အီရန်နဲ့ပွဲအတွက် အင်္ဂလန်လူစာရင်းမှာ မက်ဆီဆင်နဲ့ ဝေါ်လ်ကာတို့ မပါနိုင်ဘူး

အခုည ကစားမယ့် အီရန်နဲ့ ပွဲစဉ်မှာ အင်္ဂလန်ရဲ့ အဓိက ကစားသမားနှစ် ယောက်ဖြစ်တဲ့ ကွင်းလယ်လူ မက်ဒီဆင်နဲ့ နောက်ခံလူ ဝေါ်လ်ကာတို့ ပါဝင် နိုင်မှာ မဟုတ်ဘူးလို့ နည်းပြဆောက်ဂိတ်က

အတည်ပြုပါတယ်။ ဒီကစားသ မားနှစ်ယောက်ဟာ ဒဏ်ရာပြဿနာတွေ ရှိနေတာဖြစ်တဲ့အတွက် သီးခြားခွဲ ပြီး လေ့ကျင့်ခဲ့ရတာမျိုးတွေရှိပြီး မက်ဒီဆင်က ဒူးဒဏ်ရာ ရနေတာကြောင့် အခုပွဲကို

လွဲချော်မှာ ဖြစ်ပါတယ်။ မန်စီးတီး နောက်ခံလူ ဝေါ်လ်ကာကတော့ ပြီးခဲ့တဲ့ ပေါင်ခြံဒဏ်ရာကို ပြီးခဲ့တဲ့လတုန်းက ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ ကစား သမားဖြစ်လို့ အီရန်နဲ့ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ အင်္ဂလန်ရဲ့ အုပ်စု လက်ကျန်ပွဲစဉ် ၂ ပွဲဖြစ်တဲ့ အမေရိကန်နဲ့ ဝေးလ်တို့ ပွဲစဉ်တွေအတွက် တော့ အချိန်မီ ပြန်လည် ပါဝင်လာနိုင်မယ်လို့ သိရပါတယ်။ ‘’ကျွန်တော်တို့ ဒီကို စရောက်ကတည်းက

မက်ဒီဆင်ဟာ အသင်းနဲ့အတူ လေ့ကျင့်ဖို့တောင် အဆင်သင့် မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ဒါကြောင့် သူဟာ ပွဲကစားပေးဖို့ မဖြစ်နိုင် ပါဘူး’’ လို့ နည်းပြ ဆောက်ဂိတ်က အင်္ဂလန်အခြေစိုက် Metro သတင်းဌာနကို

ပြောကြားခဲ့ပါတယ်။ အီရန်နဲ့ ပွဲစဉ်မှာတော့ ဆောက်ဂိတ်ရဲ့ အချစ်တော် ကစားသမားတွေဖြစ်ကြတဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်း၊ ကွင်းလယ်လူ ဒီကလန်ရိုက်၊ ဘယ်လင်ဂမ်၊ ဂိုးသမား ပစ်ဖို့ဒ်တို့ ပါဝင်လာဖို့

သေချာသလောက်ရှိနေပါတယ်။ ဒါပေမဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဝက်စ်ဟမ်းနဲ့အတူ အကောင်းဆုံး ပုံစံမျိုး ရှိမနေတဲ့ အပြင် အင်္ဂလန်မှာလည်း ရွေးချယ်စရာ

ကွင်းလယ်လူတွေက တစ်ပုံကြီး ရှိနေတဲ့အတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရနိုင်တဲ့ အခြေအနေမျိုး ရှိနေပါတယ်။ တိုက်စစ်အားသန် ကွင်းလယ်လူဖြစ်တဲ့ ဒီကလန်ရိုက်စ်ဟာ အင်္ဂလန်အတွက် ၃၄ ပွဲ ပါဝင်ကစားခွင့်

ရထားပေမဲ့ သွင်းဂိုးကတော့ ၂ ဂိုးပဲ ရှိပါသေးတယ်။

(Zawgyi)

အီရန္နဲ႔ပြဲအတြက္ အဂၤလန္လူစာရင္းမွာ မက္ဆီဆင္နဲ႔ ေဝၚလ္ကာတို႔ မပါႏိုင္ဘူး

အခုည ကစားမယ့္ အီရန္နဲ႔ ပြဲစဥ္မွာ အဂၤလန္ရဲ႕ အဓိက ကစားသမားႏွစ္ ေယာက္ျဖစ္တဲ့ ကြင္းလယ္လူ မက္ဒီဆင္နဲ႔ ေနာက္ခံလူ ေဝၚလ္ကာတို႔ ပါဝင္ ႏိုင္မွာ မဟုတ္ဘူးလို႔ နည္းျပေဆာက္ဂိတ္က

အတည္ျပဳပါတယ္။ ဒီကစားသ မားႏွစ္ေယာက္ဟာ ဒဏ္ရာျပႆနာေတြ ရွိေနတာျဖစ္တဲ့အတြက္ သီးျခားခြဲ ၿပီး ေလ့က်င့္ခဲ့ရတာမ်ိဳးေတြရွိၿပီး မက္ဒီဆင္က ဒူးဒဏ္ရာ ရေနတာေၾကာင့္ အခုပြဲကို လြဲေခ်ာ္မွာ

ျဖစ္ပါတယ္။ မန္စီးတီး ေနာက္ခံလူ ေဝၚလ္ကာကေတာ့ ၿပီးခဲ့တဲ့ ေပါင္ၿခံဒဏ္ရာကို ၿပီးခဲ့တဲ့လတုန္းက ခြဲစိတ္ကုသမႈ ခံယူခဲ့တဲ့ ကစား သမားျဖစ္လို႔ အီရန္နဲ႔ပြဲစဥ္ကို ပါဝင္ႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမဲ့ အဂၤလန္ရဲ႕

အုပ္စု လက္က်န္ပြဲစဥ္ ၂ ပြဲျဖစ္တဲ့ အေမရိကန္နဲ႔ ေဝးလ္တို႔ ပြဲစဥ္ေတြအတြက္ ေတာ့ အခ်ိန္မီ ျပန္လည္ ပါဝင္လာႏိုင္မယ္လို႔ သိရပါတယ္။ ‘’ကြၽန္ေတာ္တို႔ ဒီကို စေရာက္ကတည္းက မက္ဒီဆင္ဟာ အသင္းနဲ႔

အတူ ေလ့က်င့္ဖို႔ေတာင္ အဆင္သင့္ မျဖစ္ခဲ့ပါဘူး။ ဒါေၾကာင့္ ဒါေၾကာင့္ သူဟာ ပြဲကစားေပးဖို႔ မျဖစ္ႏိုင္ ပါဘူး’’ လို႔ နည္းျပ ေဆာက္ဂိတ္က အဂၤလန္အေျခစိုက္ Metro သတင္းဌာနကို

ေျပာၾကားခဲ့ပါတယ္။ အီရန္နဲ႔ ပြဲစဥ္မွာေတာ့ ေဆာက္ဂိတ္ရဲ႕ အခ်စ္ေတာ္ ကစားသမားေတြျဖစ္ၾကတဲ့ အသင္းေခါင္းေဆာင္ ဟယ္ရီကိန္း၊ ကြင္းလယ္ လူ ဒီကလန္႐ိုက္၊ ဘယ္လင္ဂမ္၊ ဂိုးသမား

ပစ္ဖို႔ဒ္တို႔ ပါဝင္လာဖို႔ ေသခ်ာသ ေလာက္ရွိေနပါတယ္။ ဒါေပမဲ့ ကြင္းလယ္လူ ဒီကလန္႐ိုက္စ္ဟာ ၿပီးခဲ့တဲ့ ပရီး မီးယားလိဂ္ပြဲစဥ္ေတြမွာ ဝက္စ္ဟမ္းနဲ႔အတူ အေကာင္းဆုံး ပုံစံမ်ိဳး ရွိမေနတဲ့ အျပင္

အဂၤလန္မွာလည္း ေ႐ြးခ်ယ္စရာ ကြင္းလယ္လူေတြက တစ္ပုံႀကီး ရွိေန တဲ့အတြက္ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ရႏိုင္တဲ့ အေျခအေနမ်ိဳး ရွိေနပါတယ္။ တိုက္စစ္အားသန္ ကြင္းလယ္လူျဖစ္တဲ့ ဒီကလန္႐ိုက္စ္ဟာ

အဂၤလန္အတြက္ ၃၄ ပြဲ ပါဝင္ကစားခြင့္ ရထားေပမဲ့ သြင္းဂိုးကေတာ့ ၂ ဂိုးပဲ ရွိပါေသးတယ္။