အိုးလ်ထရက်ဖို့ဒ်အဝတ်လဲခန်းထဲက သတင်းတွေပေါက်ကြားလာလို့ GOAT ကြီး ဒိုးရဖို့ သေချာနေပြီ

မန်ယူအသင်း အဝတ်လဲခန်းထဲက သတင်းအစအနတချို့ ပေါက်ကြားလာပြီ ဖြစ်တာကြောင့် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ

အသင်းပြောင်းရဖို့ သေချာသလောက်ကို ရှိနေပြီလို့ သိရပါ တယ်။ ကမ္ဘာကျော် ဘောလုံးသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ The Athletic ရဲ့ ဖော်ပြချက်အရ မန်ယူူတောင်ပံကစားသမား

ဆန်ချိုဟာ စီရော်နယ်ဒိုရဲ့ ပယောဂကြောင့် ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုခံစားခဲ့ရတယ်လို့ သိရပါ တယ်။ နောက်ပြီး မန်ယူကစားသမား အများစုဟာ ကွင်းထဲမှာ ကစားနေချိန်

ဆိုရင် စီရော်နယ်ဒိုဆီကို ဘောလုံးပေးဖို့ပဲ အာရုံထားဖို့ ဖိအားပေးခံနေရတာမျိုးတွေ ရှိတယ်လို့ သတင်းပေါက်ကြားလာပါတယ်။ ဘောလုံးရနေချိန်မှာ ကာယကံရှင် ကစားသမားတစ်ယောက်က

အပိုင်အခွင့်အရေးအတွက် ရွေးချယ်ခွင့်ရှိပြီး ဂိုးသွင်းနိုင်ဖို့ အလားအလာရှိတယ်ဆိုရင်တောင်မှ စီရော်နယ်ဒို က ပိုပြီးသေချာမှုရှိအောင် သူ့ဆီကိုပဲ ဘောလုံးပေးဖို့ တောင်းဆိုတာမျိုး ရှိတယ်လို့

သတင်းတွေ ထွက်လာခဲ့ပါတယ်။ အသက် ၃၇ နှစ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ကစားသမားဘဝတစ်လျှောက်မှာ အဆုံးစွန်အထိ အောင်မြင်မှုတွေရခဲ့ပြီဖြစ်ပေမဲ့ ဒီရာသီမှာတော့ မန်ယူနဲ့အတူ

ပရီးမီးယားလိဂ် သွင်းဂိုး တစ်ဂိုးပဲ သွင်းထားနိုင်တဲ့ ကစားသမားပါ။ နောက်ပြီး စပါးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ပွဲပြီးခါနီး လူစားလဲမှုကို ငြင်းဆန်ပြီး ကွင်းထဲက ထွက်သွားခဲ့လို့ နည်းပြ တန်ဟတ်ရဲ့

အပြစ်ပေးမှုကို ခံခဲ့ရတဲ့ ကစားသမားလည်း ဖြစ်နေပါ တယ်။ ဒါကြောင့် အသင်းကြီးနဲ့အတူ လေ့ကျင့်ခွင့် မရဘဲ တစ်ယောက်တည်းခွဲပြီး သီးသန့် လေ့ကျင့်ရတာမျိုးရှိခဲ့သလို ချဲလ်ဆီးနဲ့

ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း မန်ယူအသင်း လူစာရင်းကနေပြီး ချန်လှပ်ခံခဲ့ရတာ မျိုးတွေရှိခဲ့ပါတယ်။ ဒီလိုမျိုး ကျော်မကောင်း ကြားမကောင်း ဖြစ်ရပ်မျိုးတွေ ရှိတာကြောင့် လာမယ့် ဇန်နဝါရီ

အပြောင်းအရွှေ့ ဈေးကွက်မှာ မန်ယူဟာ စီရော်နယ်ဒိုကို အသင်းပြောင်းခိုင်းဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် မန်ယူဟာ လက်ရှိအချိန်မှာ လက်တင်သုံးလို့ရမယ့် တိုက်စစ်မှူးတစ်ယောက်ကို

ရှာဖွေနေပြီဖြစ်တာကြောင့် စီရော်နယ်ဒိုနေရာမှာ အစားထိုးဖို့ဆိုတာ သေချာနေသလောက်ဖြစ်ပြီး ပေါ်တူဂီသားဟာ လာမယ့် ဇန်နဝါရီမှာ အသင်းပြောင်းသွားဖို့ သေချာသလောက်ကို ရှိနေပြီဖြစ်ပါတယ်။

(Zawgyi)

အိုးလ္ထရက္ဖို႔ဒ္အဝတ္လဲခန္းထဲက သတင္းေတြေပါက္ၾကားလာလို႔ GOAT ႀကီး ဒိုးရဖို႔ ေသခ်ာေနၿပီ

မန္ယူအသင္း အဝတ္လဲခန္းထဲက သတင္းအစအနတခ်ိဳ႕ ေပါက္ၾကားလာၿပီ ျဖစ္တာေၾကာင့္ လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ တိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ အသင္းေျပာင္းရဖို႔

ေသခ်ာသေလာက္ကို ရွိေနၿပီလို႔ သိရပါ တယ္။ ကမာၻေက်ာ္ ေဘာလုံးသတင္းဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ The Athletic ရဲ႕ ေဖာ္ျပခ်က္အရ မန္ယူူေတာင္ပံကစားသမား

ဆန္ခ်ိဳဟာ စီေရာ္နယ္ဒိုရဲ႕ ပေယာဂေၾကာင့္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးေတြ ပိုခံစားခဲ့ရတယ္လို႔ သိရပါ တယ္။ ေနာက္ၿပီး မန္ယူကစားသမား အမ်ားစုဟာ ကြင္းထဲမွာ

ကစားေနခ်ိန္ ဆိုရင္ စီေရာ္နယ္ဒိုဆီကို ေဘာလုံးေပးဖို႔ပဲ အာ႐ုံထားဖို႔ ဖိအားေပးခံေနရတာ မ်ိဳးေတြ ရွိတယ္လို႔ သတင္းေပါက္ၾကားလာပါတယ္။ ေဘာလုံးရေနခ်ိန္မွာ

ကာယကံရွင္ ကစားသမားတစ္ေယာက္က အပိုင္အခြင့္အေရးအတြက္ ေ႐ြး ခ်ယ္ခြင့္ရွိၿပီး ဂိုးသြင္းႏိုင္ဖို႔ အလားအလာရွိတယ္ဆိုရင္ေတာင္မွ စီေရာ္နယ္ဒို က ပိုၿပီးေသခ်ာမႈရွိေအာင္ သူ႔ဆီကိုပဲ

ေဘာလုံးေပးဖို႔ ေတာင္းဆိုတာမ်ိဳး ရွိတယ္လို႔ သတင္းေတြ ထြက္လာခဲ့ပါတယ္။ အသက္ ၃၇ ႏွစ္ရွိေနၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ ကစားသမားဘဝတစ္ေလွ်ာက္မွာ အဆုံးစြန္အထိ

ေအာင္ ျမင္မႈေတြရခဲ့ၿပီျဖစ္ေပမဲ့ ဒီရာသီမွာေတာ့ မန္ယူနဲ႔အတူ ပရီးမီးယားလိဂ္ သြင္း ဂိုး တစ္ဂိုးပဲ သြင္းထားႏိုင္တဲ့ ကစားသမားပါ။ ေနာက္ၿပီး စပါးနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာလည္

း ပြဲၿပီးခါနီး လူစားလဲမႈကို ျငင္းဆန္ၿပီး ကြင္းထဲက ထြက္သြားခဲ့လို႔ နည္းျပ တန္ဟတ္ရဲ႕ အျပစ္ေပးမႈကို ခံခဲ့ရတဲ့ ကစားသမားလည္း ျဖစ္ေနပါ တယ္။ ဒါေၾကာင့္

အသင္းႀကီးနဲ႔အတူ ေလ့က်င့္ခြင့္ မရဘဲ တစ္ေယာက္တည္းခြဲၿပီး သီးသန႔္ ေလ့က်င့္ရတာမ်ိဳးရွိခဲ့သလို ခ်ဲလ္ဆီးနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာလည္း မန္ယူအသင္း လူစာရင္းကေနၿပီး ခ်န္လွပ္ခံခဲ့ရတာ မ်ိဳးေတြရွိခဲ့ပါတယ္။

ဒီလိုမ်ိဳး ေက်ာ္မေကာင္း ၾကားမေကာင္း ျဖစ္ရပ္မ်ိဳးေတြ ရွိတာေၾကာင့္ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ ေဈးကြက္မွာ မန္ယူဟာ စီေရာ္နယ္ဒိုကို

အသင္းေျပာင္းခိုင္းဖို႔ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။ ဒါ့အျပင္ မန္ယူဟာ လက္ရွိအခ်ိန္မွာ လက္တင္သုံးလို႔ရမယ့္ တိုက္စစ္မႉးတစ္ေယာက္ ကို

ရွာေဖြေနၿပီျဖစ္တာေၾကာင့္ စီေရာ္နယ္ဒိုေနရာမွာ အစားထိုးဖို႔ဆိုတာ ေသ ခ်ာေနသေလာက္ျဖစ္ၿပီး ေပၚတူဂီသားဟာ လာမယ့္ ဇန္နဝါရီမွာ အသင္း ေျပာင္းသြားဖို႔

ေသခ်ာသေလာက္ကို ရွိေနၿပီျဖစ္ပါတယ္။