
ဘာစီလိုနာအသင်းဟာ အာဆင်နယ်ကနေအလွတ်ကြေးနဲ့ခေါ်ယူထားတဲ့
တိုက်စစ်မှူး အူဘာမီယန်ကို စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး
စာချုပ်ထဲမှာအရေးပါတဲ့ အချက်တစ်ခုထည့်သွင်းကာ
ပြန်လည်ချည်နှောင်ထားတယ်လို့ သိရပါတယ်။
ဘာစီ လိုနာဟာအသက် ၃၂ နှစ်ရှိတဲ့ အူဘာမီယန်ကို
၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ပေမယ့် ခြေစွမ်းမကြိုက်ရင်
၁၈ လနဲ့စာချုပ်ဖျက်သိမ်း ဖို့ကိုလည်း သဘောတူခဲ့တာပါ။
သူတို့ဟာအူဘာမီယန်ကိုခေါ်ယူနိုင်ခဲ့တဲ့အကြောင်းကို
ဈေးကွက်ပိတ်သိမ်းချိန်ပြီးမှ ကြေညာ ခဲ့တာဖြစ်ပေမယ့်
ကစားသမားက အာဆင်နယ်နဲ့စာချုပ်ဖျက်သိမ်းခဲ့လို့
အသင်းလက်မဲ့ဖြစ်နေတဲ့အတွက် သူ့ကိုဈေးကွက်အ တွင်းမဟုတ်ဘဲ
မှတ်ပုံတင်နိုင်မှာဖြစ်ပါတယ်။
အာဆင်နယ်ဟာ အူဘာမီယန်ကိုစာချုပ်ဖျက်သိမ်းနိုင်ဖို့အတွက်
သူ့တစ်ပတ် လစာပေါင် ၃၅၀၀၀၀ ကိုစာချုပ်လက်ကျန်အတိုင်းပေးချေခဲ့ရပြီး
ပေါင် ၇ သန်းအထိရှိခဲ့ပါတယ်။
ဂါဘွန်လက်ရွေးစင်ဖြစ်တဲ့ အူဘာမီယန်ဟာပြီးခဲ့တဲ့ဒီဇင်ဘာ ၆ ရက်နေ့ကစလို့
အာဆင်နယ်အတွက် ကစားပေးခဲ့ရခြင်းမရှိ တော့တဲ့အပြင်
အသင်းခေါင်းဆောင်လက်ပတ်ပါရုပ်သိမ်းခံရပြီး စာချုပ်ပါ
ဖျက်သိမ်းခံခဲ့ရတဲ့အထိဖြစ်ခဲ့တာပါ။
အခုလိုဖြစ်ခဲ့ တာကလည်း သူ့ဘက်ကစည်းကမ်းပိုင်း
မကြာခဏဖောက်ဖျက်လို့ ဖြစ်ပါတယ်။ သူဟာဒေါ့မန်မှာရှိတုန်းကလည်း
စည်းကမ်း ပိုင်းဖောက်ဖျက်ခဲ့မှုတွေရှိခဲ့တာပါ။
ဒါကြောင့်လည်းသူစည်းကမ်းဖောက်ဖျက်ရင် ချက်ခြင်းအရေးယူနိုင်ဖို့အတွက်
ဘာစီလို နာကစာချုပ်ထဲမှာစိတ်ဝင်စားစရာ သဘောတူညီချက်ထည့်သွင်းပြီး
ချည်နှောင်ခဲ့တာလို့ စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ Diari ARA ကဖော်ပြခဲ့ပါတယ်။
ဒါကတော့ကလပ်ဘက်ကလက်မခံနိုင်တဲ့ စည်းကမ်းဖောက်ဖျက်ခဲ့လို့ရှိရင်
တစ်ဖက်သပ်စာ ချုပ်ဖျက်သိမ်းခွင့် ရှိတယ်ဆိုတဲ့အချက်ပါဘဲ။
ဒါကြောင့်လည်း အူဘာမီယန်ဟာ အရင်ကလပ်တွေမှာလို
စည်းကမ်းဖောက် ဖျက်လို့ မဖြစ်နိုင်တော့ဘဲ ဂရုစိုက်ရတော့မယ်လို့ သုံးသပ်ကြတာပါ။
ဘာစီလိုနာဟာသူ့စာချုပ်ထဲမှာ စာချုပ်ပါထွက်ခွာ
ကြေးယူရိုသန်း ၁၀၀(ပေါင် ၈၃.၄၅ သန်း) ထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။
zawgyi
အူတာမီယန်ကို စိတ်ဝင်စားစရာ သဘောတူညီချက်ထည့်သွင်းပြီး ချည်နှောင်ခဲ့ ဘာကာ