အိုးလ်ထရက်ဖို့ဒ်သမိုင်း ရိုင်းတော့မယ့်အကွက်တွေမြင်နေလို့ အားကြီးနဲ့ ပြောနေတာလား ဗန်ဒိုက်

အခုတစ်ပတ်ကစားမယ့် အင်္ဂလန်ဒါဘီပွဲစဉ်မှာ မန်ယူကို အနိုင်ရခဲ့ရင် စံချိန်သစ်တစ်ရပ် ရေးထိုးနိုင်မှာဖြစ်လို့ ပြိုင်ဘက်အသင်းကို လျှော့မတွက်ကြဖို့ အတွက် လီဗာပူးနောက်ခံလူ ဗန်ဒိုက်က သတိပေးလိုက်ပါတယ်။ တနင်္လာည ယှဉ်ပြိုင်ကစားကြမယ့် ပွဲမှာ ပြိုင်ဘက်မန်ယူ အသင်းဟာ

သူတို့ရဲ့ ကံကြမ္မာနဲ့ လားရာလမ်းကို ပြောင်းလဲပစ်နိုင်စွမ်းရှိနေတဲ့အတွက် လျှော့မတွက်ကြဖို့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်က ပြောပါတယ်။ ရာသီအစ ပွဲစဉ် ၂ ခုစလုံးကို သရေရလဒ်နဲ့သာကျေနပ်ခဲ့ရပြီး နိုင်ပွဲမရသေးတဲ့ လီဗာပူးဟာ အခုလာမယ့်ပွဲစဉ်မှာ အိုးလ်ထရက်ဖို့ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်လို့

မပေါ့ဆကြဖို့နဲ့ ဒီပွဲစဉ်ဟာ သရဲနီတွေအတွက် ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲလည်း ဖြစ်သွားနိုင်တယ်လို့ သတိပေးပါတယ်။ မန်ယူဟာ ရာသီအစ အဖွင့်ပွဲစဉ် ၂ ခုစလုံးကို အရှုံးပေးခဲ့ရပြီး အမှတ်ပေးဇယား အောက်ဆုံးကို ရောက်နေတဲ့အသင်းဖြစ်ပေမယ့် အိုးလ်ထရက်ဖို့မှာ ကစားရမယ့်ပွဲစဉ်ဟာ

လွယ်ကူမှာတော့ မဟုတ်ဘူးလို့ ဗန်ဒိုက်က ယူဆထားပါတယ်။ နောက်ပြီး အိမ်ကွင်းပရိသတ်တွေရှေ့မှာ ကစားရမှာဖြစ်လို့ မန်ယူဟာ သူတို့အသင်းထက် လှုံ့ဆော်မှု ပိုကောင်းနေနိုင်တယ်လို့ နယ်သာလန်နောက် ခံလူက ပြောပါတယ်။ ‘’ဒီပွဲက ထူးခြားပါတယ်။ ဒါပေမဲ့ ပွဲဆူအောင် လုပ်တာ တော့ မဟုတ်ပါဘူး။

ဒီပွဲကို ကျွန်တော်တို့ အနိုင်ရအောင် ကစားနိုင်ပြီး အနိုင်ရဖို့လည်း ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဒီနှစ်မှာတော့ သူတို့က ခက်ခဲတဲ့ ရာသီအစနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့လိုချင်တဲ့ အကောင်းဆုံး အခြေအနေ မရသေးဘူး။ ဒါကြောင့် စိတ်ဝင်စားစရာကောင်း နေတယ်။

ယုံကြည်မှုအရတော့ သူတို့ဟာ အကောင်းဆုံး အခြေအနေမှာ ရှိ မနေပါဘူး။ ဒါပေမဲ့ သူတို့အတွက် ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲဖြစ်ဖို့ ပြောင်းလဲပစ် နိုင်ပါတယ်’’ လို့ ဗန်ဒိုက်က ပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ၅-၀ ဂိုး ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပါအဝင် လီဗာပူးဟာ မန်ယူကို အိုးလ်ထရက်ဖို့ဒ် မှာ

နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်နှစ်ပွဲစလုံးကို အနိုင်ရထားတဲ့ အသင်းပါ။ ဒီပွဲ သာ ထပ်ပြီး အနိုင်ရခဲ့မယ်ဆိုရင်တော့ လီဗာပူးဟာ မန်ယူကို အိုးလ်ထရက် ဖို့ဒ်မှာ ၃ ပွဲဆက်တိုက် အနိုင်ရတဲ့ စံချိန်သစ်တစ်ရပ်ကို ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။ ‘’ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့ ရလဒ်ကောင်း ရခဲ့ပေမယ့်

အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကျွန်တော်တို့ အနိုင်ရဖို့ ခက်ခဲတယ်ဆိုတာကို လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ သူတို့က သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ငြင်းလို့ မရနိုင်ပါဘူး။ ဒီသီတင်းပတ် လေ့ကျင့်ရေးအစီအစဉ် မှာတော့ တကယ့်ပုံစံကောင်းနဲ့ တိုက်ပွဲဝင်စိတ်ကို ကျွန်တော်တို့ ပြသနိုင်ခဲ့ ပါတယ်။ အဲဒီအရာကို တနင်္လာနေ့ ကစားမယ့် ပွဲဆီကို ယူဆောင်သွားပါမယ်’’ လို့ ဗန်ဒိုက်က ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

အခုတစ္ပတ္ကစားမယ့္ အဂၤလန္ဒါဘီပြဲစဥ္မွာ မန္ယူကို အႏိုင္ရခဲ့ရင္ စံခ်ိန္သစ္တစ္ရပ္ ေရးထိုးႏိုင္မွာျဖစ္လို႔ ၿပိဳင္ဘက္အသင္းကို ေလွ်ာ့မတြက္ၾကဖို႔ အတြက္ လီဗာပူးေနာက္ခံလူ ဗန္ဒိုက္က သတိေပးလိုက္ပါတယ္။ တနလၤာည ယွဥ္ၿပိဳင္ကစားၾကမယ့္ ပြဲမွာ ၿပိဳင္ဘက္မန္ယူ အသင္းဟာ သူတို႔ရဲ႕ ကံၾကမၼာနဲ႔ လားရာလမ္းကို

ေျပာင္းလဲပစ္ႏိုင္စြမ္းရွိေနတဲ့အတြက္ ေလွ်ာ့မတြက္ၾကဖို႔ လီဗာပူးေနာက္ခံလူ ဗန္ဒိုက္က ေျပာပါတယ္။ ရာသီအစ ပြဲစဥ္ ၂ ခုစလုံးကို သေရရလဒ္နဲ႔သာေက်နပ္ခဲ့ရၿပီး ႏိုင္ပြဲမရေသးတဲ့ လီဗာပူးဟာ အခုလာမယ့္ပြဲစဥ္မွာ အိုးလ္ထရက္ဖို႔ကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္လို႔ မေပါ့ဆၾကဖို႔နဲ႔ ဒီပြဲစဥ္ဟာ

သရဲနီေတြအတြက္ ၿပီးျပည့္စုံတဲ့ ပြဲတစ္ပြဲလည္း ျဖစ္သြားႏိုင္တယ္လို႔ သတိေပးပါတယ္။ မန္ယူဟာ ရာသီအစ အဖြင့္ပြဲစဥ္ ၂ ခုစလုံးကို အရႈံးေပးခဲ့ရၿပီး အမွတ္ေပးဇယား ေအာက္ဆုံးကို ေရာက္ေနတဲ့အသင္းျဖစ္ေပမယ့္ အိုးလ္ထရက္ဖို႔မွာ ကစားရမယ့္ပြဲစဥ္ဟာ လြယ္ကူမွာေတာ့ မဟုတ္ဘူးလို႔ ဗန္ဒိုက္က

ယူဆထားပါတယ္။ ေနာက္ၿပီး အိမ္ကြင္းပရိသတ္ေတြေရွ႕မွာ ကစားရမွာျဖစ္လို႔ မန္ယူဟာ သူတို႔အသင္းထက္ လႈံ႕ေဆာ္မႈ ပိုေကာင္းေနႏိုင္တယ္လို႔ နယ္သာလန္ေနာက္ ခံလူက ေျပာပါတယ္။ ‘’ဒီပြဲက ထူးျခားပါတယ္။ ဒါေပမဲ့ ပြဲဆူေအာင္ လုပ္တာ ေတာ့ မဟုတ္ပါဘူး။ ဒီပြဲကို ကြၽန္ေတာ္တို႔ အႏိုင္ရေအာင္

ကစားႏိုင္ၿပီး အႏိုင္ရဖို႔လည္း ဘာမဆို ျဖစ္သြားႏိုင္ပါတယ္။ ဒီႏွစ္မွာေတာ့ သူတို႔က ခက္ခဲတဲ့ ရာသီအစနဲ႔ ရင္ဆိုင္ခဲ့ရတယ္။ ကြၽန္ေတာ္တို႔လည္း ကြၽန္ေတာ္တို႔လိုခ်င္တဲ့ အေကာင္းဆုံး အေျခအေန မရေသးဘူး။ ဒါေၾကာင့္ စိတ္ဝင္စားစရာေကာင္း ေနတယ္။ ယုံၾကည္မႈအရေတာ့ သူတို႔ဟာ အေကာင္းဆုံး

အေျခအေနမွာ ရွိ မေနပါဘူး။ ဒါေပမဲ့ သူတို႔အတြက္ ၿပီးျပည့္စုံတဲ့ ပြဲတစ္ပြဲျဖစ္ဖို႔ ေျပာင္းလဲပစ္ ႏိုင္ပါတယ္’’ လို႔ ဗန္ဒိုက္က ေျပာဆိုသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရာသီမွာ ၅-၀ ဂိုး ရလဒ္နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္အပါအဝင္ လီဗာပူးဟာ မန္ယူကို အိုးလ္ထရက္ဖို႔ဒ္ မွာ ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္ႏွစ္ပြဲစလုံးကို အႏိုင္ရထားတဲ့

အသင္းပါ။ ဒီပြဲ သာ ထပ္ၿပီး အႏိုင္ရခဲ့မယ္ဆိုရင္ေတာ့ လီဗာပူးဟာ မန္ယူကို အိုးလ္ထရက္ ဖို႔ဒ္မွာ ၃ ပြဲဆက္တိုက္ အႏိုင္ရတဲ့ စံခ်ိန္သစ္တစ္ရပ္ကို ေရးထိုးႏိုင္မွာ ျဖစ္ပါတယ္။ ‘’ၿပီးခဲ့တဲ့ႏွစ္မွာ ကြၽန္ေတာ္တို႔ ရလဒ္ေကာင္း ရခဲ့ေပမယ့္ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ကြၽန္ေတာ္တို႔ အႏိုင္ရဖို႔ ခက္ခဲတယ္ဆိုတာကို

လြန္ခဲ့တဲ့ႏွစ္ေတြအတြင္းမွာ သူတို႔က သက္ေသျပခဲ့ၿပီးျဖစ္ပါတယ္။ ဒါကို ကြၽန္ေတာ္တို႔ ျငင္းလို႔ မရႏိုင္ပါဘူး။ ဒီသီတင္းပတ္ ေလ့က်င့္ေရးအစီအစဥ္ မွာေတာ့ တကယ့္ပုံစံေကာင္းနဲ႔ တိုက္ပြဲဝင္စိတ္ကို ကြၽန္ေတာ္တို႔ ျပသႏိုင္ခဲ့ ပါတယ္။ အဲဒီအရာကို တနလၤာေန႔ ကစားမယ့္ ပြဲဆီကို ယူေဆာင္သြားပါမယ္’’ လို႔ ဗန္ဒိုက္က ေျပာဆိုသြားခဲ့ပါတယ္။