အီရန်ကို ဂိုးဒါဇင်ဝက်သွင်းပြီး နောက်တစ်ဆင့်တက်ဖို့ အရောင်လက်သွားခဲ့တဲ့ အင်္ဂလန်

တနင်္လာညဦးပိုင်းမှာ အုပ်စု (B)ရဲ့ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂလန်နဲ့ အီရန်တို့ရဲ့ ပွဲစဉ်မှာတော့ နည်းပြဆောက်ဂိတ်ရဲ့အသင်းဟာ အီရန်ကို ဂိုးဒါဇင်ဝက်သွင်းပြီး အုပ်စု

ထိပ်ဆုံးနေရာကို ဦးဆောင်ခဲ့ပြီဖြစ်ပါ တယ်။ အင်္ဂလန်ကို ဂိုးမပေးချင်ဖို့ အဓိက ဦးစားပေး ကစားသွားခဲ့တဲ့ မန်ယူ လက်ထောက်နည်းပြဟောင်း ကားလို့စ်ကွီရော့ဇ်ရဲ့ အသင်းဟာ

ခံစစ်ကို ဦး စားပေးခဲ့တာကြောင့် အင်္ဂလန်ဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရပေမဲ့ ပွဲချိန် ၁၅ မိနစ် ကျော်လာသည်အထိ အပိုင်ဂိုးကန်သွင်းခွင့် တစ်ကြိမ်မှ မဖန်တီးနိုင် ခဲ့ပါဘူး။

ပွဲချိန် မိနစ် ၂၀ ကျော်လာတဲ့အချိန်မှာလည်းပဲ ဆာကာရဲ့ ဂိုးပေါက်တည့် ကန်သွင်းခွင့်တစ်ကြိမ်ကလွဲပြီး အင်္ဂလန်ကို အပိုင်အခွင့်အရေး မရခဲ့ပါဘူး။ ဒါပေမဲ့ ပွဲကို

အလှည့်အပြောင်းဖြစ်စေခဲ့တာကတော့ ဘယ်လင် ဂမ်ရဲ့ ခေါင်းတိုက်သွင်းဂိုးဖြစ်ပြီး ပွဲချိန် ၃၅ မိနစ်မှာ လုခ်ရှောရဲ့ ဖြတ်တင်ပေး မှုကတစ်ဆင့် သွင်းယူခဲ့တာပါ။

အဲဒီနောက် ပွဲချိန် ၄၃ မိနစ်မှာ မက်ဂွိုင်းယား ရဲ့ ခေါင်းတိုက် ချပေးမှုကတစ်ဆင့် ဆာကာက ဒုတိယဂိုး သွင်းခဲ့တယ်။ ပထမ ပိုင်းပြီးခါနီးမှာတော့ ဟယ်ရီကိန်းရဲ့ ဖြတ်ပေးမှုကတစ်ဆင့်

စတာလင်းက ပိတ် သွင်းပေးခဲ့လို့ ပထမပိုင်းမှာ အင်္ဂလန်တို့ ၃ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုက ၈၀ အထိ အသာရခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စတော့လည်း အာဆင်နယ်

တောင်ပံကစားသမား ဆာကာကပဲ နောက်ခံလူတွေကို လိမ်ခေါက်လှည့်ဖြားပြီး ၄ ဂိုးမြောက် သွင်းဂိုးကို သွင်းယူခဲ့တာပါ။ ပွဲချိန် ၆၅ မိနစ်မှာ အီရန်အတွက် ချေပဂိုးကို

တာရီမီက သွင်းယူနိုင်ခဲ့ပေမဲ့ ဆောက်ဂိတ် ရဲ့ အသင်းကသာ ပွဲကို ဆက်လက်ဦးဆောင်ခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာ လူစား ဝင်လာတဲ့ ရက်ရှ်ဖို့ဒ်က ချက်ချင်းပဲ ဂိုးသွင်းခဲ့ပါတယ်။

၈၉ မိနစ်မှာ တန်ပြန် တိုက်စစ်ကတစ်ဆင့် ဝီလ်ဆင် ဘောလုံးရသွားပြီး ဂိုးဖန်တီးပေးလို့ ဂရီလစ်ရှ်က ၆ ဂိုးမြောက် သွင်းဂိုးကို ရယူခဲ့တာပါ။ အီရန်အတွက် ဒုတိယ ချေပဂိုးကိုတော့

ပွဲချိန် ၉၀+၁၃ မိနစ်မှာ တာရီမီကပဲ ပင်နယ်တီကတစ်ဆင့် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဂိုးကွာခြားချက် ကြီးကြီးမားမားနဲ့ အနိုင်ရခဲ့ တာကြောင့် အင်္ဂလန်ဟာ

နောက်ပွဲမှာ သရေတစ်မှတ်ရရုံနဲ့တင် နောက်တစ် ဆင့်ကို တက်နိုင်ဖို့အတွက် မျှော်လင့်ချက်ရှိကောင်း ရှိနိုင်တဲ့ အနေအထားကို ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

(Zawgyi)

အီရန္ကို ဂိုးဒါဇင္ဝက္သြင္းၿပီး ေနာက္တစ္ဆင့္တက္ဖို႔ အေရာင္လက္သြားခဲ့တဲ့ အဂၤလန္

တနလၤာညဦးပိုင္းမွာ အုပ္စု (B)ရဲ႕ အဖြင့္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အဂၤလန္နဲ႔ အီရန္တို႔ရဲ႕ ပြဲစဥ္မွာေတာ့ နည္းျပေဆာက္ဂိတ္ရဲ႕အသင္းဟာ အီရန္ကို ဂိုးဒါဇင္ဝက္သြင္းၿပီး အုပ္စု

ထိပ္ဆုံးေနရာကို ဦးေဆာင္ခဲ့ၿပီျဖစ္ပါ တယ္။ အဂၤလန္ကို ဂိုးမေပးခ်င္ဖို႔ အဓိက ဦးစားေပး ကစားသြားခဲ့တဲ့ မန္ယူ လက္ေထာက္နည္းျပေဟာင္း ကားလို႔စ္ကြီေရာ့ဇ္ရဲ႕ အသင္းဟာ

ခံစစ္ကို ဦး စားေပးခဲ့တာေၾကာင့္ အဂၤလန္ဟာ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးရေပမဲ့ ပြဲခ်ိန္ ၁၅ မိနစ္ ေက်ာ္လာသည္အထိ အပိုင္ဂိုးကန္သြင္းခြင့္ တစ္ႀကိမ္မွ မဖန္တီးႏိုင္ ခဲ့ပါဘူး။ ပြဲခ်ိန္ မိနစ္ ၂၀

ေက်ာ္လာတဲ့အခ်ိန္မွာလည္းပဲ ဆာကာရဲ႕ ဂိုးေပါက္တည့္ ကန္သြင္းခြင့္တစ္ႀကိမ္ကလြဲၿပီး အဂၤလန္ကို အပိုင္အခြင့္အေရး မရခဲ့ပါဘူး။ ဒါေပမဲ့ ပြဲကို အလွည့္အေျပာင္းျဖစ္ေစခဲ့တာကေတာ့

ဘယ္လင္ ဂမ္ရဲ႕ ေခါင္းတိုက္သြင္းဂိုးျဖစ္ၿပီး ပြဲခ်ိန္ ၃၅ မိနစ္မွာ လုခ္ေရွာရဲ႕ ျဖတ္တင္ေပး မႈကတစ္ဆင့္ သြင္းယူခဲ့တာပါ။ အဲဒီေနာက္ ပြဲခ်ိန္ ၄၃ မိနစ္မွာ မက္ဂြိဳင္းယား ရဲ႕ ေခါင္းတိုက္

ခ်ေပးမႈကတစ္ဆင့္ ဆာကာက ဒုတိယဂိုး သြင္းခဲ့တယ္။ ပထမ ပိုင္းၿပီးခါနီးမွာေတာ့ ဟယ္ရီကိန္းရဲ႕ ျဖတ္ေပးမႈကတစ္ဆင့္ စတာလင္းက ပိတ္ သြင္းေပးခဲ့လို႔ ပထမပိုင္းမွာ

အဂၤလန္တို႔ ၃ ဂိုးျပတ္ဦးေဆာင္ႏိုင္ခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈက ၈၀ အထိ အသာရခဲ့ပါတယ္။ ဒုတိယပိုင္း ျပန္စေတာ့ လည္း အာဆင္နယ္ ေတာင္ပံကစားသမား ဆာကာကပဲ ေနာက္ခံလူေတြကို

လိမ္ေခါက္လွည့္ျဖားၿပီး ၄ ဂိုးေျမာက္ သြင္းဂိုးကို သြင္းယူခဲ့တာပါ။ ပြဲခ်ိန္ ၆၅ မိနစ္မွာ အီရန္အတြက္ ေခ်ပဂိုးကို တာရီမီက သြင္းယူႏိုင္ခဲ့ေပမဲ့ ေဆာက္ဂိတ္ ရဲ႕ အသင္းကသာ ပြဲကို

ဆက္လက္ဦးေဆာင္ခဲ့ၿပီး ပြဲခ်ိန္ ၇၁ မိနစ္မွာ လူစား ဝင္လာတဲ့ ရက္ရွ္ဖို႔ဒ္က ခ်က္ခ်င္းပဲ ဂိုးသြင္းခဲ့ပါတယ္။ ၈၉ မိနစ္မွာ တန္ျပန္ တိုက္စစ္ကတစ္ဆင့္ ဝီလ္ဆင္ ေဘာလုံးရသြားၿပီး ဂိုးဖန္တီးေပးလို႔

ဂရီလစ္ရွ္က ၆ ဂိုးေျမာက္ သြင္းဂိုးကို ရယူခဲ့တာပါ။ အီရန္အတြက္ ဒုတိယ ေခ် ပဂိုးကိုေတာ့ ပြဲခ်ိန္ ၉၀+၁၃ မိနစ္မွာ တာရီမီကပဲ ပင္နယ္တီကတစ္ဆင့္ သြင္း ယူေပးခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ ဂိုးကြာျခားခ်က္ ႀကီးႀကီးမားမားနဲ႔ အႏိုင္ရခဲ့ တာေၾကာင့္ အဂၤလန္ဟာ ေနာက္ပြဲမွာ သေရတစ္မွတ္ရ႐ုံနဲ႔တင္ ေနာက္တစ္ ဆင့္ကို တက္ႏိုင္ဖို႔အတြက္ ေမွ်ာ္လင့္ခ်က္ရွိေကာင္း

ရွိႏိုင္တဲ့ အေနအထားကို ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။