အိုဝင်က အင်္ဂလန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်တာကို ကြည့်ပြီးတဲ့နောက် နိုင်ငံဘောလုံးကို စိတ်ကုန်ကြောင်း ဝန်ခံ

ဆန်မာရီနိုကို ၁၀ ဂိုးပြတ်နဲ့အနိုင်ရပြီး အင်္ဂလန်အသင်း ကမ္ဘာ့ဖလား

ခြေစစ်ပွဲအောင်တာကို ကြည့်ပြီးတဲ့နောက် နိုင်ငံဘောလုံးကို စိတ်ကုန်လာကြောင်း

အင်္ဂလန်အသင်းတိုက်စစ်မှုးဟောင်းမိုက်ကယ်အိုဝင်က ဝန်ခံလိုက်ပါတယ်။

ဆောက်ဂိတ်ရဲ့အသင်းဟာ ဖီဖာကမ္ဘာ့အဆင့်အနိမ့်ဆုံးအသင်းကို

ဂိုးမိုးရွာခဲ့တာဖြစ်ပြီး ပထမပိုင်းကတည်းက ၆ ဂိုးပြတ်ခဲ့ကာ

အသင်းခေါင်းဆောင်ဟယ်ရီကိန်းတစ်ယောက်တည်း ၄ ဂိုးသွင်းခဲ့ပါတယ်။

ကစားသမားဘဝမှာ အင်္ဂလန်နဲ့အတူ ကမ္ဘာ့ဖလား ၃ ကြိမ်ဆင်နွှဲခဲ့ဲတဲ့အိုဝင်ဟာ

အခြားအင်္ဂလန်ပရိသတ်တွေလိုပဲ ဆန်မာရီနိုလိုအသင်းငယ်တွေက

ထိပ်တန်းနိုင်ငံတကာအသင်းတွေနဲ့ ယှဉ်ပြိုင်ရတဲ့အပေါ်မှာ မေးခွန်းထုတ်ခဲ့ပါတယ်။

”ပြိုင်ပွဲကြီးတွေကလွဲလို့ နိုင်ငံဘောလုံးပွဲတွေကြည့်ရတာ တော်တော်စိတ်ကုန်သွားတယ်။

လူတော်များများလည်း အဲဒီလိုခံစားရမှာပဲလို့ ထင်တယ်။

ဒီပွဲတွေရဲ့တစ်ဝက်လောက်က ဘာမှအဓိပ္ပါယ်မရှိပါဘူး။ ပြင်ဆင်ပြောင်းလဲမှုတစ်ခု

လိုအပ်နေပါပြီ”လို့ အိုဝင်က ဆိုရှယ်မီဒီယာတစ်ခုမှာ တင်ခဲ့တာပါ။

မန်ယူအသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ရွိုင်ကိန်းကလည်း ဆန်မာရီနိုအတွက်

ဝမ်းနည်းရကြောင်း ဝန်ခံလိုက်ပြီး အဲဒီဥရောပအသင်းငယ်ဟာ

ဒီခြေစစ်ပွဲတစ်လျှောက်မှာ ၄၆ ဂိုးပေးရပြီး တစ်ဂိုးသာပြန်သွင်းနိုင်ခဲ့တာပါ။

”သူတို့အတွက် ဝမ်းနည်းမိတယ်ဗျာ။ ဘယ်နေရာမှာပဲကြည့်ကြည့်

သူတို့ဟာ အားနည်းနေတာပါ။ သူတို့ဟာ အင်္ဂလန်နဲ့တစ်ကွင်းတည်း

မကန်သင့်ဘူး။ ပွဲမတိုင်ခင်မှာ သူတို့နည်းပြက ဘာပြောနိုင်မလဲဗျာ။

ပွဲတိုင်းရှုံးနေရတာက သူတို့အတွက် အသည်းကွဲစရာဖြစ်မှာပါ”လို့

ဘောလုံးဝေဖန်သုံးသပ်သူလုပ်ရင်း ရုပ်သံတစ်ခုမှာ ရွိင်ကိန်းက ပြောခဲ့ပတယ်။

ဆန်မာရီနိုဟာ သူတို့အသင်းသမိုင်းတစ်လျှောက်မှာ ပြိုင်ပွဲအသွင် တစ်ပွဲမှ

မနိုင်ဖူးသေးဘဲ ၂၀၀၄ က ခြေစမ်းပွဲမှာ လက်ချင်စတိန်းကိုနိုင်ခဲ့တာဟာ

သူတို့သမိုင်းတစ်လျှောက် တစ်ပွဲတည်းသောနိုင်ပွဲဖြစ်ပါတယ်။

နိုင်ငံဘောလုံးရဲ့ခြေစစ်ပွဲတွေမှာ အသင်းကြီးနဲ့အသင်းလေးကြား

ကွာဟချက်ကြီးမားနေပြီး အဲဒီအတွက် ပြောင်းလဲမှုတွေလုပ်ဖို့

ထောက်ပြနေကြပါတယ်။ယူရိုနဲ့ကမ္ဘာ့ဖလားတို့အတွက်

အကြိုခြေစစ်ပွဲတွေရှိဖို့လိုလာပြီလို့ ပရိသတ်တွေက ပြောကြပါတယ်။

zawgyi

အိုဝင္က အဂၤလန္အသင္း ကမာၻ႔ဖလားေျခစစ္ပြဲေအာင္တာကို ၾကည့္ၿပီးတဲ့ေနာက္ ႏိုင္ငံေဘာလုံးကို စိတ္ကုန္ေၾကာင္း ဝန္ခံ

ဆန္မာရီႏိုကို ၁၀ ဂိုးျပတ္နဲ႔အႏိုင္ရၿပီး အဂၤလန္အသင္း ကမာၻ႔ဖလား

ေျခစစ္ပြဲေအာင္တာကို ၾကည့္ၿပီးတဲ့ေနာက္ ႏိုင္ငံေဘာလုံးကို စိတ္ကုန္လာေၾကာင္း

အဂၤလန္အသင္းတိုက္စစ္မႈးေဟာင္းမိုက္ကယ္အိုဝင္က ဝန္ခံလိုက္ပါတယ္။

ေဆာက္ဂိတ္ရဲ႕အသင္းဟာ ဖီဖာကမာၻ႔အဆင့္အနိမ့္ဆုံးအသင္းကို

ဂိုးမိုး႐ြာခဲ့တာျဖစ္ၿပီး ပထမပိုင္းကတည္းက ၆ ဂိုးျပတ္ခဲ့ကာ

အသင္းေခါင္းေဆာင္ဟယ္ရီကိန္းတစ္ေယာက္တည္း ၄ ဂိုးသြင္းခဲ့ပါတယ္။

ကစားသမားဘဝမွာ အဂၤလန္နဲ႔အတူ ကမာၻ႔ဖလား ၃ ႀကိမ္ဆင္ႏႊဲခဲ့ဲတဲ့အိုဝင္ဟာ

အျခားအဂၤလန္ပရိသတ္ေတြလိုပဲ ဆန္မာရီႏိုလိုအသင္းငယ္ေတြက

ထိပ္တန္းႏိုင္ငံတကာအသင္းေတြနဲ႔ ယွဥ္ၿပိဳင္ရတဲ့အေပၚမွာ ေမးခြန္းထုတ္ခဲ့ပါတယ္။

”ၿပိဳင္ပြဲႀကီးေတြကလြဲလို႔ ႏိုင္ငံေဘာလုံးပြဲေတြၾကည့္ရတာ ေတာ္ေတာ္စိတ္ကုန္သြားတယ္။

လူေတာ္မ်ားမ်ားလည္း အဲဒီလိုခံစားရမွာပဲလို႔ ထင္တယ္။

ဒီပြဲေတြရဲ႕တစ္ဝက္ေလာက္က ဘာမွအဓိပၸါယ္မရွိပါဘူး။ ျပင္ဆင္ေျပာင္းလဲမႈတစ္ခု

လိုအပ္ေနပါၿပီ”လို႔ အိုဝင္က ဆိုရွယ္မီဒီယာတစ္ခုမွာ တင္ခဲ့တာပါ။

မန္ယူအသင္းေခါင္းေဆာင္ေဟာင္းျဖစ္တဲ့႐ြိဳင္ကိန္းကလည္း ဆန္မာရီႏိုအတြက္

ဝမ္းနည္းရေၾကာင္း ဝန္ခံလိုက္ၿပီး အဲဒီဥေရာပအသင္းငယ္ဟာ

ဒီေျခစစ္ပြဲတစ္ေလွ်ာက္မွာ ၄၆ ဂိုးေပးရၿပီး တစ္ဂိုးသာျပန္သြင္းႏိုင္ခဲ့တာပါ။

”သူတို႔အတြက္ ဝမ္းနည္းမိတယ္ဗ်ာ။ ဘယ္ေနရာမွာပဲၾကည့္ၾကည့္

သူတို႔ဟာ အားနည္းေနတာပါ။ သူတို႔ဟာ အဂၤလန္နဲ႔တစ္ကြင္းတည္း

မကန္သင့္ဘူး။ ပြဲမတိုင္ခင္မွာ သူတို႔နည္းျပက ဘာေျပာႏိုင္မလဲဗ်ာ။

ပြဲတိုင္းရႈံးေနရတာက သူတို႔အတြက္ အသည္းကြဲစရာျဖစ္မွာပါ”လို႔

ေဘာလုံးေဝဖန္သုံးသပ္သူလုပ္ရင္း ႐ုပ္သံတစ္ခုမွာ ႐ြိင္ကိန္းက ေျပာခဲ့ပတယ္။

ဆန္မာရီႏိုဟာ သူတို႔အသင္းသမိုင္းတစ္ေလွ်ာက္မွာ ၿပိဳင္ပြဲအသြင္ တစ္ပြဲမွ

မႏိုင္ဖူးေသးဘဲ ၂၀၀၄ က ေျခစမ္းပြဲမွာ လက္ခ်င္စတိန္းကိုႏိုင္ခဲ့တာဟာ

သူတို႔သမိုင္းတစ္ေလွ်ာက္ တစ္ပြဲတည္းေသာႏိုင္ပြဲျဖစ္ပါတယ္။

ႏိုင္ငံေဘာလုံးရဲ႕ေျခစစ္ပြဲေတြမွာ အသင္းႀကီးနဲ႔အသင္းေလးၾကား

ကြာဟခ်က္ႀကီးမားေနၿပီး အဲဒီအတြက္ ေျပာင္းလဲမႈေတြလုပ္ဖို႔

ေထာက္ျပေနၾကပါတယ္။ယူ႐ိုနဲ႔ကမာၻ႔ဖလားတို႔အတြက္

အႀကိဳေျခစစ္ပြဲေတြရွိဖို႔လိုလာၿပီလို႔ ပရိသတ္ေတြက ေျပာၾကပါတယ္။