
ယူနိုက်တက်အနေနဲ့ ပထမအကျော့အီတီဟတ်မှာကစားခဲ့တဲ့





အချိုးအတိုင်းဆိုရင်တော့ လာမယ့်စနေညပွဲမှာ မန်စီးတီးကို
အနိုင်ရမှာမဟုတ်ဘူးလို့ တန်ဟတ်က သတိပေးလိုက်ပါတယ်။





မန်စီးတီးနဲ့တွေ့ဆုံခဲ့တဲ့ နောက်ပိုင်းပွဲစဉ်တွေကိုထောက်ပြခဲ့တဲ့
တန်ဟတ်ရဲ့ဆွေးနွေးမှုက အလွဲအမှားမရှိခဲ့ပါဘူး။ ပထမအကျော့
အီတီဟတ်မှာ မန်စီးတီးကမြို့ခံပြိုင်ဘက်ကို ဟာလန်း၊ ဖိုဒန်တို့ရဲ့





ဟက်ထရစ်ဂိုးတွေနဲ့အတူ ၆-၃ နဲ့အလဲထိုးပြီး ပထမပိုင်းမှာတင်
၄ဂိုး ပြတ်ဦးဆောင်နိုင်ခဲ့တာဖြစ်တယ်။ လက်ရှိမှာ ယူနိုက်တက်က





ဆောင်းရာသီအားလပ်ရက်အပြီး ပြိုင်ပွဲစုံ ၆ပွဲ ဆက်အနိုင်ရရှိမှုနဲ့အတူ
၃လကျော် အကြာမှာ မန်စီးတီးကို အိုးလ်ထရက်ဖို့ဒ်ကွင်းထဲ
လက်ခံယှဉ်ပြိုင်ရမှာပါ။ မန်စီးတီးဟာ ဇယားထိပ်ဆုံးက





အာဆင်နယ်ကိုမျကခြေမပြတ်ဖို့အတွက် ၃မှတ် လိုအပ်နေတာ
ဖြစ်တယ်။ ဒါ့အပြင် ကာရာဘောင်းဖလားကွာတားဖိုင်နယ်မှာ





ဆောက်သမ်တန်ကိုမထင်မှတ်ဘဲရှုံးနိမ့်ခဲ့တာကြောင့် ဂွါဒီယိုလာရဲ့
အသင်းဟာ မန်ချက်စတာဒါဘီမှာ ဒီအရှုံးကိုကုစားဖို့အပြင်းအထန်
ကြိုးစားလာပါလိမ့်မယ်။ talkSPORT နဲ့တွေ့ဆုံမှုမှာ တန်ဟတ်က





“ကျွန်တော်ကတော့ အသင်းတိုင်းနဲ့ယှဉ်ပြိုင်နိုင်မယ်လို့ထင်တယ်၊
ဒါပေမဲ့ မန်စီးတီးအကောင်းဆုံးအချိန်မှာ သူတို့ဟာ လူတိုင်းအတွက်
ခက်ခဲတဲ့ပြိုင်ဘက်ဆိုတာသိသာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့





အကောင်းဆုံးကစားပြီး အခွင့်အရေးတစ်ခုရအောင်ယူမှာပါ။
မန်စီးတီးကို ၆-၃ ဂိုးနဲ့ရှုံးခဲ့တဲ့ ပုံစံအတိုင်းကစားရင်တော့





အခွင့်အရေးမရှိပါဘူး။ ဒါကြောင့် အသင်းကောင်းတစ်သင်း၊
မှန်ကန်တဲ့ပူးပေါင်းဆောင်ရွက်မှု၊ ကွင်းထဲမှာမှန်ကန်တဲ့
သဘောထားရှိဖို့၊ အထူးသဖြင့်တော့ သဘောထားအကြောင်းပြောရင်





ကျွန်တော်တို့အပေါ်မှာပဲမူတည်တယ်။ အနိုင်ရရမယ်ဆိုတဲ့
ပုံစံမျိုး သဘောထားကြီးရမယ်။ စနေနေ့မှာတော့





ကျွန်တော်တို့ ဒါကိုလိုအပ်တယ်” လို့ သတိပေးပြောဆိုခဲ့ပါတယ်။
zawgyi
အီတီဟတ္မွာကစားခဲ့တဲ့အခ်ိဳးအတိုင္းဆိုရင္ မန္စီးတီးကိုအႏိုင္ရဖို႔ အခြင့္အေရးမရွိဘူးလို႔ တန္ဟတ္ သတိေပး





ယူႏိုက္တက္အေနနဲ႔ ပထမအေက်ာ့အီတီဟတ္မွာကစားခဲ့တဲ့
အခ်ိဳးအတိုင္းဆိုရင္ေတာ့ လာမယ့္စေနညပြဲမွာ မန္စီးတီးကို





အႏိုင္ရမွာမဟုတ္ဘူးလို႔ တန္ဟတ္က သတိေပးလိုက္ပါတယ္။
မန္စီးတီးနဲ႔ေတြ႕ဆုံခဲ့တဲ့ ေနာက္ပိုင္းပြဲစဥ္ေတြကိုေထာက္ျပခဲ့တဲ့
တန္ဟတ္ရဲ႕ေဆြးေႏြးမႈက အလြဲအမွားမရွိခဲ့ပါဘူး။ ပထမအေက်ာ့





အီတီဟတ္မွာ မန္စီးတီးကၿမိဳ႕ခံၿပိဳင္ဘက္ကို ဟာလန္း၊ ဖိုဒန္တို႔ရဲ႕
ဟက္ထရစ္ဂိုးေတြနဲ႔အတူ ၆-၃ နဲ႔အလဲထိုးၿပီး ပထမပိုင္းမွာတင္





၄ဂိုး ျပတ္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္တယ္။ လက္ရွိမွာ ယူႏိုက္တက္က
ေဆာင္းရာသီအားလပ္ရက္အၿပီး ၿပိဳင္ပြဲစုံ ၆ပြဲ ဆက္အႏိုင္ရရွိမႈနဲ႔အတူ
၃လေက်ာ္ အၾကာမွာ မန္စီးတီးကို အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲ





လက္ခံယွဥ္ၿပိဳင္ရမွာပါ။ မန္စီးတီးဟာ ဇယားထိပ္ဆုံးက
အာဆင္နယ္ကိုမ်ကေျခမျပတ္ဖို႔အတြက္ ၃မွတ္ လိုအပ္ေနတာ





ျဖစ္တယ္။ ဒါ့အျပင္ ကာရာေဘာင္းဖလားကြာတားဖိုင္နယ္မွာ
ေဆာက္သမ္တန္ကိုမထင္မွတ္ဘဲရႈံးနိမ့္ခဲ့တာေၾကာင့္ ဂြါဒီယိုလာရဲ႕
အသင္းဟာ မန္ခ်က္စတာဒါဘီမွာ ဒီအရႈံးကိုကုစားဖို႔အျပင္းအထန္





ႀကိဳးစားလာပါလိမ့္မယ္။ talkSPORT နဲ႔ေတြ႕ဆုံမႈမွာ တန္ဟတ္က
“ကြၽန္ေတာ္ကေတာ့ အသင္းတိုင္းနဲ႔ယွဥ္ၿပိဳင္ႏိုင္မယ္လို႔ထင္တယ္၊
ဒါေပမဲ့ မန္စီးတီးအေကာင္းဆုံးအခ်ိန္မွာ သူတို႔ဟာ လူတိုင္းအတြက္





ခက္ခဲတဲ့ၿပိဳင္ဘက္ဆိုတာသိသာပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔
အေကာင္းဆုံးကစားၿပီး အခြင့္အေရးတစ္ခုရေအာင္ယူမွာပါ။





မန္စီးတီးကို ၆-၃ ဂိုးနဲ႔ရႈံးခဲ့တဲ့ ပုံစံအတိုင္းကစားရင္ေတာ့
အခြင့္အေရးမရွိပါဘူး။ ဒါေၾကာင့္ အသင္းေကာင္းတစ္သင္း၊
မွန္ကန္တဲ့ပူးေပါင္းေဆာင္႐ြက္မႈ၊ ကြင္းထဲမွာမွန္ကန္တဲ့





သေဘာထားရွိဖို႔၊ အထူးသျဖင့္ေတာ့ သေဘာထားအေၾကာင္းေျပာရင္
ကြၽန္ေတာ္တို႔အေပၚမွာပဲမူတည္တယ္။ အႏိုင္ရရမယ္ဆိုတဲ့





ပုံစံမ်ိဳး သေဘာထားႀကီးရမယ္။ စေနေန႔မွာေတာ့
ကြၽန္ေတာ္တို႔ ဒါကိုလိုအပ္တယ္” လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။