
ဘာစီလိုနာကိုအနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ နောက်ခံလူမာတီနက်ဇ်ရဲ့





လုပ်ရပ်တစ်ခုက သရဲနီပရိသတ်တွေကို အချစ်ပိုစေခဲ့တယ်လို့
Dailymail သတင်းစာကရေးသားလိုက်ပါတယ်။ စပိန်ဘီလူးကြီးတွေနဲ့





ရင်ဆိုင်တဲ့ပွဲမှာ အိုးလ်ထရက်ဖို့ဒ်ကို လာရောက်အားပေးခဲ့တဲ့
ပရိသတ်ပေါင်း ၇၀၀၀၀ ကျော်ရှိခဲ့ပြီး သူတို့ဟာ အာဂျင်တိုင်း
နောက်ခံလူနဲ့တွေ့ဆုံခွင့်ရဖို့ အိမ်မပြန်ဘဲစောင့်ဆိုင်းခဲ့ကြဟန်ရှိပါတယ်။





ယူနိုက်တက်အသင်းမျှဝေထားတဲ့ တွစ်တာဗီဒီယိုဖိုင်တစ်ခုမှာတော့
တကယ့်ကြည်နူးဖွယ်ရာပုံရိပ်တွေကိုမြင်ခဲ့ရတာပါ။ ကမ္ဘာ့ဖလားဆုရှင်ဟာ





အိုးလ်ထရက်ဖို့ဒ်ကွင်းအပြင်ဘက် မိုးရွာထဲမှာ ပရိသတ်တွေကို
လက်မှတ်ထိုးပေးခြင်း၊ ဓာတ်ပုံရိုက်ခြင်းတွေကို အချိန်ပေး
လုပ်ဆောင်နေတာတွေ့ရပါတယ်။ သူတို့ရဲ့ကြယ်ပွင့်နောက်ခံလူနဲ့





တွေ့ချင်နေတဲ့ လူငယ်ပရိသတ်လေးတွေဟာ ခြံစည်းရိုးတစ်ဖက်မှာ
ရှိနေခဲ့ကြတာဖြစ်တယ်။ ဒီဗီဒီယိုဖိုင်ရိုက်ကူးထားတဲ့အချိန်ကို





မှန်းဆမယ်ဆိုရင်တော့ ည ၁၁ နာရီ ၄၀ လောက်ရှိနေပြီဖြစ်သလို
ဒါဟာ ဘာစီလိုနာနဲ့ပွဲပြီးလို့ ၂ နာရီလောက်နီးပါးကြာမြင့်နေတဲ့အချိန်ဖြစ်တယ်။
ဗီဒီယိုဖိုင်နဲ့အတူ “သန်းခေါင်ယံနီးပါးကြီး မိုးတွေရွာနေပါတယ်။





လီချာနဲ့ ပရိသတ်တွေကတော့ဇွဲကောင်းနေဆဲပါ” လို့ ခေါင်းစဉ်
တပ်ထားတာတွေ့ရပါတယ်။ ဒါကိုမြင်တဲ့ပရိသတ်တစ်ယောက်က





“ဒါက ကျွန်တော်တို့တွေ သူ့ကို ဘာလို့ချစ်ကြရသလဲဆိုတာပါပဲ။
ချစ်ခြင်းနဲ့ထိုက်တန်ပါတယ်” လို့ မှတ်ချက်ပေးခဲ့သလို
ဒုတိယတစ်ယောက်က “အသင်းအပေါ်ဖြူစင်တဲ့ ချစ်ခြင်းနဲ့ စေတနာတွေပါ” လို့





တုံ့ပြန်ခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက်ကို တန်ဟတ်ရောက်လာပြီးတဲ့နောက်
နယ်သာလန်သားဖန်တီးထားတဲ့ အပြုသဘောဆောင်တဲ့ပတ်ဝန်းကျင်ရဲ့





နမူနာတစ်ခုပဲလို့ အားလုံးကလက်ခံခဲ့ကြပါတယ်။
zawgyi
အိုးလ္ထရက္ဖို႔ဒ္ကြင္းအျပင္ဘက္မွာ ပရိသတ္ေတြကို သန္းေခါင္ယံအထိလက္ခံေတြ႕ဆုံခဲ့ၿပီး အခ်စ္ႀကီးေၾကာင္း မာတီနက္ဇ္ သက္ေသျပလိုက္





ဘာစီလိုနာကိုအႏိုင္ရခဲ့တဲ့ပြဲစဥ္အၿပီးမွာ ေနာက္ခံလူမာတီနက္ဇ္ရဲ႕
လုပ္ရပ္တစ္ခုက သရဲနီပရိသတ္ေတြကို အခ်စ္ပိုေစခဲ့တယ္လို႔





Dailymail သတင္းစာကေရးသားလိုက္ပါတယ္။ စပိန္ဘီလူးႀကီးေတြနဲ႔
ရင္ဆိုင္တဲ့ပြဲမွာ အိုးလ္ထရက္ဖို႔ဒ္ကို လာေရာက္အားေပးခဲ့တဲ့
ပရိသတ္ေပါင္း ၇၀၀၀၀ ေက်ာ္ရွိခဲ့ၿပီး သူတို႔ဟာ အာဂ်င္တိုင္း





ေနာက္ခံလူနဲ႔ေတြ႕ဆုံခြင့္ရဖို႔ အိမ္မျပန္ဘဲေစာင့္ဆိုင္းခဲ့ၾကဟန္ရွိပါတယ္။
ယူႏိုက္တက္အသင္းမွ်ေဝထားတဲ့ တြစ္တာဗီဒီယိုဖိုင္တစ္ခုမွာေတာ့





တကယ့္ၾကည္ႏူးဖြယ္ရာပုံရိပ္ေတြကိုျမင္ခဲ့ရတာပါ။ ကမာၻ႔ဖလားဆုရွင္ဟာ
အိုးလ္ထရက္ဖို႔ဒ္ကြင္းအျပင္ဘက္ မိုး႐ြာထဲမွာ ပရိသတ္ေတြကို
လက္မွတ္ထိုးေပးျခင္း၊ ဓာတ္ပုံ႐ိုက္ျခင္းေတြကို အခ်ိန္ေပး





လုပ္ေဆာင္ေနတာေတြ႕ရပါတယ္။ သူတို႔ရဲ႕ၾကယ္ပြင့္ေနာက္ခံလူနဲ႔
ေတြ႕ခ်င္ေနတဲ့ လူငယ္ပရိသတ္ေလးေတြဟာ ၿခံစည္း႐ိုးတစ္ဖက္မွာ





ရွိေနခဲ့ၾကတာျဖစ္တယ္။ ဒီဗီဒီယိုဖိုင္႐ိုက္ကူးထားတဲ့အခ်ိန္ကို
မွန္းဆမယ္ဆိုရင္ေတာ့ ည ၁၁ နာရီ ၄၀ ေလာက္ရွိေနၿပီျဖစ္သလို
ဒါဟာ ဘာစီလိုနာနဲ႔ပြဲၿပီးလို႔ ၂ နာရီေလာက္နီးပါးၾကာျမင့္ေနတဲ့အခ်ိန္ျဖစ္တယ္။





ဗီဒီယိုဖိုင္နဲ႔အတူ “သန္းေခါင္ယံနီးပါးႀကီး မိုးေတြ႐ြာေနပါတယ္။
လီခ်ာနဲ႔ ပရိသတ္ေတြကေတာ့ဇြဲေကာင္းေနဆဲပါ” လို႔ ေခါင္းစဥ္





တပ္ထားတာေတြ႕ရပါတယ္။ ဒါကိုျမင္တဲ့ပရိသတ္တစ္ေယာက္က
“ဒါက ကြၽန္ေတာ္တို႔ေတြ သူ႔ကို ဘာလို႔ခ်စ္ၾကရသလဲဆိုတာပါပဲ။
ခ်စ္ျခင္းနဲ႔ထိုက္တန္ပါတယ္” လို႔ မွတ္ခ်က္ေပးခဲ့သလို





ဒုတိယတစ္ေယာက္က “အသင္းအေပၚျဖဴစင္တဲ့ ခ်စ္ျခင္းနဲ႔ ေစတနာေတြပါ” လို႔
တုံ႔ျပန္ခဲ့ပါတယ္။ ဒါဟာ ယူႏိုက္တက္ကို တန္ဟတ္ေရာက္လာၿပီးတဲ့ေနာက္





နယ္သာလန္သားဖန္တီးထားတဲ့ အျပဳသေဘာေဆာင္တဲ့ပတ္ဝန္းက်င္ရဲ႕
နမူနာတစ္ခုပဲလို႔ အားလုံးကလက္ခံခဲ့ၾကပါတယ္။