အိုးထရက်ဖို့ဒ်မှာဆို မက်ဂွိုင်းယား လှောင်ပြောင်ခံရမှာမဟုတ်ဘူးလို့ ရန်းနစ် အခိုင်အမာပြော

ယူနိုက်တက်အသင်းနည်းပြ ရန်းနစ်က ယနေ့ညကစားရမယ့်

လက်စတာနဲ့အိမ်ကွင်းပွဲမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားအနေနဲ့
အိမ်ရှင်ယူနိုက်တက်ပရိသတ်တွေရဲ့လှောင်ပြောင်ခြင်း
ခံရမှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း အခိုင်အမာပြောပါတယ်။
ရန်းနစ်က အိုင်ဗရီကို့စ်အသင်းကို အင်္ဂလန်အသင်း
အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမတိုင်ခင် မက်ဂွိုင်းယားနာမည်

ကြေညာချိန်မှာ အင်္ဂလန်ပရိသတ်တွေက အော်ဟစ်လှောင်ပြောင်ခဲ့တာကို
နားမလည်နိုင်ဖြစ်မိကြောင်း ပြောပါတယ်။
”မက်ဂွိုင်းယားက အသင်းအတွက် အရမ်းကို
တန်ဖိုးရှိတဲ့ ကစားသမားတစ်ယောက်ပါ။
ဝင်ဘလေမှာ အင်္ဂလန်ပရိသတ်တွေက

ဘာဖြစ်လို့ သူ့ကို လှောင်ပြောင်တာလဲဆိုတာ
ကျွန်တော်လည်း နားမလည်နိုင်တော့ပါဘူး။
ဒါပေမဲ့ အိုးထရက်ဖို့ဒ်မှာတော့ ဒီလိုမျိုး
ဖြစ်မှာမဟုတ်တာ သေချာပါတယ်”လို့ ရန်းနစ်က ပြောပါတယ်။
မက်ဂွိုင်းယားဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်းရဖို့

ရုန်းကန်နေရရာ အထူးသဖြင့် ဆိုရှယ်မီဒီယာမှာ
ပိုမိုဝေဖန်ခံနေရပြီး ဘရာဇီးသား ဖရက်ဒ်လည်း
မက်ဂွိုင်းယားလိုပဲ ဝေဖန်ခံခဲ့ရသလို ရန်းနစ်က
မိမိအနေနဲ့ နောက်ထပ်ကွင်းလယ်လူ မက်တိုမီနေး
ဝေဖန်ခံရတာကိုပါ သတိပြုမိကြောင်း ပြောပါတယ်။

”ဒါက ပုဂ္ဂိုလ်ရေးကြောင့်လို့တော့ မထင်ဘူး။
အရင်တုန်းကလည်း အသင်းသား တစ်ယောက်၊
နှစ်ယောက်လောက် အခုလိုပဲ ဝေဖန်ခံခဲ့ရတယ်လေ။
ဖရက်ဒ်က အရမ်းအရေးကြီးတဲ့အသင်းသားဖြစ်ပြီး
ကျွန်တော်တု့ိအသင်းအတွက်ရော ဘရာဇီးအတွက်ပါ အရေးပါသူပါ”လို့

ယာယီနည်းပြ ရန်းနစ်က ဆက်ပြောပါတယ်။
မက်ဂွိုင်းယားဟာ ယခုရာသီ အိုးထရက်ဖို့ဒ်မှာ
ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်ခဲ့ရပြီးဖြစ်ကာ အက်သလက်ကို
အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် အိမ်ကွင်းပွဲမှာ
ပွဲပြီးခါနီး လူစားဝင်လာချိန် လှောင်ပြောင်ခံခဲ့ရပါတယ်။

Zawgyi

အိုးထရက္ဖုိ႔ဒ္မွာဆို မက္ဂြိဳင္းယား ေလွာင္ေျပာင္ခံရမွာမဟုတ္ဘူးလုိ႔ ရန္းနစ္ အခုိင္အမာေျပာ
ယူနုိက္တက္အသင္းနည္းျပ ရန္းနစ္က ယေန႔ညကစားရမယ့္

လက္စတာနဲ႔အိမ္ကြင္းပြဲမွာ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားအေနနဲ႔
အိမ္ရွင္ယူႏုိက္တက္ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္ျခင္း
ခံရမွာမဟုတ္ဘူးလုိ႔ ယုံၾကည္ေၾကာင္း အခုိင္အမာေျပာပါတယ္။
ရန္းနစ္က အိုင္ဗရီကို႔စ္အသင္းကို အဂၤလန္အသင္း
အႏိုင္ရခဲ့တဲ့ေျခစမ္းပြဲမတုိင္ခင္ မက္ဂြိဳင္းယားနာမည္

ေၾကညာခ်ိန္မွာ အဂၤလန္ပရိသတ္ေတြက ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့တာကုိ
နားမလည္ႏိုင္ျဖစ္မိေၾကာင္း ေျပာပါတယ္။
”မက္ဂြိဳင္းယားက အသင္းအတြက္ အရမ္းကို
တန္ဖိုးရွိတဲ့ ကစားသမားတစ္ေယာက္ပါ။
၀င္ဘေလမွာ အဂၤလန္ပရိသတ္ေတြက

ဘာျဖစ္လုိ႔ သူ႕ကို ေလွာင္ေျပာင္တာလဲဆုိတာ
ကၽြန္ေတာ္လည္း နားမလည္ႏိုင္ေတာ့ပါဘူး။
ဒါေပမဲ့ အိုးထရက္ဖို႔ဒ္မွာေတာ့ ဒီလိုမ်ိဳး
ျဖစ္မွာမဟုတ္တာ ေသခ်ာပါတယ္”လုိ႔ ရန္းနစ္က ေျပာပါတယ္။
မက္ဂြိဳင္းယားဟာ ယခုရာသီမွာ ပုံမွန္ေျခစြမ္းရဖို႔

ရုန္းကန္ေနရရာ အထူးသျဖင့္ ဆုိရွယ္မီဒီယာမွာ
ပိုမိုေ၀ဖန္ခံေနရၿပီး ဘရာဇီးသား ဖရက္ဒ္လည္း
မက္ဂြိဳင္းယားလိုပဲ ေ၀ဖန္ခံခဲ့ရသလို ရန္းနစ္က
မိမိအေနနဲ႔ ေနာက္ထပ္ကြင္းလယ္လူ မက္တိုမီေနး
ေ၀ဖန္ခံရတာကိုပါ သတိျပဳမိေၾကာင္း ေျပာပါတယ္။

”ဒါက ပုဂၢိဳလ္ေရးေၾကာင့္လုိ႔ေတာ့ မထင္ဘူး။
အရင္တုန္းကလည္း အသင္းသား တစ္ေယာက္၊
ႏွစ္ေယာက္ေလာက္ အခုလိုပဲ ေ၀ဖန္ခံခဲ့ရတယ္ေလ။
ဖရက္ဒ္က အရမ္းအေရးႀကီးတဲ့အသင္းသားျဖစ္ၿပီး
ကၽြန္ေတာ္တု႔ိအသင္းအတြက္ေရာ ဘရာဇီးအတြက္ပါ အေရးပါသူပါ”လုိ႔

ယာယီနည္းျပ ရန္းနစ္က ဆက္ေျပာပါတယ္။
မက္ဂြိဳင္းယားဟာ ယခုရာသီ အုိးထရက္ဖို႔ဒ္မွာ
ေ၀ဖန္မႈတခ်ိဳ႕နဲ႔ ရင္ဆုိင္ခဲ့ရၿပီးျဖစ္ကာ အက္သလက္ကို
အေရးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ အိမ္ကြင္းပြဲမွာ
ပြဲၿပီးခါနီး လူစား၀င္လာခ်ိန္ ေလွာင္ေျပာင္ခံခဲ့ရပါတယ္။