အီတလီအသင်းဟာ ၁၉၅၈ ခုနှစ်တုန်းကလို ကြမ္မာဆိုးနဲ့ ပြန်လည်ရင်မဆိုင်ရအောင် ကြိုးစားရမှာဖြစ်

ဥရောပထိပ်သီးအီတလီအသင်းဟာ ဒီနေ့ည(မြန်မာစံတော်ချိန် အင်္ဂါမနက် ၂:၁၅)မှာ

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲစဉ်အဖြစ် မြောက်အိုင်ယာလန်အသင်းနဲ့

အဝေးကွင်းပွဲယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အီတလီအသင်းအနေနဲ့

အုပ်စုတွင်း(၇)ပွဲကစားပြီးချိန်မှာ ဒုတိယနေရာက ဆွစ်ဇာလန်နဲ့(၁၅)မှတ်ချင်း

တူညီနေပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ နောက်ဆုံးပွဲအထိအဆုံးအဖြတ်ခံရမှာပါ။

ပြီးခဲ့တဲ့ ဆွစ်ဇာလန်နဲ့အိမ်ကွင်းပွဲမှာ ကွင်းလယ်လူဂျော်ဂျင်ဟို နိုင်ပွဲရဖို့

အပိုင်အခွင့်အရေးဖြစ်တဲ့ ပယ်နယ်တီလွဲချော်ခဲ့တာကြောင့် အီတလီအသင်း

လက်ကျန်ပွဲမတိုင်ခင် တိုက်ရိုက်ခြေစစ်ပွဲအောင်မယ့်အခွင့်အရေးကို

လက်လွှတ်ခဲ့ရသလို မြောက်အိုင်ယာလန်ကို မဖြစ်မနေအနိုင်ကစားရတော့မှာ

ဖြစ်ပါတယ်။ အီတလီအသင်းက ဂိုးကွာခြားချက်မှာ ဆွစ်ဇာလန်အသင်ကို

အသာရထားတာကြောင့် နိုင်ပွဲရရင် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပေမယ့်

၁၉၅၈ ခုနှစ်တုန်းကလို ကြမ္မာဆိုးနဲ့ ပြန်လည်ရင်မဆိုင်ရအောင် ကြိုးစားရမှာ

ဖြစ်ပါတယ်။ ၁၉၅၈ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲအဖြစ် မြောက်အိုင်ယာလန်နဲ့

အီတလီအသင်းတို့ဆုံတွေ့ခဲ့ချိန်မှာ မြောက်အိုင်ယာလန်အသင်းက

ကမ္ဘာ့ဖလားချန်ပီယံဟောင်း အီတလီအသင်းကို (၂-၁)ဂိုးနဲ့မထင်မှတ်ဘဲ

အနိုင်ယူခဲ့တာကြောင့် အီတလီအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်ခဲ့ပါဘူး။

၁၉၅၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကို Belfast မြို့မှာကစားခဲ့ရသလို

အခုလာမယ့်ပွဲကလည်း Belfast မြို့က Windsor Park ကွင်းမှာ

ကျင်းပသွားမှာဖြစ်ပါတယ်။ မြောက်အိုင်ယာလန်အသင်းက ခြေစစ်ပွဲကနေ

ထွက်ခဲ့ရပြီဖြစ်ပေမယ့် အီတလီအသင်းကို ဒုက္ခပေးနိုင်ဖို့ကြိုးစားမှာဖြစ်ပြီး

တကယ်လို့ အီတလီအသင်း မထင်မှတ်ဘဲ ရလဒ်ဆိုးရွားပြီးတော့ Play-off

ဝင်ခွင့်သာရမယ်ဆိုရင် ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ကံကြမ္မာဆိုး

တစ်ပတ်ပြန်မလည်လာအောင် ကြိုးစားရဦးမှာပါ။

အီတလီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off အဆင့်မှာ ဆွီဒင်ကို ရှုံးနိမ့်ခဲ့တာကြောင့်

၁၉၅၈ ခုနှစ်နောက်ပိုင်း ပထမဆုံအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်ခဲ့ပါဘူး။

အဲဒါကြောင့် မန်စီနီက “၁၉၅၈ တုန်းကအဖြစ်ဆိုးကို

ကျွန်တော် ကောင်းကောင်းသိထားတာကြောင့် အဲဒီလိုပြန်မဖြစ်ဖို့

မျှော်လင့်ပါတယ်။ တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး

ပြိုင်ဘက်ကို ဖိအားကင်းကင်းနဲ့ရင်ဆိုင်ကစားသွားမှာပါ”လို့ပြောကြားခဲ့ပါတယ်။

zawgyi

အီတလီအသင္းဟာ ၁၉၅၈ ခုႏွစ္တုန္းကလို ၾကမၼာဆိုးနဲ႔ ျပန္လည္ရင္မဆိုင္ရေအာင္ ႀကိဳးစားရမွာျဖစ္

ဥေရာပထိပ္သီးအီတလီအသင္းဟာ ဒီေန႔ည(ျမန္မာစံေတာ္ခ်ိန္ အဂၤါမနက္ ၂:၁၅)မွာ

၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေနာက္ဆုံးပြဲစဥ္အျဖစ္ ေျမာက္အိုင္ယာလန္အသင္းနဲ႔

အေဝးကြင္းပြဲယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ အီတလီအသင္းအေနနဲ႔

အုပ္စုတြင္း(၇)ပြဲကစားၿပီးခ်ိန္မွာ ဒုတိယေနရာက ဆြစ္ဇာလန္နဲ႔(၁၅)မွတ္ခ်င္း

တူညီေနၿပီး တိုက္႐ိုက္ေျခစစ္ပြဲေအာင္ဖို႔ ေနာက္ဆုံးပြဲအထိအဆုံးအျဖတ္ခံရမွာပါ။

ၿပီးခဲ့တဲ့ ဆြစ္ဇာလန္နဲ႔အိမ္ကြင္းပြဲမွာ ကြင္းလယ္လူေဂ်ာ္ဂ်င္ဟို ႏိုင္ပြဲရဖို႔

အပိုင္အခြင့္အေရးျဖစ္တဲ့ ပယ္နယ္တီလြဲေခ်ာ္ခဲ့တာေၾကာင့္ အီတလီအသင္း

လက္က်န္ပြဲမတိုင္ခင္ တိုက္႐ိုက္ေျခစစ္ပြဲေအာင္မယ့္အခြင့္အေရးကို

လက္လႊတ္ခဲ့ရသလို ေျမာက္အိုင္ယာလန္ကို မျဖစ္မေနအႏိုင္ကစားရေတာ့မွာ

ျဖစ္ပါတယ္။ အီတလီအသင္းက ဂိုးကြာျခားခ်က္မွာ ဆြစ္ဇာလန္အသင္ကို

အသာရထားတာေၾကာင့္ ႏိုင္ပြဲရရင္ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္မွာျဖစ္ေပမယ့္

၁၉၅၈ ခုႏွစ္တုန္းကလို ၾကမၼာဆိုးနဲ႔ ျပန္လည္ရင္မဆိုင္ရေအာင္ ႀကိဳးစားရမွာ

ျဖစ္ပါတယ္။ ၁၉၅၈ ကမာၻ႔ဖလားေျခစစ္ပြဲေနာက္ဆုံးပြဲအျဖစ္ ေျမာက္အိုင္ယာလန္နဲ႔

အီတလီအသင္းတို႔ဆုံေတြ႕ခဲ့ခ်ိန္မွာ ေျမာက္အိုင္ယာလန္အသင္းက

ကမာၻ႔ဖလားခ်န္ပီယံေဟာင္း အီတလီအသင္းကို (၂-၁)ဂိုးနဲ႔မထင္မွတ္ဘဲ

အႏိုင္ယူခဲ့တာေၾကာင့္ အီတလီအသင္း ကမာၻ႔ဖလားေျခစစ္ပြဲမေအာင္ျမင္ခဲ့ပါဘူး။

၁၉၅၈ ကမာၻ႔ဖလားေျခစစ္ပြဲကို Belfast ၿမိဳ႕မွာကစားခဲ့ရသလို

အခုလာမယ့္ပြဲကလည္း Belfast ၿမိဳ႕က Windsor Park ကြင္းမွာ

က်င္းပသြားမွာျဖစ္ပါတယ္။ ေျမာက္အိုင္ယာလန္အသင္းက ေျခစစ္ပြဲကေန

ထြက္ခဲ့ရၿပီျဖစ္ေပမယ့္ အီတလီအသင္းကို ဒုကၡေပးႏိုင္ဖို႔ႀကိဳးစားမွာျဖစ္ၿပီး

တကယ္လို႔ အီတလီအသင္း မထင္မွတ္ဘဲ ရလဒ္ဆိုး႐ြားၿပီးေတာ့ Play-off

ဝင္ခြင့္သာရမယ္ဆိုရင္ ၂၀၁၈ ကမာၻ႔ဖလားတုန္းက ကံၾကမၼာဆိုး

တစ္ပတ္ျပန္မလည္လာေအာင္ ႀကိဳးစားရဦးမွာပါ။

အီတလီအသင္းဟာ ၂၀၁၈ ကမာၻ႔ဖလားေျခစစ္ပြဲ Play-off အဆင့္မွာ ဆြီဒင္ကို ရႈံးနိမ့္ခဲ့တာေၾကာင့္

၁၉၅၈ ခုႏွစ္ေနာက္ပိုင္း ပထမဆုံအႀကိမ္အျဖစ္ ကမာၻ႔ဖလားေျခစစ္ပြဲမေအာင္ခဲ့ပါဘူး။

အဲဒါေၾကာင့္ မန္စီနီက “၁၉၅၈ တုန္းကအျဖစ္ဆိုးကို

ကြၽန္ေတာ္ ေကာင္းေကာင္းသိထားတာေၾကာင့္ အဲဒီလိုျပန္မျဖစ္ဖို႔

ေမွ်ာ္လင့္ပါတယ္။ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ဖို႔ ႀကိဳးစားသြားမွာျဖစ္ၿပီး

ၿပိဳင္ဘက္ကို ဖိအားကင္းကင္းနဲ႔ရင္ဆိုင္ကစားသြားမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။