အုပ်စု ထိပ်ဆုံးနေရာက မန်ယူအတွက်ပဲဆိုတဲ့ GOAT ကြီး

စပိန်မြေကို သွားရောက်ပြီး ဆိုစီဒက်နဲ့ ကစားမယ့် ယူရိုပါလိဂ်အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲရယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ မန်ယူတိုက်စစ်မှူး

စီရော်နယ်ဒိုက ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ အုပ်စုပွဲစဉ် ၅ အပြီး မှာ ရမှတ် ၁၂ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး အုပ်စုပထမနေရာကို

ရဖို့အတွက်ဆိုရင် ဆိုစီဒက်နဲ့ပွဲစဉ်မှာ အနိမ့်ဆုံး ၂ ဂိုးပြတ်နဲ့ အနိုင်ရဖို့ လိုအပ် နေပါတယ်။ နောက်ပြီး အုပ်စုဒုတိယနေရာနဲ့ အဆုံးသတ်ခဲ့မယ်ဆိုရင်

ချန်ပီယံလိဂ်ကနေပြီး ပြုတ်ကျလာတဲ့ အသင်းတစ်သင်းနဲ့ ရှုံးထွက်အဆင့်မှာ ထိပ် တိုက်ဆုံဖို့ ရှိနေတာကြောင့် အုပ်စု ပထမနေရာဟာ ယူနိုက်တက်ရဲ့

ယူရိုပါလိဂ်ခရီးလမ်းအတွက် ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို စီရော် နယ်ဒိုတစ်ယောက် ကောင်းကောင်း သိနားလည်ထားပါတယ်။

အုပ်စုပထမ နေရာကို ရတာနဲ့အမျှ ရှုံးထွက်ပွဲစဉ် ကစားစရာ မလိုတော့ဘဲ ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်မှာဖြစ်ပြီး ဒုတိယ

ရခဲ့မယ်ဆိုရင်တော့ ရှုံးထွက်ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆိုစီဒက်နဲ့ ပွဲစဉ်ဟာ ယူနိုက် တက်အတွက်တော့ တကယ့်ကို အရေးပါတဲ့ ပွဲစဉ်တစ်ခု ဖြစ်နေပါတယ်။

တစ်ဖက်မှာ စပိန်ကလပ်ကလည်း မန်ယူကို သရေတစ်မှတ်ရရုံနဲ့တင် ၁၆ သင်းအဆင့်ကို ကားကြုံလိုက်ခွင့်ရမယ့် အခြေအနေမျိုးဆိုတော့လည်း

ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရီးရဲလ်နဲ့အတူ စပိန်မြေ ပေါ်မှာ ကာလရှည်ကျင်လည်ခဲ့ပြီး စပိန်ကလပ်အသင်းတွေအကြောင်းကိုလည်း

ကောင်းကောင်းသိထားတဲ့ ရော်နယ်ဒိုကတော့ ဒီပွဲဟာ ယူနိုက်တက် အတွက်ပဲ ဖြစ်ရမယ်လို့ ကြုံးဝါးခဲ့ပါတယ်။ ‘’အနိုင်ရဖို့ ကစားမယ်ဆိုတဲ့ စိတ် မျိုးနဲ့ စပိန်ကို ပြန်သွားမှာပါ။

ကျွန်တော်တို့အားလုံး အုပ်စု ပထမနေရာ ရဖို့ အတွက်ပဲ အာရုံစိုက်ထားကြပါတယ်။ လုပ်လိုက်ကြရအောင် သရဲနီတို့ရေ။ ငါတို့က ယူနိုက်တက်ဟ’’ လို့ စီရော်နယ်ဒိုက အင်စတာဂရမ်ကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။

(Zawgyi)

အုပ္စု ထိပ္ဆုံးေနရာက မန္ယူအတြက္ပဲဆိုတဲ့ GOAT ႀကီး

စပိန္ေျမကို သြားေရာက္ၿပီး ဆိုစီဒက္နဲ႔ ကစားမယ့္ ယူ႐ိုပါလိဂ္အုပ္စု ေနာက္ ဆုံး ပြဲစဥ္မွာ ဂိုးျပတ္ႏိုင္ပြဲရယူဖို႔ စိတ္ပိုင္းျဖတ္ထားတယ္လို႔ မန္ယူတိုက္စစ္ မႉး စီေရာ္နယ္ဒိုက

ေျပာဆိုလိုက္ပါတယ္။ ယူႏိုက္တက္ဟာ အုပ္စုပြဲစဥ္ ၅ အၿပီး မွာ ရမွတ္ ၁၂ မွတ္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး အုပ္စုပထမေနရာကို ရဖို႔အတြက္ဆိုရင္ ဆိုစီဒက္နဲ႔ပြဲစဥ္မွာ

အနိမ့္ဆုံး ၂ ဂိုးျပတ္နဲ႔ အႏိုင္ရဖို႔ လိုအပ္ ေနပါတယ္။ ေနာက္ၿပီး အုပ္စုဒုတိယေနရာနဲ႔ အဆုံးသတ္ခဲ့မယ္ဆိုရင္ ခ်န္ပီ ယံလိဂ္ကေနၿပီး ျပဳတ္က်လာတဲ့ အသင္းတစ္သင္းနဲ႔

ရႈံးထြက္အဆင့္မွာ ထိပ္ တိုက္ဆုံဖို႔ ရွိေနတာေၾကာင့္ အုပ္စု ပထမေနရာဟာ ယူႏိုက္တက္ရဲ႕ ယူ႐ိုပါ လိဂ္ခရီးလမ္းအတြက္ ဘယ္ေလာက္အထိ အေရးပါတယ္ဆိုတာကို

စီေရာ္ နယ္ဒိုတစ္ေယာက္ ေကာင္းေကာင္း သိနားလည္ထားပါတယ္။ အုပ္စုပထမ ေနရာကို ရတာနဲ႔အမွ် ရႈံးထြက္ပြဲစဥ္ ကစားစရာ မလိုေတာ့ဘဲ ၁၆ သင္း

အဆင့္ကို တိုက္႐ိုက္ တက္ေရာက္ႏိုင္မွာျဖစ္ၿပီး ဒုတိယ ရခဲ့မယ္ဆိုရင္ေတာ့ ရႈံးထြက္ပြဲစဥ္ ကစားရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဆိုစီဒက္နဲ႔ ပြဲစဥ္ဟာ ယူႏိုက္

တက္အတြက္ေတာ့ တကယ့္ကို အေရးပါတဲ့ ပြဲစဥ္တစ္ခု ျဖစ္ေနပါတယ္။ တစ္ဖက္မွာ စပိန္ကလပ္ကလည္း မန္ယူကို သေရတစ္မွတ္ရ႐ုံနဲ႔တင္ ၁၆ သင္းအဆင့္ကို ကားႀကဳံလိုက္ခြင့္ရမယ့္

အေျခအေနမ်ိဳးဆိုေတာ့လည္း ဒီအ ခြင့္အေရးကို လက္လြတ္ခံမွာ မဟုတ္ပါဘူး။ ဒါေပမဲ့ ရီးရဲလ္နဲ႔အတူ စပိန္ေျမ ေပၚမွာ ကာလရွည္က်င္လည္ခဲ့ၿပီး စပိန္ကလပ္အသင္းေတြအေၾကာင္းကို

လည္း ေကာင္းေကာင္းသိထားတဲ့ ေရာ္နယ္ဒိုကေတာ့ ဒီပြဲဟာ ယူႏိုက္တက္ အတြက္ပဲ ျဖစ္ရမယ္လို႔ ႀကဳံးဝါးခဲ့ပါတယ္။ ‘’အႏိုင္ရဖို႔ ကစားမယ္ဆိုတဲ့ စိတ္ မ်ိဳးနဲ႔ စပိန္ကို ျပန္သြားမွာပါ။

ကြၽန္ေတာ္တို႔အားလုံး အုပ္စု ပထမေနရာ ရဖို႔ အတြက္ပဲ အာ႐ုံစိုက္ထားၾကပါတယ္။ လုပ္လိုက္ၾကရေအာင္ သရဲနီတို႔ေရ။ ငါတို႔က ယူႏိုက္တက္ဟ’’ လု႔ိ စီေရာ္နယ္ဒိုက အင္စတာဂရမ္ကေနတစ္ဆင့္ ေျပာၾကားခဲ့ပါတယ္။