အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းထွက်ခွာတော့မယ်လို့ ပြောလိုက်တာလား စီရော်နယ်ဒို

လီဗာပူးကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီး အင်စတာဂရမ်ပို့စ်တစ်ခုနဲ့အတူ ပြောဆိုခဲ့တဲ့ စီရော်နယ်ဒိုရဲ့ စကားတွေကြောင့် အနာဂတ်လားရာလမ်းကြောင်းဟာ မသေချာမရေရာတော့ဘူးလားလို့ မေးခွန်းထုတ်ရမလိုဖြစ်ခဲ့ပါတယ်။

လီဗာပူး နဲ့ပွဲမှာ မန်ယူနည်းပြတန်ဟက်ဟာ ဘရန်ဖို့ဒ်နဲ့ပွဲစဉ်က ရှုံးခဲ့တဲ့ လူစာရင်းကို အပြောင်းအလဲ ၄ ခု ပြုလုပ်ခဲ့ပြီး ပွဲထွက်လာခဲ့တာကြောင့် တိုက်စစ်မှူး စီ ရော်နယ်ဒိုဟာ ဦးစားပေး ပွဲထွက်လူစာရင်းမှာ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။

နောက်ပြီး အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒီပေါ်တူဂီသားဟာ အင်္ဂလန် ဒါဘီပွဲစဉ်ကို အရန်ခုံကနေသာ တစ်ချိန်လုံး ထိုင်ကြည့်နေခဲ့ရတာကြောင့် အနာဂတ်နဲ့ပတ်သက်ပြီး မသေချာမှုတွေ ရှိလာနေပြီဖြစ်ပါတယ်။ စီရော်နယ်ဒို ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး

သေချာသိထားတာမျိုး မရှိဘူးလို့ နည်းပြတန် ဟက်က ပြောဆိုထားတဲ့အပြင် လာမယ့်သီတင်းပတ်အတွင်းမှာ သူ့ရဲ့ အနာ ဂတ်နဲ့ ပတ်သက်ပြီး အရာအားလုံး ရှင်းပြသွားမှာ ဖြစ်တယ်လို့ စီရော်နယ်ဒို က ပြောဆိုထားပြီး ဖြစ်ပါတယ်။

မိသားစု အရေးကိစ္စတွေကြောင့် ထိုင်းနိုင်ငံနဲ့ သြစတြေးလျတို့မှာ သွားရောက်ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲတွေကို လွဲ ချော်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ရာသီကြိုကာလမှာ မန်ယူအတွက် ၄၅ မိနစ်သာ ကစားခဲ့ရသေးသလို ပရီးမီးယားလိဂ်ရာသီအစ

ဘရိုက်တန်နဲ့ ပွဲစဉ်မှာလည်း အရန်ခုံကနေ လူစားဝင်ခဲ့ရသူဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး အသင်းတွင်း လက်ရှိအနေအထားနဲ့ အနာဂတ်အတွက် မရေရာ မသေချာ ဖြစ်နေချိန်မှာ သူတင်လိုက်တဲ့ ပို့စ်တစ်ခုကြောင့် ရီးရဲလ်တိုက်စစ်မှူးဟောင်းရဲ့ မန်ယူအနာ ဂတ်ဟာ မသေချာတော့ဘူးလားလို့ ဆိုရမလိုဖြစ်နေပါပြီ။

‘’ကောင်းတယ် မန် ယူရေ။ အားပေးမှုအတွက် ကျေးဇူးပါပဲ အိုးလ်ထရက်ဖို့ဒ်ရေ’’ လို့ စီရော်နယ် ဒိုက ပရိသတ်တွေရဲ့ အားပေးမှုကို ရည်ညွှန်းပြီး အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့တာပါ။ ဒီပို့စ်ကို လီဆန်ဒရိုမာတီနက်ဇ်က လက်ခုပ်တီးတဲ့ emojis နဲ့ တုံ့ပြန်ပေးခဲ့ပါတယ်။

(zawgyi)

လီဗာပူးကို အႏိုင္ရခဲ့တဲ့ပြဲစဥ္အၿပီး အင္စတာဂရမ္ပို႔စ္တစ္ခုနဲ႔အတူ ေျပာဆိုခဲ့တဲ့ စီေရာ္နယ္ဒိုရဲ႕ စကားေတြေၾကာင့္ အနာဂတ္လားရာလမ္းေၾကာင္းဟာ မေသခ်ာမေရရာေတာ့ဘူးလားလို႔ ေမးခြန္းထုတ္ရမလိုျဖစ္ခဲ့ပါတယ္။

လီဗာပူး နဲ႔ပြဲမွာ မန္ယူနည္းျပတန္ဟက္ဟာ ဘရန္ဖို႔ဒ္နဲ႔ပြဲစဥ္က ရႈံးခဲ့တဲ့ လူစာရင္းကို အေျပာင္းအလဲ ၄ ခု ျပဳလုပ္ခဲ့ၿပီး ပြဲထြက္လာခဲ့တာေၾကာင့္ တိုက္စစ္မႉး စီ ေရာ္နယ္ဒိုဟာ ဦးစားေပး ပြဲထြက္လူစာရင္းမွာ ပါဝင္လာျခင္းမရွိခဲ့ပါဘူး။

ေနာက္ၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ဒီေပၚတူဂီသားဟာ အဂၤလန္ ဒါဘီပြဲစဥ္ကို အရန္ခုံကေနသာ တစ္ခ်ိန္လုံး ထိုင္ၾကည့္ေနခဲ့ရတာေၾကာင့္ အနာဂတ္နဲ႔ပတ္သက္ၿပီး မေသခ်ာမႈေတြ ရွိလာေနၿပီျဖစ္ပါတယ္။ စီေရာ္နယ္ဒို ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး

ေသခ်ာသိထားတာမ်ိဳး မရွိဘူးလို႔ နည္းျပတန္ ဟက္က ေျပာဆိုထားတဲ့အျပင္ လာမယ့္သီတင္းပတ္အတြင္းမွာ သူ႔ရဲ႕ အနာ ဂတ္နဲ႔ ပတ္သက္ၿပီး အရာအားလုံး ရွင္းျပသြားမွာ ျဖစ္တယ္လို႔ စီေရာ္နယ္ဒို က ေျပာဆိုထားၿပီး ျဖစ္ပါတယ္။

မိသားစု အေရးကိစၥေတြေၾကာင့္ ထိုင္းႏိုင္ငံနဲ႔ ၾသစေၾတးလ်တို႔မွာ သြားေရာက္ကစားခဲ့တဲ့ ရာသီႀကိဳေျခစမ္းပြဲေတြကို လြဲ ေခ်ာ္ခဲ့တဲ့ စီေရာ္နယ္ဒိုဟာ ရာသီႀကိဳကာလမွာ မန္ယူအတြက္ ၄၅ မိနစ္သာ ကစားခဲ့ရေသးသလို ပရီးမီးယားလိဂ္ရာသီအစ

ဘ႐ိုက္တန္နဲ႔ ပြဲစဥ္မွာလည္း အရန္ခုံကေန လူစားဝင္ခဲ့ရသူျဖစ္ပါတယ္။ ဒါေၾကာင့္ အခုလိုမ်ိဳး အသင္းတြင္း လက္ရွိအေနအထားနဲ႔ အနာဂတ္အတြက္ မေရရာ မေသခ်ာ ျဖစ္ေနခ်ိန္မွာ သူတင္လိုက္တဲ့ ပို႔စ္တစ္ခုေၾကာင့္ ရီးရဲလ္တိုက္စစ္မႉးေဟာင္းရဲ႕ မန္ယူအနာ ဂတ္ဟာ မေသခ်ာေတာ့ဘူးလားလို႔ ဆိုရမလိုျဖစ္ေနပါၿပီ။

‘’ေကာင္းတယ္ မန္ ယူေရ။ အားေပးမႈအတြက္ ေက်းဇူးပါပဲ အိုးလ္ထရက္ဖို႔ဒ္ေရ’’ လို႔ စီေရာ္နယ္ ဒိုက ပရိသတ္ေတြရဲ႕ အားေပးမႈကို ရည္ၫႊန္းၿပီး အင္စတာဂရမ္မွာ ပို႔စ္တင္ခဲ့တာပါ။ ဒီပို႔စ္ကို လီဆန္ဒ႐ိုမာတီနက္ဇ္က လက္ခုပ္တီးတဲ့ emojis နဲ႔ တုံ႔ျပန္ေပးခဲ့ပါတယ္။