အီရန်ကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေတားမြစ်သင့်တယ်လို့ ဆပ်ဘလတ္တာ ယုံကြည်

ဖီဖာဥက္ကဌဟောင်းဆပ်ဘလတ္တာက နိုင်ငံအတွင်းလူ့အခွင့်အရေးဆိုင်ရာဆန္ဒဖော်ထုတ်ပွဲတွေ ရှိနေတဲ့အတွက် အီရန်ကိုကမ္ဘာ့ဖလားပြိုင်ပွဲက နေတားမြစ်သင့်တယ်လို့ ယုံကြည်နေပါတယ်။

အီရန်သမ္မတနိုင်ငံမှာ အမျိုးသမီးတစ်ဦးဖြစ်တဲ့ အမီနီအချုပ်ခန်းအတွင်းသေဆုံးခဲ့ပြီးနောက် ဒေသတွင်းဆူပူမှုတွေရှိနေပြီး ကစားနဲ့ပတ်သတ်သူအားလုံးဟာ ဒီကိစ္စကို

ကမ္ဘာသိချပြဖို့ကြိုးစားခဲ့ကြတာဖြစ်တယ်။ တိုင်းပြည်အတွင်းအမျိုးသမီးတွေနဲ့ပတ်သတ်လို့ တင်းကျပ်လွန်းတဲ့စည်းကမ်းတွေနဲ့ ပတ်သတ်ပြီးရက်သတ္တပတ်ကြာ ဆန္ဒဖော်ထုတ်မှုတွေပြုလုပ်ခဲ့ကြပြီးနောက်

အီရန်ကိုကမ္ဘာ့ဖလားပြိုင်ပွဲကနေ တားမြစ်သွားသင့်တယ်လို့ ဖီဖာဥက္ကဌဟောင်းက လက်ခံလာတာဖြစ်တယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း ဒီကိစ္စကိုသတ္တိရှိရှိလုပ်ဆောင်သင့်တယ်လို့

ဘလတ္တာကတိုက်တွန်းခဲ့ပါတယ်။ ဆွစ်ဇာလန်ရုပ်သံ Blick နဲ့တွေ့ဆုံမှုမှ သတင်းထောက်တစ်ဦးက ဆပ်ဘလတ္တာကို “တကယ်လို့ ခင်ဗျားသာဖီဖာဥက္ကဌဖြစ်နေမယ်ဆိုရင် ယူကရိန်းကိုကျူးကျော်ဖို့အတွက်

ရုရှားကိုကူညီပေးနေပြီး လမ်းမတွေပေါ်မှာအမျိုးသမီးငယ်တွေကိုအကြမ်းဖက်နေတဲ့ အီရန်ကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ခွင့်ပြုမှာလား” လို့မေးမြန်းခဲ့ရာမှာတော့ ဘလတ္တာက “ဟင့်အင်း” လို့

အဖြေပြန်ပေးခဲ့ပါတယ်။ ဆက်လက်ပြီး ဘလတ္တာက “သူ(လက်ရှိဖီဖာဥက္ကဌအင်ဖန်တီနို)ဟာ အခြေခံအဆောက်အအုံတွေတည်ဆောက်ရာမှာ 6သဆုံးသွားတဲ့အလုပ်သမားတွေအတွက်

ကာတာနဲ့လက်တွဲပြီးရန်ပုံငွေဖန်တီးရာမှာ အခက်အခဲရှိနေပါပြီ။ ဒီကိစ္စကို ဖီဖာအဖွဲ့ဝင်တစ်ယောက်အနေနဲ့ သတ္တိရှိရှိလုပ်ဆောင်သင့်ပါတယ်။ ဒါပေမဲ့ အင်ဖန်တီနိုဟာ

သတင်းထောက်တွေကို အဖြေပေးဖို့အတွက်တောင် သတ္တိမရှိပါဘူး” လို့ ဆိုခဲ့ပါတယ်။ ဆပ်ဘလတ္တာဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာလည်း

ကာတာကို ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခွင့်ပေးခဲ့တာ မှားတယ်လို့ ဆိုထားပါတယ်။

(Zawgyi)

အီရန္ကို ကမာၻ႔ဖလားၿပိဳင္ပြဲကေနတားျမစ္သင့္တယ္လို႔ ဆပ္ဘလတၱာ ယုံၾကည္

ဖီဖာဥကၠဌေဟာင္းဆပ္ဘလတၱာက ႏိုင္ငံအတြင္းလူ႔အခြင့္အေရးဆိုင္ရာဆႏၵေဖာ္ထုတ္ပြဲေတြ ရွိေနတဲ့အတြက္ အီရန္ကိုကမာၻ႔ဖလားၿပိဳင္ပြဲကေနတားျမစ္သင့္တယ္လို႔ ယုံၾကည္ေနပါတယ္။

အီရန္သမၼတႏိုင္ငံမွာ အမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ အမီနီအခ်ဳပ္ခန္းအတြင္းေသဆုံးခဲ့ၿပီးေနာက္ ေဒသတြင္းဆူပူမႈေတြရွိေနၿပီး ကစားနဲ႔ပတ္သတ္သူအားလုံးဟာ ဒီကိစၥကို

ကမာၻသိခ်ျပဖို႔ႀကိဳးစားခဲ့ၾကတာျဖစ္တယ္။ တိုင္းျပည္အတြင္းအမ်ိဳးသမီးေတြနဲ႔ပတ္သတ္လို႔ တင္းက်ပ္လြန္းတဲ့စည္းကမ္းေတြနဲ႔ပတ္သတ္ၿပီးရက္သတၱပတ္ၾကာဆႏၵေဖာ္ထုတ္မႈေတြျပဳလုပ္ခဲ့ၾကၿပီးေနာက္

အီရန္ကိုကမာၻ႔ဖလားၿပိဳင္ပြဲကေန တားျမစ္သြားသင့္တယ္လို႔ ဖီဖာဥကၠဌေဟာင္းက လက္ခံလာတာျဖစ္တယ္။ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔လည္း ဒီကိစၥကိုသတၱိရွိရွိလုပ္ေဆာင္သင့္တယ္လို႔

ဘလတၱာကတိုက္တြန္းခဲ့ပါတယ္။ ဆြစ္ဇာလန္႐ုပ္သံ Blick နဲ႔ေတြ႕ဆုံမႈမွ သတင္းေထာက္တစ္ဦးက ဆပ္ဘလတၱာကို “တကယ္လို႔ ခင္ဗ်ားသာဖီဖာဥကၠဌျဖစ္ေနမယ္ဆိုရင္ ယူကရိန္းကိုတိုက္ခိုက္ဖို႔အတြက္

႐ုရွားကိုလက္နက္ေတြေပးပို႔ေနၿပီး လမ္းမေတြေပၚမွာအမ်ိဳးသမီးငယ္ေတြကိုသတ္ျဖတ္ေနတဲ့ အီရန္ကို ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ခြင့္ျပဳမွာလား” လို႔ေမးျမန္းခဲ့ရာမွာေတာ့

ဘလတၱာက “ႏိုး” လို႔ အေျဖျပန္ေပးခဲ့ပါတယ္။ ဆက္လက္ၿပီး ဘလတၱာက “သူ(လက္ရွိဖီဖာဥကၠဌအင္ဖန္တီႏို)ဟာ အေျခခံအေဆာက္အအုံေတြတည္ေဆာက္ရာမွာ ေသဆုံးသြားတဲ့အလုပ္သမားေတြအတြက္

ကာတာနဲ႔လက္တြဲၿပီးရန္ပုံေငြဖန္တီးရာမွာ အခက္အခဲရွိေနပါၿပီ။ ဒီကိစၥကို ဖီဖာအဖြဲ႕ဝင္တစ္ေယာက္အေနနဲ႔ သတၱိရွိရွိလုပ္ေဆာင္သင့္ပါတယ္။ ဒါေပမဲ့

အင္ဖန္တီႏိုဟာ သတင္းေထာက္ေတြကိုအေျဖေပးဖို႔အတြက္ေတာင္ သတၱိမရွိပါဘူး” လို႔ ဆိုခဲ့ပါတယ္။ ဆပ္ဘလတၱာဟာ ၿပီးခဲ့တဲ့ရက္သတၱပါတ္အတြင္းမွာလည္း

ကာတာကိုကမာၻ႔ဖလားအိမ္ရွင္ျဖစ္ခြင့္ေပးခဲ့တာမွားတယ္လို႔ ဆိုထားပါတယ္။