
အီရန်ကိုရှုံးနိမ့်ခဲ့ပြီးနောက် ဝေးလ်အသင်းနောက်တစ်ဆင့်တက်ဖို့မလွယ်တော့ပေမဲ့ အင်္ဂလန်နဲ့ပွဲကိုတော့ရှုံးစရာမရှိဘူးလို့ ဒန်နီရယ်ဂျိမ်းစ်က အံ့အားသင့်ဖွယ်စိန်ခေါ်ပြလိုက်ပါတယ်။





ဝေးလ်အသင်းဟာ ၁၉၅၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ဖို့အတွက် အိမ်နီးချင်းအင်္ဂလန်ကို အနိုင်ကစားဖို့မဖြစ်မနေလိုအပ်နေပါတယ်။ နည်းပြရော့ဘ်ပေ့ချ်ကတော့





ဝေးလ်အသင်းနဲ့မျှော်လင့်ချက်ကုန်ဆုံးသွားပြီလို့ဝန်ခံထားပြီး အင်္ဂလန်နဲ့အုပ်စုအပိတ်ပွဲမှာ လူငယ်ကစားသမားတွေကိုအခွင့်အရေးပေးမယ်လို့ပြောဆိုထားပါတယ်။ ဒန်နီရယ်ဂျိမ်းစ်ကတော့
“ဒီပွဲမှာပိုကောင်းလာဖို့အတွက် ဘာတွေလုပ်ဆောင်ရမယ်ဆိုတာကိုကြည့်ပြီးကြိုးစားရမှာဖြစ်သလို အပြုသဘောဆောင်တာတွေကိုဖယ်ထုတ်ဖို့ကြိုးစားနေပါတယ်။ အင်္ဂလန်နဲ့ပွဲကိုအကြောက်အလန့်မရှိဘဲနဲ့
ကစားရမှာဖြစ်တယ်။ ကျွန်တော်တို့ရှုံးစရာမရှိပါဘူး။ ကျွန်တော်တို့ ဒီမှာရှိနေတယ်။ တစ်ပွဲကစားဖို့ကျန်သေးတယ်။ ငါတို့ရှုံးနေပြီဆိုတဲ့အတွေးမဝင်နိုင်ပါဘူး။ ငါတို့ကိုယ်တိုင်မြှင့်တင်ဖို့လိုအပ်ပါတယ်” လို့





ပြောဆိုခဲ့ပါတယ်။ နည်ပြရော့ဘ်ပေ့ချ်က “အင်္ဂလန်နဲ့ပြိုင်ဆိုင်ရမယ့်ပြည်တွင်းဒါဘီပွဲကိုအပြီးသတ်ပြင်ဆင်ချင်တယ်။ ကျွန်တော်တို့ အသင်းသတ်မှတ်စံနှုန်းအောက်ကျသွားတာကိုတော့ စိတ်ပျက်မိတယ်။





တကယ်လို့ အဲ့ဒီစံနှုန်းတွေနဲ့ကိုက်ညီမယ်ဆိုရင် အဆင်ပြေနိုင်ပေမဲ့ ဒီလိုမှမဟုတ်ရင်တော့ ထိပ်တန်းပြိုင်ပွဲကြီးမှာအပြစ်ပေးတာခံရပါလိမ့်မယ်” လို့ ဖွင့်ဟခဲ့ပါတယ်။
(Zawgyi)
အုပ္စုအပိတ္ပြဲစဥ္မွာ အဂၤလန္ကိုရႈံးစရာအေၾကာင္းအရင္းမရွိဘူးလို႔ ဒန္နီရယ္ဂ်ိမ္းစ္ စိန္ေခၚလိုက္





အီရန္ကိုရႈံးနိမ့္ခဲ့ၿပီးေနာက္ ေဝးလ္အသင္းေနာက္တစ္ဆင့္တက္ဖို႔မလြယ္ေတာ့ေပမဲ့ အဂၤလန္နဲ႔ပြဲကိုေတာ့ရႈံးစရာမရွိဘူးလို႔ ဒန္နီရယ္ဂ်ိမ္းစ္က အံ့အားသင့္ဖြယ္စိန္ေခၚျပလိုက္ပါတယ္။
ေဝးလ္အသင္းဟာ ၁၉၅၈ ခုႏွစ္ေနာက္ပိုင္း ကမာၻ႔ဖလားရႈံးထြက္အဆင့္ကိုတက္ေရာက္ႏိုင္ဖို႔အတြက္ အိမ္နီးခ်င္းအဂၤလန္ကိုအႏိုင္ကစားဖို႔မျဖစ္မေနလိုအပ္ေနပါတယ္။





နည္းျပေရာ့ဘ္ေပ့ခ်္ကေတာ့ ေဝးလ္အသင္းနဲ႔ေမွ်ာ္လင့္ခ်က္ကုန္ဆုံးသြားၿပီလို႔ဝန္ခံထားၿပီး အဂၤလန္နဲ႔အုပ္စုအပိတ္ပြဲမွာ လူငယ္ကစားသမားေတြကိုအခြင့္အေရးေပးမယ္လို႔ေျပာဆိုထားပါတယ္။
ဒန္နီရယ္ဂ်ိမ္းစ္ကေတာ့ “ဒီပြဲမွာပိုေကာင္းလာဖို႔အတြက္ ဘာေတြလုပ္ေဆာင္ရမယ္ဆိုတာကိုၾကည့္ၿပီးႀကိဳးစားရမွာျဖစ္သလို အျပဳသေဘာေဆာင္တာေတြကိုဖယ္ထုတ္ဖို႔ႀကိဳးစားေနပါတယ္။
အဂၤလန္နဲ႔ပြဲကိုအေၾကာက္အလန႔္မရွိဘဲနဲ႔ ကစားရမွာျဖစ္တယ္။ ကြၽန္ေတာ္တို႔ရႈံးစရာမရွိပါဘူး။ ကြၽန္ေတာ္တို႔ ဒီမွာရွိေနတယ္။ တစ္ပြဲကစားဖို႔က်န္ေသးတယ္။





ငါတို႔ရႈံးေနၿပီဆိုတဲ့အေတြးမဝင္ႏိုင္ပါဘူး။ ငါတို႔ကိုယ္တိုင္ျမႇင့္တင္ဖို႔လိုအပ္ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။ နည္ျပေရာ့ဘ္ေပ့ခ်္က “အဂၤလန္နဲ႔ၿပိဳင္ဆိုင္ရမယ့္ျပည္တြင္းဒါဘီပြဲကိုအၿပီးသတ္ျပင္ဆင္ခ်င္တယ္။
ကြၽန္ေတာ္တို႔အသင္းသတ္မွတ္စံႏႈန္းေအာက္က်သြားတာကိုေတာ့ စိတ္ပ်က္မိတယ္။ တကယ္လို႔ အဲ့ဒီစံႏႈန္းေတြနဲ႔ကိုက္ညီမယ္ဆိုရင္ အဆင္ေျပႏိုင္ေပမဲ့ ဒီလိုမွမဟုတ္ရင္ေတာ့





ထိပ္တန္းၿပိဳင္ပြဲႀကီးမွာအျပစ္ေပးတာခံရပါလိမ့္မယ္” လို႔ ဖြင့္ဟခဲ့ပါတယ္။