





ကာဒစ်ဇ်နဲ့ခြေစမ်းပွဲစဉ်မှာ ယူနိုက်တက်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်
နယ်သာလန်ကြယ်ပွင့်ဂတ်ပိုက အိုးလ်ထရက်ဖို့ဒ်ကိုပြောင်းရွှေ့ဖို့





စဉ်းစားထားတယ်လို့ ဖွင့်ဟလာပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်ဘက်က
တရားဝင်ကမ်းလှမ်းမှုမလုပ်ထားပေမဲ့ အဆက်အသွယ်ရှိလာရင်တော့
ပီအက်စ်ဗွီတိုက်စစ်မှူးဘက်ကလက်ခံဖို့အဆင်သင့်ရှိနေတာဖြစ်တယ်။





ဂတ်ပိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ပွဲမှာ ၃ဂိုး သွင်းထားပြီး နယ်သာလန်ကို
ကွာတားဖိုင်နယ်ရောက်အောင်ပို့ဆောင်ပေးထားနိုင်သူဖြစ်တယ်။





ကမ္ဘာ့ဖလားမတိုင်ခင် ဒီရာသီနယ်သာလန်လိဂ် ၁၄ပွဲမှာ ၉ဂိုးသွင်း၊
၁၂ကြိမ်ဖန်တီးပေးထားပြီး ၂၁ဂိုးအထိ ပါဝင်ပတ်သတ်ထားတဲ့
ဂတ်ပိုခြေစွမ်းကအမြင့်ဆုံးမှာရှိနေခဲ့တာဖြစ်တယ်။ ပြီးခဲ့တဲ့နွေဈေးကွက်မှာ





ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ချိတ်ဆက်ခဲ့ပေမဲ့ အကောင်အထည်
မဖော်နိုင်ခဲ့တဲ့နောက် လိဒ်ယူနိုက်တက်ကိုပြောင်းရွှေ့ရလုနီးပါး





ဖြစ်ခဲ့တယ်လို့ ဂတ်ပိုက ပြောဆိုထားပါတယ်။ နယ်သာလန်သတင်းစာ
NRC နဲ့တွေ့ဆုံမှုမှာ ဂတ်ပိုက “အလွန်ခက်ခဲတဲ့ ကာလအပိုင်းအခြားဖြစ်ခဲ့တယ်။
အဲ့ဒီကနေသင်ယူခဲ့တယ်။ကျွန်တော် အဲ့လိုပုံစံထပ်မဖြစ်အောင်လုပ်မယ်။





ဘာပဲလာလာပေါ့။ RKC အသင်းကနေ ပီအက်စ်ဗွီသွားချင်တယ်ဆိုပါစို့၊
ဒါပေမဲ့ ကလပ်ဘက်ကမလာဘူးဖြစ်နေတယ်။ ဒီအခြေအနေက





မင်းကိုထိတ်လန့်စေလိမ့်မယ်။ ယူနိုက်တက်အကြောင်းတွေးခဲ့ပေမဲ့
ဖြစ်မလာခဲ့ဘူး။ ပြီးတော့သံသယဝင်လာတယ်။ လိဒ်ယူနိုက်တက်
ဝင်လာတယ်။ ကျွန်တော် အဲ့ဒီကိုသွားသင့်လား။





အခုတော့ ကျွန်တော့်ဘက်ကအရာရာတိုင်းကိုစောင့်ဆိုင်းနေပါပြီ။
ယူနိုက်တက်ဆီကတော့ ဘာသံမှမကြားရသေးဘူး။





သူတို့ဆီကလာရင်တော့ ကျွန်တော်ဒီအကြောင်းစဉ်းစားမှာပါ။
ဒီဆုံးဖြတ်ချက်တွေမှာ ဘုရားသခင်ရဲ့စောင့်ရှောက်မှုနဲ့
အကောင်းဆုံးဖြစ်လာမယ်ထင်တယ်” လို့ ဖွင့်ဟခဲ့ပါတယ်။





zawgyi





အိုးလ္ထရက္ဖို႔ဒ္ကိုေျပာင္းခ်င္ေပမဲ့ ယူႏိုက္တက္ကမ္းလွမ္းလာမွသာ စဥ္းစားေတာ့မယ္လို႔ ဂတ္ပို ဖြင့္ဟ
ကာဒစ္ဇ္နဲ႔ေျခစမ္းပြဲစဥ္မွာ ယူႏိုက္တက္ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္
နယ္သာလန္ၾကယ္ပြင့္ဂတ္ပိုက အိုးလ္ထရက္ဖို႔ဒ္ကိုေျပာင္းေ႐ႊ႕ဖို႔





စဥ္းစားထားတယ္လို႔ ဖြင့္ဟလာပါတယ္။ လက္ရွိအခ်ိန္မွာ ယူႏိုက္တက္ဘက္က
တရားဝင္ကမ္းလွမ္းမႈမလုပ္ထားေပမဲ့ အဆက္အသြယ္ရွိလာရင္ေတာ့





ပီအက္စ္ဗြီတိုက္စစ္မႉးဘက္ကလက္ခံဖို႔အဆင္သင့္ရွိေနတာျဖစ္တယ္။
ဂတ္ပိုဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ ၄ပြဲမွာ ၃ဂိုး သြင္းထားၿပီး နယ္သာလန္ကို
ကြာတားဖိုင္နယ္ေရာက္ေအာင္ပို႔ေဆာင္ေပးထားႏိုင္သူျဖစ္တယ္။





ကမာၻ႔ဖလားမတိုင္ခင္ ဒီရာသီနယ္သာလန္လိဂ္ ၁၄ပြဲမွာ ၉ဂိုးသြင္း၊
၁၂ႀကိမ္ဖန္တီးေပးထားၿပီး ၂၁ဂိုးအထိ ပါဝင္ပတ္သတ္ထားတဲ့





ဂတ္ပိုေျခစြမ္းကအျမင့္ဆုံးမွာရွိေနခဲ့တာျဖစ္တယ္။ ၿပီးခဲ့တဲ့ေႏြေဈးကြက္မွာ
ယူႏိုက္တက္ကိုေျပာင္းေ႐ႊ႕ဖို႔ခ်ိတ္ဆက္ခဲ့ေပမဲ့ အေကာင္အထည္
မေဖာ္ႏိုင္ခဲ့တဲ့ေနာက္ လိဒ္ယူႏိုက္တက္ကိုေျပာင္းေ႐ႊ႕ရလုနီးပါး





ျဖစ္ခဲ့တယ္လို႔ ဂတ္ပိုက ေျပာဆိုထားပါတယ္။ နယ္သာလန္သတင္းစာ
NRC နဲ႔ေတြ႕ဆုံမႈမွာ ဂတ္ပိုက “အလြန္ခက္ခဲတဲ့ ကာလအပိုင္းအျခားျဖစ္ခဲ့တယ္။





အဲ့ဒီကေနသင္ယူခဲ့တယ္။ကြၽန္ေတာ္ အဲ့လိုပုံစံထပ္မျဖစ္ေအာင္လုပ္မယ္။
ဘာပဲလာလာေပါ့။ RKC အသင္းကေန ပီအက္စ္ဗြီသြားခ်င္တယ္ဆိုပါစို႔၊
ဒါေပမဲ့ ကလပ္ဘက္ကမလာဘူးျဖစ္ေနတယ္။ ဒီအေျခအေနက





မင္းကိုထိတ္လန႔္ေစလိမ့္မယ္။ ယူႏိုက္တက္အေၾကာင္းေတြးခဲ့ေပမဲ့
ျဖစ္မလာခဲ့ဘူး။ ၿပီးေတာ့သံသယဝင္လာတယ္။ လိဒ္ယူႏိုက္တက္





ဝင္လာတယ္။ ကြၽန္ေတာ္ အဲ့ဒီကိုသြားသင့္လား။
အခုေတာ့ ကြၽန္ေတာ့္ဘက္ကအရာရာတိုင္းကိုေစာင့္ဆိုင္းေနပါၿပီ။
ယူႏိုက္တက္ဆီကေတာ့ ဘာသံမွမၾကားရေသးဘူး။





သူတို႔ဆီကလာရင္ေတာ့ ကြၽန္ေတာ္ဒီအေၾကာင္းစဥ္းစားမွာပါ။
ဒီဆုံးျဖတ္ခ်က္ေတြမွာ ဘုရားသခင္ရဲ႕ေစာင့္ေရွာက္မႈနဲ႔





အေကာင္းဆုံးျဖစ္လာမယ္ထင္တယ္” လို႔ ဖြင့္ဟခဲ့ပါတယ္။