အီလန်ဂါကို စာချုပ်သစ်ချုပ်ရတော့မယ့် မန်ယူ

မန်ယူအသင်းဟာလူငယ်ကစားသမားဖြစ်တဲ့ အန်သိုနီအီလန်ဂါ ကိုစာချုပ်သစ်

ချုပ်ဖို့အသည်းအသန်လုပ်ဆောင်နေရပြီလို့ သိရပါတယ်။ မန်ယူရဲ့ကြားဖြတ်

နည်းပြဖြစ်တဲ့ ရန်းနစ်ခ်ဟာသူကိုင်တွယ်ပြီးခဲ့တဲ့ ၃ ပွဲစလုံး အီလန်ဂါကို

ဦးစားပေးလူစာရင်းမှာထည့်သွင်းခဲ့ပြီးနောက် ကလပ်ဘက်ကသူ့ကိုစာချုပ်သစ်

ချုပ်ဖို့ ကြိုးစားလာရတာဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့တောင်ပံကစားသမား အီလန်ဂါ ရဲ့

ခြေစွမ်းကိုနည်းပြ ရန်းနစ်ခ်ကသဘောကျနေပြီး တဖြည်းဖြည်းနဲ့ဦးစား

ပေးလာတာကြောင့်ကလပ်ဘက်ကလည်းမနေသာတော့ဘဲ စာချုပ်သစ်

ချုပ်ဖို့ လုပ်လာရတာဖြစ်ပါတယ်။ သူဟာပြီးခဲ့တဲ့ မတ်လကမှစာချုပ်သစ်ချုပ်
ခဲ့သေးတာဖြစ်ပေမယ့် ရန်းနစ်ခ်ကသဘောကျနေမှုကြောင့် လက်ရှိစာချုပ်

ကိုပိုမိုကောင်းမွန်တဲ့အချက်အလက်တွေ ထည့်သွင်းပြီး စာချုပ်သစ်ချုပ်ဖို့

စီစဥ်လာတာဖြစ်ပါတယ်။
အီလန်ဂါဟာ ဆိုးလ်ရှားလက်ထက်တုန်းက မန်ယူရဲ့ပရီးမီးယားလိဂ်နဲ့

ချန်ပီယံလိဂ်လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပေမယ့် ရန်းနစ်ခ်တာဝန်ယူပြီ

းနောက် ခရစ္စတယ်ပဲလေ့စ်ကိုအနိုင်ရခဲ့တဲ့ပွဲရဲ့ လူစာရင်းမှာပါဝင်လာခဲ့ပြီး

ပွဲပြီးဖို့ ၁၄ မိနစ်အလိုမှာလူစားဝင်ကစား

ခဲ့ရပါတယ်။ ဒါ့အပြင် နော်ဝစ်ချ်ကို ၁-၀ နဲ့နိုင်ခဲ့တဲ့အဝေးကွင်းပွဲ လူစာရင်း

မှာလည်းပါဝင်လာခဲ့ပြီး ယန်းဘွိုင်းစ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း

ပွဲထွက်လူစာရင်းကနေပါဝင်ကစားခဲ့ရပါတယ်။ သူဟာမယ်လ်မိုအသင်းမှာ

ရှိနေတုန်းအသက် ၁၂ နှစ်အရွယ်မှာ မန်ယူကိုပြောင်းလာတဲ့သူဖြစ်ပါတယ်။

အီလန်ဂါဟာဆိုးလ်ရှားလက်ထက် ပြီးခဲ့တဲ့မေလတုန်းက လက်စတာနဲ့ပွဲမှာ

မန်ယူအတွက်ပွဲထွက်ကစားခဲ့ပေမယ့် နောက်ပိုင်းမှာလူစာရင်းမှာတောင်

မပါခဲ့တော့ပါဘူး။

သူဟာအဲဒီလက်စတာနဲ့ပွဲမှာ မန်ယူအတွက်ပွဲထွက်ကစားခဲ့ပြီးနောက်

ရန်းနစ်ခ်လက်ထက် ၃ ကြိမ်အပါအဝင် မန်ယူလူစာရင်းမှာ ၅ ကြိမ်သာ

ပါဝင်ခဲ့တာဖြစ်ပါတယ်။ သူဟာပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီတုန်းက

မန်ယူရဲ့တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့သေး

သူဖြစ်ပါတယ်။ သူဟာကင်မရွန်းနွယ်ဖွားဖြစ်ကာ ဘောလုံးမျိုးရိုးက

ဆင်းသက်လာသူဖြစ်ပြီး သူ့ဖခင် ဂျိုးဆပ် ဟာ၁၉၉၈ ကမ္ဘာ့ဖလားမှာ
ကင်မရွန်းကို ကိုယ်စားပြုကစားခဲ့သူဖြစ်ပါတယ်။

Zawgyi

အီလန္ဂါကို စာခ်ဳပ္သစ္ခ်ဳပ္ရေတာ့မယ့္ မန္ယူ

မန္ယူအသင္းဟာလူငယ္ကစားသမားျဖစ္တဲ့ အန္သိုနီအီလန္ဂါ ကိုစာခ်ဳပ္သစ္

ခ်ဳပ္ဖို႔အသည္းအသန္လုပ္ေဆာင္ေနရၿပီလို႔ သိရပါတယ္။ မန္ယူရဲ႕ၾကားျဖတ္

နည္းျပျဖစ္တဲ့ ရန္းနစ္ခ္ဟာသူကိုင္တြယ္ၿပီးခဲ့တဲ့ ၃ ပြဲစလုံး အီလန္ဂါကို

ဦးစားေပးလူစာရင္းမွာထည့္သြင္းခဲ့ၿပီးေနာက္ ကလပ္ဘက္ကသူ႔ကိုစာခ်ဳပ္သစ္

ခ်ဳပ္ဖို႔ ႀကိဳးစားလာရတာျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္သာရွိေသးတဲ့ေတာင္ပံကစားသမား အီလန္ဂါ ရဲ႕

ေျခစြမ္းကိုနည္းျပ ရန္းနစ္ခ္ကသေဘာက်ေနၿပီး တျဖည္းျဖည္းနဲ႔ဦးစား

ေပးလာတာေၾကာင့္ကလပ္ဘက္ကလည္းမေနသာေတာ့ဘဲ စာခ်ဳပ္သစ္

ခ်ဳပ္ဖို႔ လုပ္လာရတာျဖစ္ပါတယ္။ သူဟာၿပီးခဲ့တဲ့ မတ္လကမွစာခ်ဳပ္သစ္ခ်ဳပ္
ခဲ့ေသးတာျဖစ္ေပမယ့္ ရန္းနစ္ခ္ကသေဘာက်ေနမႈေၾကာင့္ လက္ရွိစာခ်ဳပ္

ကိုပိုမိုေကာင္းမြန္တဲ့အခ်က္အလက္ေတြ ထည့္သြင္းၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဖို႔

စီစဥ္လာတာျဖစ္ပါတယ္။
အီလန္ဂါဟာ ဆိုးလ္ရွားလက္ထက္တုန္းက မန္ယူရဲ႕ပရီးမီးယားလိဂ္နဲ႔

ခ်န္ပီယံလိဂ္လူစာရင္းမွာ ပါဝင္ခဲ့ျခင္းမရွိေပမယ့္ ရန္းနစ္ခ္တာဝန္ယူၿပီ

းေနာက္ ခရစၥတယ္ပဲေလ့စ္ကိုအႏိုင္ရခဲ့တဲ့ပြဲရဲ႕ လူစာရင္းမွာပါဝင္လာခဲ့ၿပီး

ပြဲၿပီးဖို႔ ၁၄ မိနစ္အလိုမွာလူစားဝင္ကစား
ခဲ့ရပါတယ္။ ဒါ့အျပင္ ေနာ္ဝစ္ခ်္ကို ၁-၀ နဲ႔ႏိုင္ခဲ့တဲ့အေဝးကြင္းပြဲ လူစာရင္း

မွာလည္းပါဝင္လာခဲ့ၿပီး ယန္းဘြိဳင္းစ္နဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာလည္း

ပြဲထြက္လူစာရင္းကေနပါဝင္ကစားခဲ့ရပါတယ္။ သူဟာမယ္လ္မိုအသင္းမွာ

ရွိေနတုန္းအသက္ ၁၂ ႏွစ္အ႐ြယ္မွာ မန္ယူကိုေျပာင္းလာတဲ့သူျဖစ္ပါတယ္။

အီလန္ဂါဟာဆိုးလ္ရွားလက္ထက္ ၿပီးခဲ့တဲ့ေမလတုန္းက လက္စတာနဲ႔ပြဲမွာ

မန္ယူအတြက္ပြဲထြက္ကစားခဲ့ေပမယ့္ ေနာက္ပိုင္းမွာလူစာရင္းမွာေတာင္

မပါခဲ့ေတာ့ပါဘူး။

သူဟာအဲဒီလက္စတာနဲ႔ပြဲမွာ မန္ယူအတြက္ပြဲထြက္ကစားခဲ့ၿပီးေနာက္

ရန္းနစ္ခ္လက္ထက္ ၃ ႀကိမ္အပါအဝင္ မန္ယူလူစာရင္းမွာ ၅ ႀကိမ္သာ

ပါဝင္ခဲ့တာျဖစ္ပါတယ္။ သူဟာၿပီးခဲ့တဲ့ ၂၀၁၉-၂၀ ေဘာလုံးရာသီတုန္းက

မန္ယူရဲ႕တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုကို ရရွိခဲ့ေသး

သူျဖစ္ပါတယ္။ သူဟာကင္မ႐ြန္းႏြယ္ဖြားျဖစ္ကာ ေဘာလုံးမ်ိဳး႐ိုးက

ဆင္းသက္လာသူျဖစ္ၿပီး သူ႔ဖခင္ ဂ်ိဳးဆပ္ ဟာ၁၉၉၈ ကမာၻ႔ဖလားမွာ
ကင္မ႐ြန္းကို ကိုယ္စားျပဳကစားခဲ့သူျဖစ္ပါတယ္။