အိုးလ်ထရက်ဖို့ဒ်မှာ စီရော်နယ်ဒိုကို သရဲနီအသင်းသားတွေအကုန်လုံး ဆက်မရှိစေချင်တော့ဘူးလား

မန်ယူဝါရင့်တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မန်ယူအသင်းသားတွေ အတော်များများ စိတ်ကုန်နေကြပြီလို့ သတင်းတွေ ထွက်လာနေသလို ကာယကံရှင် ကစားသမားကိုယ်တိုင်ကလည်း အသင်း ပြောင်းဖို့ ဆန္ဒတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒီနွေရာသီ ဈေးကွက်က မန် ယူအတွက် နည်းပြသစ်၊ ကစားသမား ခေါ်ယူမှုအသစ်တွေနဲ့ ကန့်လန့်ကာ နောက်ကွယ်က စီရော်နယ်ဒိုရဲ့ အိပ်မက်ဆန်ဆန် ပယောဂတွေ ပါဝင်ပတ်သက်နေမှုကြောင့် အတော်လေး အလုပ်များနေတာကို တွေ့ရပါတယ်။ ဗြိတိန် သတင်းစာ The Sun ရဲ့ အာဘော်အရ

မန်ယူအသင်း ကစားသမား တော်တော်များများဟာ အသင်းမှာ ရော်နယ်ဒို ဆက်ရှိနေတာထက် ထွက်သွားတာ မျုးကို ပိုပြီး လိုလိုလားလားရှိနေတယ်လို့ သိရပါတယ်။ အသက် ၃၇ နှစ် ရှိနေ ပြီဖြစ်တဲ့ ပေါ်တူဂီသားကလည်း မန်ယူအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်နေရာနဲ့ လွဲချော်ခဲ့မယ်ဆိုရင်

အသင်းကနေ ထွက်သွားဖို့ ဆန္ဒရှိတယ်လို့ ပြောထားခဲ့ ပြီးသားပါ။ ဒါကြောင့် မန်ယူအနေနဲ့လည်း ဂုဏ်သိက္ခာရှိတဲ့ ကလပ်အသင်းပီပီ သူ့ကို အသင်းကနေပြီး ထွက်ခွာခွင့်ပေးမယ်လို့ ရော်နယ်ဒို တစ်ယောက် မျှော်လင့်နေပုံ ရပါတယ်။ ဒါကြောင့် သူ့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး

စားပွဲဝိုင်းထိုင်ပြီး ဆွေးနွေးဖို့ကို ရော်နယ်ဒိုတစ်ယောက် မျှော်လင့်နေပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့ကိစ္စက ဘယ်ဆီနေမှန်းတော့ မသိသေးပါဘူး။ ရော်နယ်ဒိုရဲ့ လက်ရှိအခြေအနေအပေါ်မှာ ဒေါသထွက်နေတဲ့ သရဲနီအုပ်စုက ရှိနေပါပြီ။ ရော်နယ်ဒိုရဲ့ စိတ်နေစိတ်ထားနဲ့

ရပ်တည်မှုအပေါ် အလိုမကျမှု တွေများလာတာကြောင့် အသင်းတွင်း ပြဿနာတွေ ကြီးထွားလာနေပါပြီ။ အခုဆိုရင် အသင်းတွင်းမှာ ရော်နယ်ဒိုကို အလိုမကျဖြစ်နေတဲ့ ကစားသမား တော်တော်များများရှိနေပြီလို့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

လေ့ကျင့်ရေးအစီအစဉ်မှာ ရော်နယ်ဒိုဟာ အသင်းဖော်တွေနဲ့ အဆင်ပြေနေ တယ်ဆိုပေမယ့် အခုလုပ်နေတဲ့ ပုံစံအပေါ် အသင်းသားတော်တော်များများ က စိတ်ကုန်နေတယ်လို့ သတင်းတစ်ခုက ပြောဆိုပါတယ်။ လက်ရှိမှာ မန်ယူ ရဲ့ အာနူတိုဗစ် စိတ်ဝင်စားမှု ဇာတ်လမ်းကလည်း

တစ်ခန်းရပ်သွားပြီဆိုတော့ ဒဏ်ရာပြဿနာရှိနေတဲ့ မာရှယ်၊ ပုံစံကောင်းရဖို့ ရုန်းကန်နေရတဲ့ ရက်ရှ်ဖို့ဒ် တို့ကြောင့် ရော်နယ်ဒိုကိုသာ ထပ်ပြီး ဆုံးရှုံးလိုက်ရဦးမယ်ဆိုရင် မန်ယူရဲ့ တိုက်စစ်စွမ်းအားက ရှိရင်းစွဲထက်ကို ပိုပြီး လျော့ကျသွားမှာ ဖြစ်ပါတယ်။

(zawgyi)

မန္ယူဝါရင့္တိုက္စစ္မႉး စီေရာ္နယ္ဒိုရဲ႕ လက္ရွိအေျခအေနနဲ႔ ပတ္သက္ၿပီး မန္ယူအသင္းသားေတြ အေတာ္မ်ားမ်ား စိတ္ကုန္ေနၾကၿပီလို႔ သတင္းေတြ ထြက္လာေနသလို ကာယကံရွင္ ကစားသမားကိုယ္တိုင္ကလည္း အသင္း ေျပာင္းဖို႔ ဆႏၵေတြ ရွိေနတယ္လို႔ သိရပါတယ္။ ဒီေႏြရာသီ ေဈးကြက္က

မန္ ယူအတြက္ နည္းျပသစ္၊ ကစားသမား ေခၚယူမႈအသစ္ေတြနဲ႔ ကန႔္လန႔္ကာ ေနာက္ကြယ္က စီေရာ္နယ္ဒိုရဲ႕ အိပ္မက္ဆန္ဆန္ ပေယာဂေတြ ပါဝင္ပတ္သက္ေနမႈေၾကာင့္ အေတာ္ေလး အလုပ္မ်ားေနတာကို ေတြ႕ရပါတယ္။ ၿဗိတိန္ သတင္းစာ The Sun ရဲ႕ အာေဘာ္အရ မန္ယူအသင္း ကစားသမား ေတာ္ေတာ္မ်ားမ်ားဟာ

အသင္းမွာ ေရာ္နယ္ဒို ဆက္ရွိေနတာထက္ ထြက္သြားတာ မ်ဳးကို ပိုၿပီး လိုလိုလားလားရွိေနတယ္လို႔ သိရပါတယ္။ အသက္ ၃၇ ႏွစ္ ရွိေန ၿပီျဖစ္တဲ့ ေပၚတူဂီသားကလည္း မန္ယူအေနနဲ႔ ခ်န္ပီယံလိဂ္ ဝင္ခြင့္ေနရာနဲ႔ လြဲေခ်ာ္ခဲ့မယ္ဆိုရင္ အသင္းကေန ထြက္သြားဖို႔ ဆႏၵရွိတယ္လို႔ ေျပာထားခဲ့ ၿပီးသားပါ။

ဒါေၾကာင့္ မန္ယူအေနနဲ႔လည္း ဂုဏ္သိကၡာရွိတဲ့ ကလပ္အသင္းပီပီ သူ႔ကို အသင္းကေနၿပီး ထြက္ခြာခြင့္ေပးမယ္လို႔ ေရာ္နယ္ဒို တစ္ေယာက္ ေမွ်ာ္လင့္ေနပုံ ရပါတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သက္ၿပီး စားပြဲဝိုင္းထိုင္ၿပီး ေဆြးေႏြးဖို႔ကို ေရာ္နယ္ဒိုတစ္ေယာက္ ေမွ်ာ္လင့္ေနပါတယ္။ ဒါေပမဲ့ အေျပာင္းအေ႐ႊ႕ကိစၥက

ဘယ္ဆီေနမွန္းေတာ့ မသိေသးပါဘူး။ ေရာ္နယ္ဒိုရဲ႕ လက္ရွိအေျခအေနအေပၚမွာ ေဒါသထြက္ေနတဲ့ သရဲနီအုပ္စုက ရွိေနပါၿပီ။ ေရာ္နယ္ဒိုရဲ႕ စိတ္ေနစိတ္ထားနဲ႔ ရပ္တည္မႈအေပၚ အလိုမက်မႈ ေတြမ်ားလာတာေၾကာင့္ အသင္းတြင္း ျပႆနာေတြ ႀကီးထြားလာေနပါၿပီ။ အခုဆိုရင္ အသင္းတြင္းမွာ ေရာ္နယ္ဒိုကို

အလိုမက်ျဖစ္ေနတဲ့ ကစားသမား ေတာ္ေတာ္မ်ားမ်ားရွိေနၿပီလို႔ နီးစပ္တဲ့ သတင္းရင္းျမစ္တစ္ခုက ဆိုပါတယ္။ ေလ့က်င့္ေရးအစီအစဥ္မွာ ေရာ္နယ္ဒိုဟာ အသင္းေဖာ္ေတြနဲ႔ အဆင္ေျပေန တယ္ဆိုေပမယ့္ အခုလုပ္ေနတဲ့ ပုံစံအေပၚ အသင္းသားေတာ္ေတာ္မ်ားမ်ား က စိတ္ကုန္ေနတယ္လို႔ သတင္းတစ္ခုက ေျပာဆိုပါတယ္။

လက္ရွိမွာ မန္ယူ ရဲ႕ အာႏူတိုဗစ္ စိတ္ဝင္စားမႈ ဇာတ္လမ္းကလည္း တစ္ခန္းရပ္သြားၿပီဆိုေတာ့ ဒဏ္ရာျပႆနာရွိေနတဲ့ မာရွယ္၊ ပုံစံေကာင္းရဖို႔ ႐ုန္းကန္ေနရတဲ့ ရက္ရွ္ဖို႔ဒ္ တို႔ေၾကာင့္ ေရာ္နယ္ဒိုကိုသာ ထပ္ၿပီး ဆုံးရႈံးလိုက္ရဦးမယ္ဆိုရင္ မန္ယူရဲ႕ တိုက္စစ္စြမ္းအားက ရွိရင္းစြဲထက္ကို ပိုၿပီး ေလ်ာ့က်သြားမွာ ျဖစ္ပါတယ္။