အိုးလ်ထရက်ဖို့ဒ်ရဲ့ အပယ်ခံ ဆိုးလ်ရှားဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတဲ့ ရွိုင်ကိန်း

မန်ယူ ဂန္ထဝင်နဲ့ အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းဟာ အလုပ်လက်မဲ့ဖြစ်နေတဲ့ ဆိုးလ်ရှားဆီကို နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးတဲ့နောက်ပိုင်း

ပထမဆုံးအကြိမ်အဖြစ် သွားရောက် လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့ တဲ့ ဘောလုံးရာသီမှာ ရာသီအစ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ဆိုသလို ကြုံခဲ့ရတဲ့

နည်းပြဆိုးလ်ရှားကို မန်ယူဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာပဲ ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ ရာထူးကနေ ဖယ်ရှားခံရပြီးတဲ့နောက် နော်ဝေသား ဆိုးလ်ရှားဟာ

အမိမြေကို ပြန်လာခဲ့ပြီး အဲဒီနောက် ကလပ်အသင်းအများ အပြားက ကမ်းလှမ်းမှု ရှိခဲ့ပေမဲ့ ပယ်ချခဲ့သူဖြစ်ပါတယ်။ ဒီရာသီအစမှာ ထွက် ပေါ်လာခဲ့တဲ့

သတင်းတစ်ရပ်အရ ဆိုးလ်ရှားဟာ သူ့ရဲ့သားဖြစ်သူ ကစားနေတဲ့ လူငယ်အသင်းတစ်သင်းကို နည်းပြပေးနေတာမျိုး ရှိပေမဲ့ ဥရောပအဆင့်ရှိတဲ့

အသင်းတစ်သင်းကို ကိုင်တွယ်ဖို့တော့ အစီအစဉ် မရှိသေးဘူးလို့ သိရ ပါတယ်။ ဒါကြောင့် အလုပ်လက်မဲ့ ဖြစ်နေတဲ့ ဆိုးလ်ရှားဆီကို အသင်းဖော် ဟောင်းဖြစ်တဲ့ ရွိုင်ကိန်းက

သွားရောက်လည်ပတ်ခဲ့တယ်လို့ Sport bible က ရေးသားဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာ အငြင်းပွားစရာ အခြေအနေ နဲ့ အတူ မန်ယူကနေပြီး ရွိုင်ကိန်း မထွက်ခွာခင်

အိုင်ယာလန်သားနဲ့ ဆိုးလ်ရှားတို့ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၉ နှစ်ကြာ အတူလက်တွဲခဲ့ဖူးတဲ့ ကစား ဖော်ဟောင်းတွေ ဖြစ်ခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ်ရဲ့ သမိုင်းဝင် ဖလား ၃ လုံး ဆွတ်ခူးနိုင်မှု

အပါအဝင် ဆိုးလ်ရှားနဲ့ ရွိုင်ကိန်းတို့ဟာ ပရီးမီးယားလိဂ် ဖလား ၅ ကြိမ်အထိ အတူပူးတွဲ ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားဖော်ဟောင်းတွေပါ။ ဆိုးလ်ရှားဆီကို ရွိုင်ကိန်းတစ်ယောက်

အလည်အပတ် သွားရောက်ခဲ့တဲ့ အကြောင်းအရင်းကို အတိအကျ မသိရပေမဲ့ မန်ယူ အမာခံ ပရိသတ်တစ် ယောက်ကတော့ အခုလို ရှင်းပြခဲ့ပါတယ်။ ‘’သူက အရမ်းတော်တဲ့လူလေ။

သူ့ကို တွေပြီး ပျော်ဖို့သက်သက် သွားတယ်ဆိုတာ ရှင်းပါတယ်။ ကျွန်တော် ချာတိတ်ဘဝတုန်းက ရွိုင်ကိန်းနဲ့ ကန်တိုနာတို့ဆိုတာက တကယ့် သူရဲ ကောင်းကြီးတွေပါပဲ။

ဒါဟာ ရင်းနှီးဖော်ရွေမှုကိုပြပြီး အလည်အပတ်ခရီး ကောင်းတစ်ခုလို့ သူပြောခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ဂန္ထဝင်တွေထဲက တစ်ယောက်နဲ့ အတူရှိခဲ့တာလို့လည်း ပြောခဲ့ပါတယ်’’ လို့

ပရိသတ် တစ်ယောက် ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

အိုးလ္ထရက္ဖို႔ဒ္ရဲ႕ အပယ္ခံ ဆိုးလ္ရွားဆီကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္သြားတဲ့ ႐ြိဳင္ကိန္း

မန္ယူ ဂႏၴဝင္နဲ႔ အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္ကိန္းဟာ အလုပ္လက္မဲ့ျဖစ္ ေနတဲ့ ဆိုးလ္ရွားဆီကို နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရၿပီးတဲ့ေနာက္ပိုင္း

ပထမဆုံးအႀကိမ္အျဖစ္ သြားေရာက္ လည္ပတ္ခဲ့တယ္လို႔ သိရပါတယ္။ ၿပီးခဲ့ တဲ့ ေဘာလုံးရာသီမွာ ရာသီအစ ရလဒ္ဆိုးေတြနဲ႔ ဆက္တိုက္ဆိုသလို ႀကဳံခဲ့ရ တဲ့

နည္းျပဆိုးလ္ရွားကို မန္ယူဟာ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလမွာပဲ ရာထူးက ထုတ္ပယ္ခဲ့ပါတယ္။ ရာထူးကေန ဖယ္ရွားခံရၿပီးတဲ့ေနာက္ ေနာ္ေဝသား ဆိုးလ္ရွားဟာ

အမိေျမကို ျပန္လာခဲ့ၿပီး အဲဒီေနာက္ ကလပ္အသင္းအမ်ား အျပားက ကမ္းလွမ္းမႈ ရွိခဲ့ေပမဲ့ ပယ္ခ်ခဲ့သူျဖစ္ပါတယ္။ ဒီရာသီအစမွာ ထြက္ ေပၚလာခဲ့တဲ့

သတင္းတစ္ရပ္အရ ဆိုးလ္ရွားဟာ သူ႔ရဲ႕သားျဖစ္သူ ကစားေန တဲ့ လူငယ္အသင္းတစ္သင္းကို နည္းျပေပးေနတာမ်ိဳး ရွိေပမဲ့ ဥေရာပအဆင့္ ရွိတဲ့

အသင္းတစ္သင္းကို ကိုင္တြယ္ဖို႔ေတာ့ အစီအစဥ္ မရွိေသးဘူးလို႔ သိရ ပါတယ္။ ဒါေၾကာင့္ အလုပ္လက္မဲ့ ျဖစ္ေနတဲ့ ဆိုးလ္ရွားဆီကို အသင္းေဖာ္ ေဟာင္းျဖစ္တဲ့ ႐ြိဳင္ကိန္းက

သြားေရာက္လည္ပတ္ခဲ့တယ္လို႔ Sport bible က ေရးသားေဖာ္ျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၀၅ ခုႏွစ္မွာ အျငင္းပြားစရာ အေျခအေန နဲ႔ အတူ မန္ယူကေနၿပီး

႐ြိဳင္ကိန္း မထြက္ခြာခင္ အိုင္ယာလန္သားနဲ႔ ဆိုးလ္ရွားတို႔ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ၉ ႏွစ္ၾကာ အတူလက္တြဲခဲ့ဖူးတဲ့ ကစား ေဖာ္ေဟာင္းေတြ ျဖစ္ခဲ့ၾကပါတယ္။

၁၉၉၉ ခုႏွစ္ရဲ႕ သမိုင္းဝင္ ဖလား ၃ လုံး ဆြတ္ခူးႏိုင္မႈ အပါအဝင္ ဆိုးလ္ရွားနဲ႔ ႐ြိဳင္ကိန္းတို႔ဟာ ပရီးမီးယားလိဂ္ ဖလား ၅ ႀကိမ္အထိ အတူပူးတြဲ ဆြတ္ခူးႏိုင္ခဲ့တဲ့

ကစားေဖာ္ေဟာင္းေတြပါ။ ဆိုးလ္ရွားဆီကို ႐ြိဳင္ကိန္းတစ္ေယာက္ အလည္အပတ္ သြားေရာက္ခဲ့တဲ့ အေၾကာင္းအရင္းကို အတိအက် မသိရေပမဲ့ မန္ယူ အမာခံ

ပရိသတ္ တစ္ ေယာက္ကေတာ့ အခုလို ရွင္းျပခဲ့ပါတယ္။ ‘’သူက အရမ္းေတာ္တဲ့လူေလ။ သူ႔ကို ေတြၿပီး ေပ်ာ္ဖို႔သက္သက္ သြားတယ္ဆိုတာ ရွင္းပါတယ္။

ကြၽန္ေတာ္ ခ်ာတိတ္ဘဝတုန္းက ႐ြိဳင္ကိန္းနဲ႔ ကန္တိုနာတို႔ဆိုတာက တကယ့္ သူရဲ ေကာင္းႀကီးေတြပါပဲ။ ဒါဟာ ရင္းႏွီးေဖာ္ေ႐ြမႈကိုျပၿပီး

အလည္အပတ္ခရီး ေကာင္းတစ္ခုလို႔ သူေျပာခဲ့ပါတယ္။ ယူႏိုက္တက္ရဲ႕ ဂႏၴဝင္ေတြထဲက တစ္ ေယာက္နဲ႔ အတူရွိခဲ့တာလို႔လည္း ေျပာခဲ့ပါတယ္’’ လို႔

ပရိသတ္ တစ္ေယာက္ ေျပာဆိုသြားခဲ့ပါတယ္။