႐ုန္းကန္ခဲ့ရတဲ့ ညီအစ္ကိုႏွစ္ေယာက္ရဲ႕ျမင္ကြင္းက





အရမ္းကိုစိတ္လႈပ္ရွားဖို႔ေကာင္းခဲ့ပါတယ္။