





၂၀၁၈ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းနဲ့အတူရွှေဖိနပ်ဆုရခဲ့တဲ့
ဟယ်ရီကိန်းဟာ ကာတာကမ္ဘာ့ဖလားမှာတော့ ပထမဆုံးသွင်းဂိုးရဖို့အတွက်





ရုန်းကန်နေရဆဲဖြစ်တယ်။ အုပ်စုတွင်း ၃ပွဲ မှာ ဂိုးဖန်တီးမှု ၃ကြိမ်သာ
လုပ်နိုင်ခဲ့တဲ့ စပါးတိုက်စစ်မှူးရဲ့ဂိုးသွင်းနှုန်းကစိုးရိမ်စရာဖြစ်ပေမဲ့
အတွေ့အကြုံရင့်ကျက်လာတာနဲ့အမျှ စိတ်ရှည်ဖို့လိုအပ်တယ်လို့





ဟယ်ရီကိန်းက ဖွင့်ဟလိုက်ပါတယ်။ ဒါပေမဲ့ ဆီနီဂေါနဲ့ပွဲစဉ်မတိုင်ခင်
သတင်းစာရှင်းလင်းပွဲမှာတော့ အင်္ဂလန်အသင်းခေါင်းဆောင်က





“အုပ်စုအဆင့်ကျော်ဖြတ်နိုင်ရုံပဲရှိသေးတယ်။
ဟုတ်ပါတယ်၊ အမြင့်ဆုံးလိုချင်ပါတယ်။ ဒါပေမဲ့ မတူကွဲပြားတဲ့
ပြိုင်ပွဲမျိုးမှာ လာမယ့်ရှုံးထွက်ပွဲစဉ် ၄ပွဲ အတွက်ပြင်ဆင်ရဦးမှာပါ။





အကောင်းဆုံးစတင်ထားနိုင်ပေမဲ့ လိုအပ်ချက်အနည်ူးငယ်ရှိသေးတယ်လို့
ခံစားမိတယ်။ ဆုဖလားကိုအပိုင်သိမ်းဖို့အတွက် နောက်ဆုံး ၄ပွဲ





ပြိုင်ဆိုင်မှုက အခုစတင်ပါပြီ။ ရုရှားကမ္ဘာ့ဖလားမှာတုန်းက အုပ်စုပွဲစဉ်မှာ
ကျွန်တော်ဂိုးတွေအများကြီးရခဲ့တယ်။ အဆုံးသတ်ခါနီးမှာတော့
စွမ်းအင်ကုန်ခမ်းသွားသလိုဖြစ်ခဲ့တယ်။ ဆင်ခြေပေးတာမဟုတ်ပါဘူး၊





အခုအချိန်မှာ တိုက်စစ်မှူးတိုင်းက ၃၊ ၄ဂိုးလောက်လိုချင်နေပါပြီ။
ဒါပေမဲ့ ဂိုးစရတဲ့အချိန်မှာပျော်ရွှင်လာတတ်ပြီး နောက်ထပ်ဂိုးတွေ





လိုချင်လာတယ်။ အခွင့်အရေးရရင် ဖမ်းဆုပ်ဖို့အဆင်သင့်ပါပဲ။
ဒါပေမဲ့ အတွေ့အကြုံရလာတာနဲ့အမျှစိတ်ရှည်ရမယ်ဆိုတာကို
သိလာတယ်” လို့ ဆိုသွားပါတယ်။ ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်း





သမိုင်းတစ်လျှောက်ထာဝရဂိုးသွင်းအများဆုံးဖြစ်တဲ့ ဝိန်းရွန်နီ(၅၃ဂိုး) ကို
ကျော်ဖြတ်နိုင်ဖို့အတွက် ၃ဂိုးသာသွင်းနိုင်ဖို့လိုအပ်တဲ့အနေအထားမှာ





ဖိအားဝင်နေတာဖြစ်တယ်လို့ အားလုံးကယူဆနေကြတာပါ။
zawgyi





အုပ္စုအဆင့္မွာသြင္းဂိုးမရခဲ့ေပမဲ့ အခြင့္ႀကဳံလာရင္ဖမ္းဆုပ္ဖို႔အဆင္သင့္ပဲလို႔ ဟယ္ရီကိန္း ဖြင့္ဟ
၂၀၁၈ ကမာၻ႔ဖလားမွာ အဂၤလန္အသင္းနဲ႔အတူေ႐ႊဖိနပ္ဆုရခဲ့တဲ့





ဟယ္ရီကိန္းဟာ ကာတာကမာၻ႔ဖလားမွာေတာ့ ပထမဆုံးသြင္းဂိုးရဖို႔အတြက္
႐ုန္းကန္ေနရဆဲျဖစ္တယ္။ အုပ္စုတြင္း ၃ပြဲ မွာ ဂိုးဖန္တီးမႈ ၃ႀကိမ္သာ
လုပ္ႏိုင္ခဲ့တဲ့ စပါးတိုက္စစ္မႉးရဲ႕ဂိုးသြင္းႏႈန္းကစိုးရိမ္စရာျဖစ္ေပမဲ့





အေတြ႕အႀကဳံရင့္က်က္လာတာနဲ႔အမွ် စိတ္ရွည္ဖို႔လိုအပ္တယ္လို႔
ဟယ္ရီကိန္းက ဖြင့္ဟလိုက္ပါတယ္။ ဒါေပမဲ့ ဆီနီေဂါနဲ႔ပြဲစဥ္မတိုင္ခင္





သတင္းစာရွင္းလင္းပြဲမွာေတာ့ အဂၤလန္အသင္းေခါင္းေဆာင္က
“အုပ္စုအဆင့္ေက်ာ္ျဖတ္ႏိုင္႐ုံပဲရွိေသးတယ္။
ဟုတ္ပါတယ္၊ အျမင့္ဆုံးလိုခ်င္ပါတယ္။ ဒါေပမဲ့ မတူကြဲျပားတဲ့





ၿပိဳင္ပြဲမ်ိဳးမွာ လာမယ့္ရႈံးထြက္ပြဲစဥ္ ၄ပြဲ အတြက္ျပင္ဆင္ရဦးမွာပါ။
အေကာင္းဆုံးစတင္ထားႏိုင္ေပမဲ့ လိုအပ္ခ်က္အနည္ူးငယ္ရွိေသးတယ္လို႔





ခံစားမိတယ္။ ဆုဖလားကိုအပိုင္သိမ္းဖို႔အတြက္ ေနာက္ဆုံး ၄ပြဲ
ၿပိဳင္ဆိုင္မႈက အခုစတင္ပါၿပီ။ ႐ုရွားကမာၻ႔ဖလားမွာတုန္းက အုပ္စုပြဲစဥ္မွာ
ကြၽန္ေတာ္ဂိုးေတြအမ်ားႀကီးရခဲ့တယ္။ အဆုံးသတ္ခါနီးမွာေတာ့





စြမ္းအင္ကုန္ခမ္းသြားသလိုျဖစ္ခဲ့တယ္။ ဆင္ေျခေပးတာမဟုတ္ပါဘူး၊
အခုအခ်ိန္မွာ တိုက္စစ္မႉးတိုင္းက ၃၊ ၄ဂိုးေလာက္လိုခ်င္ေနပါၿပီ။





ဒါေပမဲ့ ဂိုးစရတဲ့အခ်ိန္မွာေပ်ာ္႐ႊင္လာတတ္ၿပီး ေနာက္ထပ္ဂိုးေတြ
လိုခ်င္လာတယ္။ အခြင့္အေရးရရင္ ဖမ္းဆုပ္ဖို႔အဆင္သင့္ပါပဲ။
ဒါေပမဲ့ အေတြ႕အႀကဳံရလာတာနဲ႔အမွ်စိတ္ရွည္ရမယ္ဆိုတာကို





သိလာတယ္” လို႔ ဆိုသြားပါတယ္။ ဟယ္ရီကိန္းဟာ အဂၤလန္အသင္း
သမိုင္းတစ္ေလွ်ာက္ထာဝရဂိုးသြင္းအမ်ားဆုံးျဖစ္တဲ့ ဝိန္း႐ြန္နီ(၅၃ဂိုး) ကို





ေက်ာ္ျဖတ္ႏိုင္ဖို႔အတြက္ ၃ဂိုးသာသြင္းႏိုင္ဖို႔လိုအပ္တဲ့အေနအထားမွာ
ဖိအားဝင္ေနတာျဖစ္တယ္လို႔ အားလုံးကယူဆေနၾကတာပါ။