အိုးထရက်ဖို့ဒ်မှာ ပရိသတ်ရှေ့ ပထမဆုံးကစားခွင့်ရတဲ့ပွဲကို ဂိုးပြတ်နိုင်ပွဲအဖြစ် ပုံဖော်နိုင်ခဲ့တဲ့ ယူနိုက်တက်အမျိုးသမီးအသင်း

ယူနိုက်တက်အမျိုးသမီးအသင်းဟာ အိုးထရက်ဖို့ဒ်မှာ

ပရိသတ်တွေရှေ့ ပထမဆုံးကစားခွင့်ရခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ
ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် နောက်ကနေ ချေပဂိုးနဲ့
အနိုင်ဂိုးတွေ သွင်းယူကာ ဂိုးပြတ်အနိုင်ရသွားပါတယ်။
ယခုရာသီ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲရဲ့ စံချိန်တင်ပရိသတ်
ဝင်ရောက်ကြည့်ရှုမှုအဖြစ် ဒီပွဲကို ပရိသတ်ပေါင်း

၂၀၂၄၁ ဦးအထိ လာရောက်ကြည့်ရှုခဲ့ပြီး ပွဲချိန် ၄မိနစ်မှာ
အဲဗာတန်က ဦးဆောင်ဂိုးသွင်းသွားလို့ ယူနိုက်တက်အသင်း နောက်ကနေလိုက်ကစားခဲ့ရပါတယ်။
ဒါပေမဲ့ ပွဲချိန် ၃၅မိနစ်မှာ အလက်ဆီယာရူဆိုက ခေါင်းတိုက်ချက်နဲ့
ပြန်လည်ချေပနိုင်ခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာ အသင်းခေါင်းဆောင်
ဇီလမ်းက ပင်နယ်တီကနေ ၂-၁ ဂိုးဖြစ်စေမယ့် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အဲဒီနောက် ပွဲပြီးခါနီးမှာ ရူဆိုကပဲ နောက်ထပ်ခေါင်းတိုက်ချက်နဲ့
အသင်းအတွက် အရေးပါတဲ့နိုင်ပွဲ ရယူပေးနိုင်ခဲ့ပြီး သူကိုယ်တိုင်လည်း
ယခုရာသီ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း ၉ဂိုအးထိ သွင်းယူထားပြီးဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းလည်း ရာသီသစ်မှာ
ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက်ပိုမိုအားကောင်းလာပြီး

တတိယနေရာမှာ ရပ်တည်နေပါတယ်။
ရာသီကုန်ဖို့ ၄ပွဲပဲ ကျန်တော့ချိန်မှာ ယူနိုက်တက်ဟာ အဆင့် ၄နေရာက
မန်စီးတီးကို တစ်ပွဲလျော့ ၃ မှတ်ဖြတ်ထားပြီး
ဂိုးကွာခြားချက်လည်း ၄ ဂိုအသာရထားပါတယ်။
WSL ပွဲကို အိုးထရက်ဖို့ဒ်မှာ လက်ခံကျင်းပတာ ဒီပွဲက

ဒုတိယအကြိမ်မြောက်ဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီက
ဝက်စ်ဟမ်းကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာတော့ ကိုဗစ်ပြဿနာတွေကြောင့်
ပရိသတ်မပါဘဲ ကျင်းပခဲ့ရတာဖြစ်ပါတယ်။

Zawgyi

အိုးထရက္ဖို႔ဒ္မွာ ပရိသတ္ေရွ႕ ပထမဆုံးကစားခြင့္ရတဲ့ပြဲကို ဂိုးျပတ္ႏိုင္ပြဲအျဖစ္ ပုံေဖာ္ႏိုင္ခဲ့တဲ့ ယူႏုိက္တက္အမ်ိဳးသမီးအသင္း
ယူႏုိက္တက္အမ်ိဳးသမီးအသင္းဟာ အုိးထရက္ဖုိ႔ဒ္မွာ
ပရိသတ္ေတြေရွ႕ ပထမဆုံးကစားခြင့္ရခဲ့တဲ့ အဲဗာတန္နဲ႔ပြဲမွာ
ဦးေဆာင္ဂိုးေပးလုိက္ရေပမယ့္ ေနာက္ကေန ေခ်ပဂိုးနဲ႔

အႏိုင္ဂိုးေတြ သြင္းယူကာ ဂိုးျပတ္အႏိုင္ရသြားပါတယ္။
ယခုရာသီ အမ်ိဳးသမီးစူပါလိဂ္ၿပိဳင္ပြဲရဲ႕ စံခ်ိန္တင္ပရိသတ္
၀င္ေရာက္ၾကည့္ရႈမႈအျဖစ္ ဒီပြဲကို ပရိသတ္ေပါင္း
၂၀၂၄၁ ဦးအထိ လာေရာက္ၾကည့္ရႈခဲ့ၿပီး ပြဲခ်ိန္ ၄မိနစ္မွာ
အဲဗာတန္က ဦးေဆာင္ဂိုးသြင္းသြားလုိ႔ ယူႏုိက္တက္အသင္း ေနာက္ကေနလုိက္ကစားခဲ့ရပါတယ္။

ဒါေပမဲ့ ပြဲခ်ိန္ ၃၅မိနစ္မွာ အလက္ဆီယာရူဆိုက ေခါင္းတုိက္ခ်က္နဲ႔
ျပန္လည္ေခ်ပႏုိင္ခဲ့ၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာ အသင္းေခါင္းေဆာင္
ဇီလမ္းက ပင္နယ္တီကေန ၂-၁ ဂိုးျဖစ္ေစမယ့္ ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။
အဲဒီေနာက္ ပြဲၿပီးခါနီးမွာ ရူဆုိကပဲ ေနာက္ထပ္ေခါင္းတုိက္ခ်က္နဲ႔
အသင္းအတြက္ အေရးပါတဲ့ႏိုင္ပြဲ ရယူေပးႏိုင္ခဲ့ၿပီး သူကိုယ္တုိင္လည္း

ယခုရာသီ အမ်ိဳးသမီးစူပါလိဂ္ၿပိဳင္ပြဲမွာ စုစုေပါင္း ၉ဂိုအးထိ သြင္းယူထားၿပီးျဖစ္ပါတယ္။
ဒီႏိုင္ပြဲေၾကာင့္ ယူႏုိက္တက္အသင္းလည္း ရာသီသစ္မွာ
ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ ေမွ်ာ္လင့္ခ်က္ပိုမုိအားေကာင္းလာၿပီး
တတိယေနရာမွာ ရပ္တည္ေနပါတယ္။
ရာသီကုန္ဖို႔ ၄ပြဲပဲ က်န္ေတာ့ခ်ိန္မွာ ယူႏုိက္တက္ဟာ အဆင့္ ၄ေနရာက

မန္စီးတီးကို တစ္ပြဲေလ်ာ့ ၃ မွတ္ျဖတ္ထားၿပီး
ဂိုးကြာျခားခ်က္လည္း ၄ ဂိုအသာရထားပါတယ္။
WSL ပြဲကို အိုးထရက္ဖုိ႔ဒ္မွာ လက္ခံက်င္းပတာ ဒီပြဲက
ဒုတိယအႀကိမ္ေျမာက္ျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ရာသီက
၀က္စ္ဟမ္းကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာေတာ့ ကိုဗစ္ျပႆနာေတြေၾကာင့္

ပရိသတ္မပါဘဲ က်င္းပခဲ့ရတာျဖစ္ပါတယ္။