အီရန်နိုင်ငံထဲမှာ ပျောက်သွားခဲ့တဲ့ ကမ္ဘာ့ဖလားအားပေးမယ့် ပရိသတ်ကို အခုအထိ ရှာမတွေ့သေး

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အားပေးဖို့အတွက် စပိန်ကနေပြီး ကာတာနိုင်ငံ အထိကို ခြေလျင်လျှောက်သွားခဲ့တဲ့ ဘောလုံးအားပေးသူ ခရီးသွားတစ် ယောက်ဟာ အီရန်နိုင်ငံထဲကို ရောက်ပြီးချိန်မှာ အဆက်အသွယ် လုံးဝကို ပြတ်တောက်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဘောလုံးအားကစားနည်းကို အရူးအမူး အားပေးသူတစ်ယောက်ဖြစ်သလို စပိန် လေထီးတပ်သားဟောင်း တစ်ယောက်လည်းဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် ဆန်တီယေဂို ဆန်းချက်ဇ် ဟာ နိုင်ငံပေါင်း ၁၅ နိုင်ငံကို ခြေလျင် ဖြတ်လျှောက်သွားခဲ့တဲ့ ခရီးသွား တစ်ယောက်ဖြစ်ပြီး နောက်ဆုံးမှာတော့ အီရန်နိုင်ငံထဲကို အရောက်မှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

စပိန်အသင်းကို အားပေးဖို့အတွက် ကာတာကို ခြေလျင်သွားရောက်ခဲ့တဲ့ ဆန်းချက်ဇ်ကို နောက်ဆုံးအကြိမ် အဆက်အသွယ်ရခဲ့တာကတော့ အောက်တိုဘာ ၂ ရက် နေ့ကဖြစ်ပြီး အဲဒီနောက်ပိုင်း လုံးဝကို အဆက်အသွယ် မရတော့ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

‘’ကျွန်မတို့ အရမ်းကို စိုးရိမ်နေခဲ့ရတာပါ။ ငိုတာလည်း မရပ်နိုင်သေးဘူး။ ကျွန်မခင်ပွန်းရော၊ ကျွန်မရောပဲ’’ လို့ ဆန်းချက်ဇ်ရဲ့ မိခင်ဖြစ်သူ စီလီယာက ဆိုပါတယ်။

နောက်ပြီး သူ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ဆန်းချက်ဇ်တစ်ယောက် ပေးပို့ထားတဲ့ အသံဖိုင်တစ်ခုကို လည်း မိသားစုဝင်တွေက AP သတင်းထောက်တစ်ယောက်ကို ဖွင့်ပြခဲ့ပါတယ်။

အဲဒီအသံဖိုင်ထဲမှာ ဆန်းချက်ဇ် ပြောထားတဲ့ စကားတွေကတော့ ‘’ကျွန်တော့်ကို လာခေါ်တဲ့ မိတ်ဆွေတစ်ယောက်နဲ့ ကျွန်တော် အခု ရှိနေတာပါ။

အခု ကျွန်တော် ဘန်ဒါအဘက်စ်ကို သွားတော့မယ်။ အီရန်တောင်ပိုင်း ကနေပြီး ကီလိုမီတာ ၁၇၀၀ လောက် ဝေးတဲ့ နေရာပေါ့။ ဟော်မတ်ဇ် ကျွန်း နဲ့လည်း နီးတဲ့နေရာလေ’’ လို့ ပါရှိတာကိုလည်း ကြားသိခဲ့ရပါတယ်။

လက်ရှိ အချိန်မှာ ဆန်းချက်ဇ်ရဲ့ သတင်းအချက်အလက်နဲ့ပတ်သက်ပြီး ဘာတစ်ခုမှ ထပ်မံ ကြားသိရတာမျိုး မရှိသေးဘူးလို့ စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနက လည်း သတင်းထုတ်ပြန်ထားပြီး ဒီကိစ္စကို အီရန်နိုင်ငံဆိုင်ရာ စပိန်သံအမတ် က တာဝန်ယူကိုင်တွယ်မှာ ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါ တယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ သတင်း ထုတ်ပြန်ထားတာမျိုး မရှိပါဘူး။

(Zawgyi)

အီရန္ႏိုင္ငံထဲမွာ ေပ်ာက္သြားခဲ့တဲ့ ကမာၻ႔ဖလားအားေပးမယ့္ ပရိသတ္ကို အခုအထိ ရွာမေတြ႕ေသး

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကို အားေပးဖို႔အတြက္ စပိန္ကေနၿပီး ကာတာႏိုင္ငံ အထိကို ေျခလ်င္ေလွ်ာက္သြားခဲ့တဲ့ ေဘာလုံးအားေပးသူ ခရီးသြားတစ္ ေယာက္ဟာ အီရန္ႏိုင္ငံထဲကို ေရာက္ၿပီးခ်ိန္မွာ အဆက္အသြယ္ လုံးဝကို ျပတ္ေတာက္သြားခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။

ေဘာလုံးအားကစားနည္းကို အ႐ူးအမူး အားေပးသူတစ္ေယာက္ျဖစ္သလို စပိန္ ေလထီးတပ္သားေဟာင္း တစ္ေယာက္လည္းျဖစ္တဲ့ အသက္ ၄၁ ႏွစ္အ႐ြယ္ ဆန္တီေယဂို ဆန္းခ်က္ဇ္ ဟာ ႏိုင္ငံေပါင္း ၁၅ ႏိုင္ငံကို ေျခလ်င္ ျဖတ္ေလွ်ာက္သြားခဲ့တဲ့ ခရီးသြား တစ္ေယာက္ျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ အီရန္ႏိုင္ငံထဲကို အေရာက္မွာ အဆက္အသြယ္ ျပတ္ေတာက္သြားခဲ့တာပဲ ျဖစ္ပါတယ္။

စပိန္အသင္းကို အားေပးဖို႔အတြက္ ကာတာကို ေျခလ်င္သြားေရာက္ခဲ့တဲ့ ဆန္းခ်က္ဇ္ကို ေနာက္ဆုံးအႀကိမ္ အဆက္အသြယ္ရခဲ့တာကေတာ့ ေအာက္တိုဘာ ၂ ရက္ ေန႔ကျဖစ္ၿပီး အဲဒီေနာက္ပိုင္း လုံးဝကို အဆက္အသြယ္ မရေတာ့ဘူးလို႔ မိ သားစုဝင္ေတြက ေျပာပါတယ္။

‘’ကြၽန္မတို႔ အရမ္းကို စိုးရိမ္ေနခဲ့ရတာပါ။ ငိုတာလည္း မရပ္ႏိုင္ေသးဘူး။ ကြၽန္မခင္ပြန္းေရာ၊ ကြၽန္မေရာပဲ’’ လို႔ ဆန္း ခ်က္ဇ္ရဲ႕ မိခင္ျဖစ္သူ စီလီယာက ဆိုပါတယ္။

ေနာက္ၿပီး သူ႔ရဲ႕ ခရီးစဥ္နဲ႔ ပတ္သက္လို႔ ဆန္းခ်က္ဇ္တစ္ေယာက္ ေပးပို႔ထားတဲ့ အသံဖိုင္တစ္ခုကို လည္း မိသားစုဝင္ေတြက AP သတင္းေထာက္တစ္ေယာက္ကို ဖြင့္ျပခဲ့ပါ တယ္။ အဲဒီအသံဖိုင္ထဲမွာ ဆန္းခ်က္ဇ္ ေျပာထားတဲ့ စကားေတြကေတာ့ ‘’ကြၽန္ေတာ့္ကို လာေခၚတဲ့ မိတ္ေဆြတစ္ေယာက္နဲ႔ ကြၽန္ေတာ္ အခု ရွိေနတာပါ။

အခု ကြၽန္ေတာ္ ဘန္ဒါအဘက္စ္ကို သြားေတာ့မယ္။ အီရန္ေတာင္ပိုင္း ကေနၿပီး ကီလိုမီတာ ၁၇၀၀ ေလာက္ ေဝးတဲ့ ေနရာေပါ့။ ေဟာ္မတ္ဇ္ ကြၽန္း နဲ႔လည္း နီးတဲ့ေနရာေလ’’ လို႔ ပါရွိတာကိုလည္း ၾကားသိခဲ့ရပါတယ္။

လက္ရွိ အခ်ိန္မွာ ဆန္းခ်က္ဇ္ရဲ႕ သတင္းအခ်က္အလက္နဲ႔ပတ္သက္ၿပီး ဘာတစ္ခုမွ ထပ္မံ ၾကားသိရတာမ်ိဳး မရွိေသးဘူးလို႔ စပိန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက လည္း သတင္းထုတ္ျပန္ထားၿပီး ဒီကိစၥကို အီရန္ႏိုင္ငံဆိုင္ရာ စပိန္သံအမတ္ က တာဝန္ယူကိုင္တြယ္မွာ ျဖစ္တယ္လို႔လည္း သတင္းထုတ္ျပန္ထားပါ တယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး အီရန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကေတာ့ သတင္း ထုတ္ျပန္ထားတာမ်ိဳး မရွိပါဘူး။