





စီးရီးအေကလပ်စပီဇီယာကြယ်ပွင့် ကီဝီယာကို လန်ဒန်မြို့ကို
ပျံသန်းတော့မယ့် အီတလီလေဆိပ်ကဂျက်လေယာဉ်ပေါ်မှာ





တွေ့ခဲ့တယ်လို့ The Sun သတင်းစာကဖော်ပြခဲ့ပါတယ်။
ဂန်းနားတွေဟာ ပိုလန်နောက်ခံလူကိုအစွန်းတစ်ဖက်ရောက်တဲ့အထိ
စိတ်ဝင်စားနေတယ်လို့သတင်းထွက်ထားတာဖြစ်တယ်။





အာဆင်နယ်နည်းပြအာတီတာဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်
ချန်ပီယံဆုရရှိဖို့အတွက် စိတ်အားထက်သန်နေပြီး ဇန်နဝါရီမှာ





လိုအပ်တဲ့ဖြည့်တင်းမှုတွေကိုဆက်တိုက်ပြုလုပ်နေတာပါ။
ဘရိုက်တန်တိုက်စစ်မှူး ထရိုဆက်ကို ပေါင် ၂၇ သန်းနဲ့ခေါ်ယူခဲ့သလို
လက်ရှိမှာလည်း စပီဇီယာကြယ်ပွင့် ကီဝီယာအတွက်





ပေါင် ၁၇.၅ သန်းနဲ့ သဘောတူခဲ့တာဖြစ်တယ်။
အီတလီနာမည်ကျော်သတင်းထောက် ဂီယန်လူကာဒီ





မာဇီယိုကတော့ ကီဝီယာတစ်ယောက် ပီဆာလေဆိပ်ကနေ
လန်ဒန်ကိုသွားတော့မယ့် ဗီဒီယိုဖိုင်ကိုမျှဝေခဲ့ပါတယ်။
ကစားသမားဟာ လန်ဒန်မြောက်ပိုင်းကလပ်နဲ့သေချာပေါက်





ဆေးစစ်မှုတွေခံယူတော့ဖြစ်သလို ကတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်
ပိုလန်အသင်းလူစာရင်းမှာပါဝင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဟာ





အာဆင်နယ်ကိုသေချာပေါက်ရောက်လာတော့မှာဖြစ်တယ်။
ကီဝီယာဟာ လူငယ်အဆင့်မှာ FK Zeleziarne Podbrezova
အသင်းနဲ့အတူဖြတ်သန်းခဲ့ပြီးနောက် ၂၀၁၉ မှာ ဇီလီနာ





အသင်းဆီကိုပြောင်းရွှေ့ခဲ့သူဖြစ်တယ်။ ၂၀၂၁ မှာတော့
သူ့ကို စပီဇီယာအသင်းက ၄နှစ်စာချုပ်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး





ထိပ်တန်းကလပ်တွေကိုဖမ်းစားနိုင်လောက်တဲ့ ခြေစွမ်းပြ
နိုင်ခဲ့တာပါ။ အီတလီမြေမှာ ၃၇ပွဲ အထိကစားခဲ့သလို
အာဆင်နယ်အသင်းဟာ သူ့ရဲ့တိုးတက်မှုတွေကို





စဉ်ဆက်မပြတ်စောင့်ကြည့်ခဲ့တာဖြစ်တယ်။
zawgyi





အီတလီေလဆိပ္ကေန ဂ်က္ေလယာဥ္နဲ႔ လန္ဒန္ကိုလာၿပီး အာဆင္နယ္နဲ႔စာခ်ဳပ္ေတာ့မယ့္ ကီဝီယာ
စီးရီးေအကလပ္စပီဇီယာၾကယ္ပြင့္ ကီဝီယာကို လန္ဒန္ၿမိဳ႕ကို
ပ်ံသန္းေတာ့မယ့္ အီတလီေလဆိပ္ကဂ်က္ေလယာဥ္ေပၚမွာ





ေတြ႕ခဲ့တယ္လို႔ The Sun သတင္းစာကေဖာ္ျပခဲ့ပါတယ္။
ဂန္းနားေတြဟာ ပိုလန္ေနာက္ခံလူကိုအစြန္းတစ္ဖက္ေရာက္တဲ့အထိ





စိတ္ဝင္စားေနတယ္လို႔သတင္းထြက္ထားတာျဖစ္တယ္။
အာဆင္နယ္နည္းျပအာတီတာဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္
ခ်န္ပီယံဆုရရွိဖို႔အတြက္ စိတ္အားထက္သန္ေနၿပီး ဇန္နဝါရီမွာ





လိုအပ္တဲ့ျဖည့္တင္းမႈေတြကိုဆက္တိုက္ျပဳလုပ္ေနတာပါ။
ဘ႐ိုက္တန္တိုက္စစ္မႉး ထ႐ိုဆက္ကို ေပါင္ ၂၇ သန္းနဲ႔ေခၚယူခဲ့သလို





လက္ရွိမွာလည္း စပီဇီယာၾကယ္ပြင့္ ကီဝီယာအတြက္
ေပါင္ ၁၇.၅ သန္းနဲ႔ သေဘာတူခဲ့တာျဖစ္တယ္။
အီတလီနာမည္ေက်ာ္သတင္းေထာက္ ဂီယန္လူကာဒီ





မာဇီယိုကေတာ့ ကီဝီယာတစ္ေယာက္ ပီဆာေလဆိပ္ကေန
လန္ဒန္ကိုသြားေတာ့မယ့္ ဗီဒီယိုဖိုင္ကိုမွ်ေဝခဲ့ပါတယ္။





ကစားသမားဟာ လန္ဒန္ေျမာက္ပိုင္းကလပ္နဲ႔ေသခ်ာေပါက္
ေဆးစစ္မႈေတြခံယူေတာ့ျဖစ္သလို ကတာကမာၻ႔ဖလားၿပိဳင္ပြဲဝင္
ပိုလန္အသင္းလူစာရင္းမွာပါဝင္ခဲ့တဲ့ ကစားသမားတစ္ေယာက္ဟာ





အာဆင္နယ္ကိုေသခ်ာေပါက္ေရာက္လာေတာ့မွာျဖစ္တယ္။
ကီဝီယာဟာ လူငယ္အဆင့္မွာ FK Zeleziarne Podbrezova





အသင္းနဲ႔အတူျဖတ္သန္းခဲ့ၿပီးေနာက္ ၂၀၁၉ မွာ ဇီလီနာ
အသင္းဆီကိုေျပာင္းေ႐ႊ႕ခဲ့သူျဖစ္တယ္။ ၂၀၂၁ မွာေတာ့
သူ႔ကို စပီဇီယာအသင္းက ၄ႏွစ္စာခ်ဳပ္နဲ႔ေခၚယူခဲ့တာျဖစ္ၿပီး





ထိပ္တန္းကလပ္ေတြကိုဖမ္းစားႏိုင္ေလာက္တဲ့ ေျခစြမ္းျပ
ႏိုင္ခဲ့တာပါ။ အီတလီေျမမွာ ၃၇ပြဲ အထိကစားခဲ့သလို





အာဆင္နယ္အသင္းဟာ သူ႔ရဲ႕တိုးတက္မႈေတြကို
စဥ္ဆက္မျပတ္ေစာင့္ၾကည့္ခဲ့တာျဖစ္တယ္။