အိုးလ်ထရက်ဖို့ဒ်မျက်နှာစာက စီရော်နယ်ဒို ပိုစတာကြီးကို ဖြုတ်ချပစ်လိုက်တဲ့ မန်ယူ

အိုးလ်ထရက်ဖို့ဒ်ကွင်း မျက်နှာစာမှာ အလှဆင်ထားတဲ့ စီရော်နယ်ဒိုရဲ့ ရုပ်ပုံပါ ဧရာမ ပိုစတာကြီးကို မန်ယူအသင်းက ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။

ပီးယာ့စ်မော်ဂန်နဲ့ မိနစ် ၉၀ ကြာ အင်တာဗျူးအစီအစဉ်မှာ မန်ယူနဲ့ပတ်သက်ပြီး သွားပုပ်လေလွင့်တွေ အကုန် ထုတ်ပြောခဲ့တာကြောင့် အငြင်းပွားစရာ ဖြစ်ခဲ့ပြီး

အသင်းတွင်း ဆက်ဆံရေးကို ထိခိုက်စေတဲ့ စကားတွေ ပြောခဲ့တဲ့ ကိစ္စရဲ့ နောက်ဆက်တွဲ အကျိုးဆက် ဖြစ်လာခဲ့ပါတယ်။ အသက် ၃၇ နှစ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်ဒိုက

လက်ရှိနည်းပြ တန်ဟတ် အနေနဲ့ သူ့အပေါ်မှာ လေးစားမှု မရှိဘူးဆိုရင်တော့ သူကလည်း ပြန်ပြီး လေးစားမှာ မဟုတ်သလို ယာယီနည်းပြအဖြစ် တာဝန်ယူသွားခဲ့တဲ့ ရန်းနစ်ကိုလည်း နည်းပြအဖြစ်

သိတာတောင် မဟုတ်ဘူးလို့ ခပ်ရိုင်းရိုင်း စကားတွေ ပြောခဲ့တာပါ။ နောက်ပြီး အသင်းရဲ့ ဂန္ထဝင် ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ဂယ်ရီနဗီးလ်နဲ့ ဝိန်းရွန်နေးတို့ကိုလည်း ရီးရဲလ်တိုက်စစ်မှူးဟောင်းက

ဝေဖန်ပုတ် ခတ်ခဲ့ပြီး အသင်းပိုင်ရှင် ဂလေဇာ မိသားစုကိုလည်း အပြစ်တွေ ဖို့ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ဖို့အတွက် ကာတာနိုင်ငံကို

ရောက်နေပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။ ကလပ်အသင်းပွဲတွေ ရပ်နားထားချိန်မှာတော့ မန်ယူဟာ ကွင်းတွင်း ကွင်းပြင် လိုအပ်တဲ့ မွမ်းမံပြင်ဆင်မှုတွေ ပြုလုပ်နေပြီး

အိုးလ်ထရက်ဖို့ဒ်ကွင်း မျက်နှာစာမှာ ရှိနေတဲ့ စီရော်နယ်ဒို ရုပ်ပုံပါ နံရံကပ် ပိုစတာကြီးကို ဖယ်ရှား ဖြုတ်ချခဲ့ပြီဖြစ်ပါတယ်။ အဲဒီ ပုံရိပ်မှာဆိုရင် စီရော် နယ်ဒိုနဲ့အတူ မန်ယူရဲ့ ဂန္ထဝင် နံပါတ် 7 တွေ ဖြစ်ကြတဲ့

ဒေးဗစ်ဘက်ဟမ်းနဲ့ အဲရစ်ကန်တိုနာရဲ့ ရုပ်ပုံတွေလည်း တစ်ဆက်တည်း ပါဝင်နေတာကို တွေ့ ရပါတယ်။ လက်ရှိမှာတော့ အိုးလ်ထရက်ဖို့ဒ်ကွင်းဟာ ရပ်ဘီပြိုင်ပွဲတွေကို လက်ခံကျင်းပဖို့ ရှိနေပြီး

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပြန်ကစားမယ့် မန်ယူရဲ့ ပထမဆုံး အိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ ဘန်လေနဲ့ ကာရာဘောင်ဖလား ပွဲစဉ်မတိုင် ခင်အထိ ကျင်းပဖို့ ရှိနေတယ်လို့ သိရပါတယ်။

နောက်ပြီး မန်ယူအကြောင်း ပုတ်ခတ်ပြောဆိုခဲ့တဲ့ စီရော်နယ်ဒိုကိုလည်း ဒဏ်ငွေ ပေါင် တစ်သန်း ချမှတ် အရေးယူဖို့ စကားပြောဆို ဆွေးနွေးတာမျိုးတွေ ရှိထားပြီး ဖြစ်ပါတယ်။

(Zawgyi)

အိုးလ္ထရက္ဖို႔ဒ္မ်က္ႏွာစာက စီေရာ္နယ္ဒို ပိုစတာႀကီးကို ျဖဳတ္ခ်ပစ္လိုက္တဲ့ မန္ယူ

အိုးလ္ထရက္ဖို႔ဒ္ကြင္း မ်က္ႏွာစာမွာ အလွဆင္ထားတဲ့ စီေရာ္နယ္ဒိုရဲ႕ ႐ုပ္ပုံပါ ဧရာမ ပိုစတာႀကီးကို မန္ယူအသင္းက ဖယ္ရွားလိုက္ၿပီ ျဖစ္ပါတယ္။ ပီးယာ့စ္ေမာ္ဂန္နဲ႔ မိနစ္ ၉၀ ၾကာ အင္တာဗ်ဴးအစီအစဥ္မွာ

မန္ ယူနဲ႔ပတ္သက္ၿပီး သြားပုပ္ေလလြင့္ေတြ အကုန္ ထုတ္ေျပာခဲ့တာေၾကာင့္ အျငင္းပြားစရာ ျဖစ္ခဲ့ၿပီး အသင္းတြင္း ဆက္ဆံေရးကို ထိခိုက္ေစတဲ့ စကား ေတြ ေျပာခဲ့တဲ့

ကိစၥရဲ႕ ေနာက္ဆက္တြဲ အက်ိဳးဆက္ ျဖစ္လာခဲ့ပါတယ္။ အ သက္ ၃၇ ႏွစ္ရွိေနၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုက လက္ရွိနည္းျပ တန္ဟတ္ အေနနဲ႔ သူ႔အေပၚမွာ ေလးစားမႈ မရွိဘူးဆိုရင္ေတာ့

သူကလည္း ျပန္ၿပီး ေလးစားမွာ မဟုတ္သလို ယာယီနည္းျပအျဖစ္ တာဝန္ယူသြားခဲ့တဲ့ ရန္းနစ္ကိုလည္း နည္းျပအျဖစ္ သိတာေတာင္ မဟုတ္ဘူးလို႔ ခပ္႐ိုင္း႐ိုင္း စကားေတြ ေျပာခဲ့တာပါ။

ေနာက္ၿပီး အသင္းရဲ႕ ဂႏၴဝင္ ကစားသမားေဟာင္းေတြ ျဖစ္ၾကတဲ့ ဂယ္ရီ နဗီးလ္နဲ႔ ဝိန္း႐ြန္ေနးတို႔ကိုလည္း ရီးရဲလ္တိုက္စစ္မႉးေဟာင္းက ေဝဖန္ပုတ္ ခတ္ခဲ့ၿပီး အသင္းပိုင္ရွင္ ဂေလဇာ

မိသားစုကိုလည္း အျပစ္ေတြ ဖို႔ခဲ့ပါေသး တယ္။ လက္ရွိမွာေတာ့ ေရာ္နယ္ဒိုဟာ ေပၚတူဂီအသင္းနဲ႔အတူ ကမာၻ႔ဖလား ၿပိဳင္ပြဲဝင္ဖို႔အတြက္ ကာတာႏိုင္ငံကို ေရာက္ေနၿပီး

ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ ေနၿပီ ျဖစ္ပါတယ္။ ကလပ္အသင္းပြဲေတြ ရပ္နားထားခ်ိန္မွာေတာ့ မန္ယူအ သင္းဟာ ကြင္းတြင္း ကြင္းျပင္ လိုအပ္တဲ့ မြမ္းမံျပင္ဆင္မႈေတြ ျပဳလုပ္ေနၿပီး

အိုးလ္ထရက္ဖို႔ဒ္ကြင္း မ်က္ႏွာစာမွာ ရွိေနတဲ့ စီေရာ္နယ္ဒို ႐ုပ္ပုံပါ နံရံကပ္ ပိုစတာႀကီးကို ဖယ္ရွား ျဖဳတ္ခ်ခဲ့ၿပီျဖစ္ပါတယ္။ အဲဒီ ပုံရိပ္မွာဆိုရင္ စီေရာ္ နယ္ဒိုနဲ႔အတူ မန္ယူရဲ႕ ဂႏၴဝင္

နံပါတ္ 7 ေတြ ျဖစ္ၾကတဲ့ ေဒးဗစ္ဘက္ဟမ္းနဲ႔ အဲရစ္ ကန္တိုနာရဲ႕ ႐ုပ္ပုံေတြလည္း တစ္ဆက္တည္း ပါဝင္ေနတာကို ေတြ႕ ရပါတယ္။ လက္ရွိမွာေတာ့ အိုးလ္ထရက္ဖို႔ဒ္ကြင္းဟာ

ရပ္ဘီၿပိဳင္ပြဲေတြကို လက္ခံက်င္းပဖို႔ ရွိေနၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ျပန္ကစားမယ့္ မန္ယူရဲ႕ ပထမဆုံး အိမ္ကြင္းပြဲစဥ္ျဖစ္တဲ့ ဘန္ေလနဲ႔ ကာရာေဘာင္ဖလား

ပြဲစဥ္မတိုင္ ခင္အထိ က်င္းပဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ ေနာက္ၿပီး မန္ယူအေၾကာင္း ပုတ္ခတ္ေျပာဆိုခဲ့တဲ့ စီေရာ္နယ္ဒိုကိုလည္း ဒဏ္ေငြ ေပါင္

တစ္သန္း ခ်မွတ္ အေရးယူဖို႔ စကားေျပာဆို ေဆြးေႏြးတာမ်ိဳးေတြ ရွိထားၿပီး ျဖစ္ပါတယ္။