အီတလီနဲ့ပွဲမှ ဂျာမနီဂိုးသမား နူအာရဲ့ အမေးဇင်းကာကွယ်မှု

ဂျာမနီအသင်းဂိုးသမား နူအာဟာ

ယမန်နေ့ညက အီတလီကို ၅-၂ ဂိုးနဲ့
အနိုင်ရခဲ့တဲ့နေးရှင်းလိဂ်ပွဲမှာ ပြီးခဲ့တဲ့
နှစ်အနည်းငယ်အတွင်း သူ့ရဲ့အကြီးကျယ်ဆုံး
ကာကွယ်မှုအဖြစ် ဂိုးဝင်တော့မယ်လို့
သေချာပေါက်တွေးထားလို့ရတဲ့အလုံးကို

အလန်းစားမြန်နှုန်းနဲ့ ကာကွယ်သွားပါတယ်။
ဂျာမနီဟာ မိုချင်ဂလာဘတ်မှာ ယူရိုချန်ပီယံကို
ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး ကင်မစ်ရှ်၊ ဂန်ဒိုဂန်၊
မူလာနဲ့ ဗာနာ(၂ဂိုး)တို့က ဂိုးတွေသွင်းယူခဲ့တာပါ။
ဂျာမနီဟာ ၅-၀ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ

ချေပဂိုး ၂ဂိုးပေးခဲ့ရတာဖြစ်ပြီး ဒီပွဲမှာ
ဂိုးသွင်းသူတွေအားလုံးထက် ပိုချီးကျူးခံခဲ့ရတာက
ဂိုးအသွင်းမခံရအောင် ကာကွယ်ခဲ့တဲ့နူအာဖြစ်ပါတယ်။
နူအာဟာ အသင်းက ၃-၀ ဂိုးနဲ့
ဦးဆောင်နေချိန် အီတလီကွင်းလယ်လူ

ဘာရယ်လာရဲ့အပိုင်ပိတ်သွင်းချက်ကို
အံ့အားသင့်ဖွယ် ကာကွယ်ခဲ့တာဖြစ်ပါတယ်။
အင်တာကွင်းလယ်လူ ဘာရယ်လာဟာ
အသင်းဖော်တစ်ဦးရဲ့ အနိမ့်ဘောကန်သွင်းချက်ကို
ဖမ်းထိန်းလိုက်ချိန် ပထမကန်ချက်ကို

ကာကွယ်ဖို့ ပြင်နေတဲ့ နူအာလည်း ဟန်ချက်ပျက်သွားပါတယ်။
အဲဒီမှာ ဘာရယ်လာက ဂိုးသမားမရှိတော့တဲ့
ဂိုးပေါက်ထဲ လျှောထိုးပိတ်သွင်းလိုက်ပေမယ့်
အသက် ၃၆ နှစ်ရှိနေပြီဖြစ်တဲ့ နူအာက
အသက်အရွယ်နဲ့မလိုက်အောင် တစ်ပတ်ပြန်လှည့်ကာ

ဂိုးစည်းပေါ်ကနေ ဘောလုံးကို လက်နဲ့
ပုတ်ထုတ်လိုက်ပါတယ်။
အဲဒီနောက် လဲနေရာကနေ
ချက်ချင်းထကာ ပြန်ပိတ်သွင်းဖို့
ကြိုးစားနေတဲ့ ဘာရယ်လာ မတိုင်ခင်

ဘောလုံးကို တားဆီးလိုက်လို့
ဂျာမနီနောက်ခံလူ ရသွားကာ ရှင်းထုတ်လိုက်နိုင်ပါတယ်။
ဘာရယ်လာ ဘောလုံးတားလိုက်ချိန်မှာ
လူကျွံဘောဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့်
နူအာကတော့ သူ့အလုပ်

သူ အကောင်းဆုံးလုပ်သွားပြီး
လူမှုမီဒီယာမှာ ပရိသတ်တွေက
သူ့ရဲ့ကာကွယ်မှုကို ချီးကျူးနေကြပါတယ်။
”နူအာက သမိုင်းတွင်လောက်တဲ့
ကာကွယ်မှု ပြုလုပ်သွားပါတယ်”

”ဘယ်လိုတောင်များ ကာကွယ်လိုက်တာလဲ။
မန်နူရယ် တံတိုင်းကြီး နူအာ ပေါ့”
”ဒီကာကွယ်မှုအတွက် ပြောစရာ
စကားလုံးတောင်မရှိတော့ပါဘူး။
သူဟာ ၃၆ နှစ်ရှိနေပြီဖြစ်ပေမယ့်

လျင်မြန်ဖျတ်လတ်နေတုန်းပါပဲ”လို့
ပရိသတ်တွေက အသီးသီးချီးကျူးခဲ့ကြပါတယ်။
ဂျာမနီဟာ အဲဒီပွဲအနိုင်ကြောင့်
နေးရှင်းလိဂ် A အုပ်စု C မှာ
ဒုတိယနေရာ ရောက်လာပြီး

စက်တင်ဘာလ ၂၃ ရက်နေ့မှာ
အုပ်စုထိပ်ဆုံးရောက် ဟန်ဂေရီနဲ့
ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဟန်ဂေရီဟာ အင်္ဂလန်ကို အဝေးကွင်းမှာ
ဝ-၄ ဂိုးနဲ့ အံ့အားသင့်ဖွယ်ဂိုးပြတ်

အနိုင်ရခဲ့ပြီး ဂျာမနီအနေနဲ့
နေးရှင်းလိဂ်နောက်ဆုံးပွဲစဉ်အဖြစ်
ဟန်ဂေရီနဲ့ပွဲအပြီး ၃ ရက်အကြာ
ဝင်ဘလေမှာ အိမ်ရှင်အင်္ဂလန်နဲ့
အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။

Zawgyi

အီတလီနဲ႔ပြဲမွ ဂ်ာမနီဂိုးသမား ႏူအာရဲ႕ အေမးဇင္းကာကြယ္မႈ
ဂ်ာမနီအသင္းဂိုးသမား ႏူအာဟာ

ယမန္ေန႔ညက အီတလီကို ၅-၂ ဂိုးနဲ႔
အႏိုင္ရခဲ့တဲ့ေနးရွင္းလိဂ္ပြဲမွာ ၿပီးခဲ့တဲ့
ႏွစ္အနည္းငယ္အတြင္း သူ႕ရဲ႕အႀကီးက်ယ္ဆုံး
ကာကြယ္မႈအျဖစ္ ဂိုး၀င္ေတာ့မယ္လုိ႔
ေသခ်ာေပါက္ေတြးထားလုိ႔ရတဲ့အလုံးကုိ

အလန္းစားျမန္ႏႈန္းနဲ႔ ကာကြယ္သြားပါတယ္။
ဂ်ာမနီဟာ မိုခ်င္ဂလာဘတ္မွာ ယူရိုခ်န္ပီယံကို
ဂိုးျပတ္အႏိုင္ရခဲ့တာျဖစ္ၿပီး ကင္မစ္ရွ္၊ ဂန္ဒိုဂန္၊
မူလာနဲ႔ ဗာနာ(၂ဂိုး)တုိ႔က ဂိုးေတြသြင္းယူခဲ့တာပါ။
ဂ်ာမနီဟာ ၅-၀ ဂုိးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ

ေခ်ပဂိုး ၂ဂိုးေပးခဲ့ရတာျဖစ္ၿပီး ဒီပြဲမွာ
ဂိုးသြင္းသူေတြအားလုံးထက္ ပိုခ်ီးက်ဴးခံခဲ့ရတာက
ဂိုးအသြင္းမခံရေအာင္ ကာကြယ္ခဲ့တဲ့ႏူအာျဖစ္ပါတယ္။
ႏူအာဟာ အသင္းက ၃-၀ ဂိုးနဲ႔
ဦးေဆာင္ေနခ်ိန္ အီတလီကြင္းလယ္လူ

ဘာရယ္လာရဲ႕အပိုင္ပိတ္သြင္းခ်က္ကို
အံ့အားသင့္ဖြယ္ ကာကြယ္ခဲ့တာျဖစ္ပါတယ္။
အင္တာကြင္းလယ္လူ ဘာရယ္လာဟာ
အသင္းေဖာ္တစ္ဦးရဲ႕ အနိမ့္ေဘာကန္သြင္းခ်က္ကို
ဖမ္းထိန္းလုိက္ခ်ိန္ ပထမကန္ခ်က္ကို

ကာကြယ္ဖို႔ ျပင္ေနတဲ့ ႏူအာလည္း ဟန္ခ်က္ပ်က္သြားပါတယ္။
အဲဒီမွာ ဘာရယ္လာက ဂိုးသမားမရွိေတာ့တဲ့
ဂိုးေပါက္ထဲ ေလွ်ာထိုးပိတ္သြင္းလုိက္ေပမယ့္
အသက္ ၃၆ ႏွစ္ရွိေနၿပီျဖစ္တဲ့ ႏူအာက
အသက္အရြယ္နဲ႔မလုိက္ေအာင္ တစ္ပတ္ျပန္လွည့္ကာ

ဂိုးစည္းေပၚကေန ေဘာလုံးကို လက္နဲ႔
ပုတ္ထုတ္လုိက္ပါတယ္။
အဲဒီေနာက္ လဲေနရာကေန
ခ်က္ခ်င္းထကာ ျပန္ပိတ္သြင္းဖို႔
ႀကိဳးစားေနတဲ့ ဘာရယ္လာ မတိုင္ခင္

ေဘာလုံးကို တားဆီးလုိက္လုိ႔
ဂ်ာမနီေနာက္ခံလူ ရသြားကာ ရွင္းထုတ္လုိက္ႏိုင္ပါတယ္။
ဘာရယ္လာ ေဘာလုံးတားလုိက္ခ်ိန္မွာ
လူကၽြံေဘာျဖစ္ေကာင္းျဖစ္ေနႏိုင္ေပမယ့္
ႏူအာကေတာ့ သူ႕အလုပ္

သူ အေကာင္းဆုံးလုပ္သြားၿပီး
လူမႈမီဒီယာမွာ ပရိသတ္ေတြက
သူ႕ရဲ႕ကာကြယ္မႈကို ခ်ီးက်ဴးေနၾကပါတယ္။
”ႏူအာက သမုိင္းတြင္ေလာက္တဲ့
ကာကြယ္မႈ ျပဳလုပ္သြားပါတယ္”

”ဘယ္လုိေတာင္မ်ား ကာကြယ္လုိက္တာလဲ။
မန္ႏူရယ္ တံတုိင္းႀကီး ႏူအာ ေပါ့”
”ဒီကာကြယ္မႈအတြက္ ေျပာစရာ
စကားလုံးေတာင္မရွိေတာ့ပါဘူး။
သူဟာ ၃၆ ႏွစ္ရွိေနၿပီျဖစ္ေပမယ့္

လ်င္ျမန္ဖ်တ္လတ္ေနတုန္းပါပဲ”လုိ႔
ပရိသတ္ေတြက အသီးသီးခ်ီးက်ဴးခဲ့ၾကပါတယ္။
ဂ်ာမနီဟာ အဲဒီပြဲအႏိုင္ေၾကာင့္
ေနးရွင္းလိဂ္ A အုပ္စု C မွာ
ဒုတိယေနရာ ေရာက္လာၿပီး

စက္တင္ဘာလ ၂၃ ရက္ေန႔မွာ
အုပ္စုထိပ္ဆုံးေရာက္ ဟန္ေဂရီနဲ႔
ရင္ဆုိင္ရမွာျဖစ္ပါတယ္။
ဟန္ေဂရီဟာ အဂၤလန္ကို အေ၀းကြင္းမွာ
၀-၄ ဂိုးနဲ႔ အံ့အားသင့္ဖြယ္ဂိုးျပတ္

အႏိုင္ရခဲ့ၿပီး ဂ်ာမနီအေနနဲ႔
ေနးရွင္းလိဂ္ေနာက္ဆုံးပြဲစဥ္အျဖစ္
ဟန္ေဂရီနဲ႔ပြဲအၿပီး ၃ ရက္အၾကာ
၀င္ဘေလမွာ အိမ္ရွင္အဂၤလန္နဲ႔
အေ၀းကြင္းပြဲကစားရမွာျဖစ္ပါတယ္။