အီရန်ကို ကမ္ဘာ့ဖလားပြိုင်ပွဲကစားခွင့်မပေးဖို့ ယူကရိန်းဘက်က တောင်းဆိုလာပြီ

ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုကို တစ်ဖက်လှည့်နဲ့ ကူညီပေးနေတဲ့ အီရန်နိုင်ငံရဲ့ လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကနေ ထုတ်ပစ်ဖို့ ယူကရိန်းဘောလုံးအသိုင်းအဝိုင်းက တောင်းဆိုမှုတွေ ရှိလာနေပြီ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ အချက်အချာကျတဲ့ မြို့ကြီးတွေအပေါ် ရုရှားရဲ့ ခါမီခါဇီ ဒရုန်းယာဉ်တွေရဲ့ တိုက်ခိုက်မှုဟာ အီရန်ရဲ့ တစ်ဖက်လှည့်နဲ့

ကူညီပေးနမှုကြောင့်ဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက အတိအလင်း ထုတ်ပြောထားပြီးဖြစ်ပါတယ်။

နောက်ပြီး အီရန်ဟာ လက်ရှိအချိန်မှာ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရတဲ့နိုင်ငံဖြစ်ပြီး အခု လအစောပိုင်းမှာ အီရန်ရဲတပ်ဖွဲ့ အကျဉ်းထောင်ထဲမှာ

အသက် ၂၂ နှစ်အ ရွယ် မာရှာအာမီနီဆိုတဲ့ အမျိုးသမီးငယ်တစ်ယောက် သေဆုံးခဲ့မှုနဲ့ ပတ်သက် လို့ အမျိုးသမီးထုတစ်ရပ်လုံးက ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်။

ဒါ့အပြင် ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုကို အီရန်က တစ်ဖက်လှည့်နဲ့ ကူညီပေး နေတဲ့နိုင်ငံဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲထားပြီး

ခါမီခါဇီဒရုန်းယာဉ်တွေ၊ ဒုံးကျည်တွေကို ကူညီထောက်ပံ့ပေးနေတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ရှက်တာဒိုးနက်အသင်း အမှုဆောင်အရာရှိချုပ် ပယ်လ်ကင်ကလည်း အီရန်ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေချခွင့်ရဖို့ ထိုက်တန်တဲ့အသင်းမဟုတ်တဲ့အတွက်

ထုတ်ပယ်ပေးဖို့ ဖီဖာကို တောင်းဆိုလိုက်ပြီး ယူကရိန်းသာ ထိုက်တန်မှုရှိတဲ့အသင်းဖြစ်တယ်လို့ တွစ်တာကတစ်ဆင့် ပြောဆိုခဲ့ပါတယ်။

‘’အီရန်ရဲ့ ခေါင်းဆောင်တွေက သူတို့ရဲ့ လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားနေတာကို ပျော်ပျော်ရွှင်ရွှင်နဲ့ စောင့်ကြည့်နေချိန်မှာ ယူကရိန်းနိုင်ငံသားတွေက အီရန်ရဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်သတ်တာကို ခံနေရမှာပါ။

ယူကရိန်းရဲ့ ငြိမ်းချမ်းသာယာဝပြောတဲ့ မြို့တွေကို အီရန်ရဲ့ တိုက်ခိုက်ရေးဒရုန်းယာဉ် ၂၅၀ လောက်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးပါပြီ’’ လို့ ပယ်လ်ကင်က ရှက်တာဒိုးနက်အသင်းရဲ့ တွစ်တာစာမျက်နှာကနေ တစ်ဆင့်ရေးသားဖော်ပြခဲ့ပါတယ်။

နောက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားဖို့အတွက် ယူကရိန်းပဲ ထိုက်တန်မှုရှိပြီး အီရန်အနေနဲ့ ခြေချခွင့်တောင် မရသင့်ဘူးလို့ ရှက်တာဒိုးနက်အသင်း ကလည်း ထုတ်ပြန်ထားပါတယ်။

(Zawgyi)

အီရန္ကို ကမာၻ႔ဖလားၿပိဳင္ပြဲကစားခြင့္မေပးဖို႔ ယူကရိန္းဘက္က ေတာင္းဆိုလာၿပီ

ယူကရိန္းအေပၚ ႐ုရွားရဲ႕ က်ဴးေက်ာ္မႈကို တစ္ဖက္လွည့္နဲ႔ ကူညီေပးေနတဲ့ အီရန္ႏိုင္ငံရဲ႕ လက္ေ႐ြးစင္အသင္းကို ကမာၻ႔ဖလားေဘာလုံးၿပိဳင္ပြဲကေန ထုတ္ပစ္ဖို႔ ယူကရိန္းေဘာလုံးအသိုင္းအဝိုင္းက ေတာင္းဆိုမႈေတြ ရွိလာေနၿပီ ျဖစ္ပါတယ္။

ယူကရိန္းႏိုင္ငံရဲ႕ အခ်က္အခ်ာက်တဲ့ ၿမိဳ႕ႀကီးေတြအေပၚ ႐ုရွားရဲ႕ ခါမီခါဇီ ဒ႐ုန္းယာဥ္ေတြရဲ႕ တိုက္ခိုက္မႈဟာ အီရန္ရဲ႕ တစ္ဖက္လွည့္နဲ႔

ကူညီ ေပးနမႈေၾကာင့္ျဖစ္တယ္လို႔ ၿဗိတိန္ကာကြယ္ေရး ဝန္ႀကီးဌာနက အတိအလင္း ထုတ္ေျပာထားၿပီးျဖစ္ပါတယ္။

ေနာက္ၿပီး အီရန္ဟာ လက္ရွိအခ်ိန္မွာ လူ႔အခြင့္အေရးဆိုင္ရာ ျပႆနာေတြနဲ႔လည္း ရင္ဆိုင္ေနရတဲ့ႏိုင္ငံျဖစ္ၿပီး အခု လအေစာပိုင္းမွာ အီရန္ရဲတပ္ဖြဲ႕

အက်ဥ္းေထာင္ထဲမွာ အသက္ ၂၂ ႏွစ္အ ႐ြယ္ မာရွာအာမီနီဆိုတဲ့ အမ်ိဳးသမီးငယ္တစ္ေယာက္ ေသဆုံးခဲ့မႈနဲ႔ ပတ္သက္ လို႔ အမ်ိဳးသမီးထုတစ္ရပ္လုံးက ဆႏၵျပပြဲေတြ ဆင္ႏႊဲခဲ့ၾကပါတယ္။

ဒါ့အျပင္ ယူကရိန္းအေပၚ ႐ုရွားရဲ႕ က်ဴးေက်ာ္မႈကို အီရန္က တစ္ဖက္လွည့္နဲ႔ ကူညီေပး ေနတဲ့ႏိုင္ငံျဖစ္တယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက စြပ္စြဲထားၿပီး ခါမီ ခါဇီဒ႐ုန္းယာဥ္ေတြ၊ ဒုံးက်ည္ေတြကို ကူညီေထာက္ပံ့ေပးေနတာျဖစ္တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

တစ္ဆက္တည္းမွာပဲ ရွက္တာဒိုးနက္အသင္း အမႈေဆာင္အရာရွိခ်ဳပ္ ပယ္လ္ကင္ကလည္း အီရန္ေဘာလုံးအသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေျခခ်ခြင့္ရဖို႔ ထိုက္တန္တဲ့အသင္းမဟုတ္တဲ့အတြက္ ထုတ္ပယ္ေပးဖို႔ ဖီဖာကို ေတာင္းဆိုလိုက္ၿပီး ယူကရိန္းသာ ထိုက္တန္မႈရွိတဲ့အသင္းျဖစ္တယ္လို႔ တြစ္တာကတစ္ဆင့္ ေျပာဆိုခဲ့ပါတယ္။

‘’အီရန္ရဲ႕ ေခါင္းေဆာင္ေတြက သူတို႔ရဲ႕ လက္ေ႐ြးစင္အသင္း ကမာၻ႔ဖလားၿပိဳင္ပြဲ ကစားေနတာကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေစာင့္ၾကည့္ေနခ်ိန္မွာ ယူကရိန္းႏိုင္ငံသားေတြက အီရန္ရဲ႕ ဒ႐ုန္းေတြ၊ ဒုံးက်ည္ေတြနဲ႔ ပစ္သတ္တာကို ခံေနရမွာပါ။

ယူကရိန္းရဲ႕ ၿငိမ္းခ်မ္းသာယာဝေျပာတဲ့ ၿမိဳ႕ေတြကို အီရန္ရဲ႕ တိုက္ခိုက္ေရးဒ႐ုန္းယာဥ္ ၂၅၀ ေလာက္က ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးပါၿပီ’’ လို႔ ပယ္လ္ကင္က ရွက္တာဒိုးနက္အသင္းရဲ႕ တြစ္တာစာမ်က္ႏွာကေန တစ္ဆင့္ေရးသားေဖာ္ျပခဲ့ပါတယ္။

ေနာက္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲ ကစားဖို႔အတြက္ ယူကရိန္းပဲ ထိုက္တန္မႈရွိၿပီး အီရန္အေနနဲ႔ ေျခခ်ခြင့္ေတာင္ မရသင့္ဘူးလို႔ ရွက္တာဒိုးနက္အသင္း ကလည္း ထုတ္ျပန္ထားပါတယ္။