အီရန်နဲ့ထိပ်တိုက်တွေ့ဆုံမှုမှာ နိုင်ငံရေးပါဝင်မှာမဟုတ်ဘူးလို့ အမေရိကန်နည်းပြဂရက်ဘ်ဘာဟယ်တာ ဖွင့်ဟ

အင်္ဂလန်နဲ့သရေကျခဲ့တဲ့နောက် အမေရိကန်ဟာနောက်တစ်ဆင့်တက်ဖို့အတွက် အီရန်ကိုအနိုင်ကစားဖို့လိုအပ်သွားခဲ့ပြီဖြစ်တယ်။ အမေရိကန်နည်းပြဘာဟယ်တာကတော့

ဒီထိပ်တိုက်တွေ့ဆုံမှုမှာ နိုင်ငံရေးပါဝင်မှမဟုတ်ဘူးလို့ အသိပေးလိုက်ပါပြီ။ အမေရိကန်ဟာ အီရန်ကိုနိုင်ခဲ့ရင် ၁၆ သင်းအဆင့်အတွက်အရည်အချင်းပြည့်မီသွားမှာဖြစ်ပြီး

၁၉၉၈ ကမ္ဘာ့ဖလားမှာ အီရန်က ၂-၁ ဂိုးနဲ့အနိုင်ရပြီးနောက် နိုင်ငံရေးစွဲချက်တင်ခံရတဲ့ပွဲစဉ်အဖြစ် “ဘောလုံးပွဲအားလုံးရဲ့မိခင်” လို့ ခေါင်းစဉ်တပ်ခြင်းခံခဲ့ရဖူးပါတယ်။

လက်ရှိမှာ အမေရိကန်နဲ့ အီရန်အစိုးရအကြား တင်းမာမှုတွေရှိနေပေမဲ့ ဘောလုံးပွဲမှာနိုင်ငံရေး ဝင်ရောက်မှာ မဟုတ်ဘူးလို့ ဘာဟယ်တာ ပြောဆိုလိုက်တာဖြစ်တယ်။

“ကျွန်တော်မတူညီတဲ့နိုင်ငံ ၃နိုင်ငံမှာကစားခဲ့ဖူးတယ်၊ ဆွီဒင်မှာနည်းပြခဲ့ဖူးသလို ဘောလုံးနဲ့ပတ်သတ်ရင်တော့ ကမ္ဘာ့တစ်ဝှမ်းကမတူညီတဲ့ လူတွေနဲ့အများကြီးတွေ့တာပါပဲ။

အားကစားကိုချစ်မြတ်နိုးသူတိုင် းစည်းစည်းလုံးလုံးရှိခဲ့ကြတယ်။ နှစ်သင်းစလုံးက နောက်တစ်ဆင့်တက်ချင်တဲ့အတွက်ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ရမယ့်ပွဲကိုမြင်ယောင်မိပါတယ်။

ဒါက ကျွန်တော်တို့နိုင်ငံတွေရဲ့ဆက်နွယ်မှုနဲ့ မဆိုင်ပါဘူး။ ငါတို့ဘောလုံးသမားချင်းပြိုင်မှာဖြစ်သလို သူတို့ဘက်ကလည်းဒီလိုပဲဖြစ်မှာပါ” လို့

အဆုံးအဖြတ်ပွဲမတိုင်ခင်မှာ အမေရိကန်နည်းပြက ဆိုထားပါတယ်။

(Zawgyi)

အီရန္နဲ႔ထိပ္တိုက္ေတြ႕ဆုံမႈမွာ ႏိုင္ငံေရးပါဝင္မွာမဟုတ္ဘူးလို႔ အေမရိကန္နည္းျပဂရက္ဘ္ဘာဟယ္တာ ဖြင့္ဟ

အဂၤလန္နဲ႔သေရက်ခဲ့တဲ့ေနာက္ အေမရိကန္ဟာေနာက္တစ္ဆင့္တက္ဖို႔အတြက္ အီရန္ကိုအႏိုင္ကစားဖို႔လိုအပ္သြားခဲ့ၿပီျဖစ္တယ္။ အေမရိကန္နည္းျပဘာဟယ္တာကေတာ့

ဒီထိပ္တိုက္ေတြ႕ဆုံမႈမွာ ႏိုင္ငံေရးပါဝင္မွမဟုတ္ဘူးလို႔ အသိေပးလိုက္ပါၿပီ။ အေမရိကန္ဟာ အီရန္ကိုႏိုင္ခဲ့ရင္ ၁၆ သင္းအဆင့္အတြက္အရည္အခ်င္းျပည့္မီသြားမွာျဖစ္ၿပီး

၁၉၉၈ ကမာၻ႔ဖလားမွာ အီရန္က ၂-၁ ဂိုးနဲ႔အႏိုင္ရၿပီးေနာက္ ႏိုင္ငံေရးစြဲခ်က္တင္ခံရတဲ့ပြဲစဥ္အျဖစ္ “ေဘာလုံးပြဲအားလုံးရဲ႕မိခင္” လို႔ ေခါင္းစဥ္တပ္ျခင္းခံခဲ့ရဖူးပါတယ္။

လက္ရွိမွာ အေမရိကန္နဲ႔ အီရန္အစိုးရအၾကားတင္းမာမႈေတြရွိေနေပမဲ့ ေဘာလုံးပြဲမွာႏိုင္ငံေရးဝင္ေရာက္မွာမဟုတ္ဘူးလို႔ ဘာဟယ္တာ ေျပာဆိုလိုက္တာျဖစ္တယ္။

“ကြၽန္ေတာ္မတူညီတဲ့ႏိုင္ငံ ၃ႏိုင္ငံမွာကစားခဲ့ဖူးတယ္၊ ဆြီဒင္မွာနည္းျပခဲ့ဖူးသလို ေဘာလုံးနဲ႔ပတ္သတ္ရင္ေတာ့ ကမာၻ႔တစ္ဝွမ္းကမတူညီတဲ့ လူေတြနဲ႔အမ်ားႀကီးေတြ႕တာပါပဲ။

အားကစားကိုခ်စ္ျမတ္ႏိုးသူတိုင္းစည္းစည္းလုံးလုံးရွိခဲ့ၾကတယ္။ ႏွစ္သင္းစလုံးက ေနာက္တစ္ဆင့္တက္ခ်င္တဲ့အတြက္ျပင္းျပင္းထန္ထန္ယွဥ္ၿပိဳင္ရမယ့္ပြဲကိုျမင္ေယာင္မိပါတယ္။

ဒါက ကြၽန္ေတာ္တို႔ႏိုင္ငံေတြရဲ႕ဆက္ႏြယ္မႈနဲ႔မဆိုင္ပါဘူး။ ငါတို႔ေဘာလုံးသမားခ်င္းၿပိဳင္မွာျဖစ္သလို သူတို႔ဘက္ကလည္းဒီလိုပဲျဖစ္မွာပါ” လို႔

အဆုံးအျဖတ္ပြဲမတိုင္ခင္မွာ အေမရိကန္နည္းျပက ဆိုထားပါတယ္။