အိုမိုနီယာကိုဂိုးသွင်းနိုင်ဖို့အတွက် တွန်မီနေးကို တန်ဟတ်ကြီး ဘာတွေ ပြောခဲ့သလဲ

မန်ယူက အိုမိုနီယာကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင် ကစားသမား တွန်မီနေးရဲ့ နာကျင်အချိန်ပို သွင်းဂိုးကြောင့် သရဲနီတွေဟာ အိုးလ်ထရက်ဖို့ဒ် မှာ အဖိုးတန် အနိုင် ၃ မှတ် ရရှိခဲ့တာဖြစ်ပါတယ်။

အသင်းနှစ်သင်းရဲ့ ခြေစွမ်း နဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေကြား ကွာဟချက်ကြီးမားတာကြောင့် မန်ယူဟာ ဆိုက်ပရပ်စ်ကလပ်ကို လွယ်လွယ်လေးနဲ့ပဲ အနိုင်ယူသွားခဲ့မယ်လို့ ထင်ထား ခဲ့ရပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ ဂိုးသမား အူဇိုနိုရဲ့ အံ့မခန်း ကာကွယ်မှုတွေကြောင့် အိမ်ရှင်အသင်းဟာ အခက်တွေ့ခဲ့ရတာပါ။

ဒါ ကြောင့် နည်းပြအဲရစ်တန်ဟတ်ဟာ သွင်းဂိုးရဖို့အတွက် ဒုတိယပိုင်းမှာ လူ စားလဲမှုတွေ ပြုလုပ်ပြီး နည်းစနစ်ပိုင်း အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် ၉၀+၃ မိနစ်မှာတော့ တွန်မီနေးက ဆန်ချိုရဲ့ ပေးပို့မှုက တစ်ဆင့် အနီးကပ်အနေအထားကနေ ဂိုးသွင်းယူသွားနိုင်ခဲ့လို့ အိမ်ရှင်တို့ နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

ဒီလို ဂိုးသွင်းနိုင်ဖို့အတွက် နည်းပြတန်ဟတ်ဟာ လူစားလဲမှု ပြုလုပ်ချိန်မှာ မှာကြားခဲ့တဲ့ စကားတွေကို ကက်စ်မီရို နေရာမှာ အစားဝင်လာတဲ့ တွန်မီနေးက အခုလို ပြန်ပြောင်း ပြောဆိုခဲ့ပါတယ်။

‘’ဟုတ်ပါတယ်။ ဒီပွဲကို အနိုင်ရဖို့ လိုတယ်ဆိုတာ ကျွန်တော်တို့သိတယ်။ သူတို့လည်း စိတ်လှုပ်ရှားနေကြလိမ့်မယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။

နည်းပြကိုလည်း ကျွန်တော်တို့ ကောင်းကောင်း သိတယ်။ နေးလ်လင်နွန်က နည်းပြကောင်းတစ်ယောက်ပါ။

သူတို့ ကစားမယ့် ပုံစံကိုလည်း ကျွန်တော်တို့ သိတယ်။ ပွဲချိန်ကုန်ဆုံးဖို့ နီးကပ်လာတာနဲ့အမျှ သူတို့ဟာ အထိုင်ဘက်မှာ ပိုပိုပြီး ကစားလာတယ်။

ဒါကြောင့် ပင်နယ်တီဧရိယာ အစပ်နားမှာ နေရာလွတ်တွေအများကြီးရှိလာတယ်။ အဲဒီနေရာက ကျွန်တော်တို့ရဲ့ ကန်ချက်တွေနဲ့အတူ အကျိုးရှိရှိ အသုံးချရမယ့် နေရာဖြစ် တယ်လို့ နည်းပြက ပြောခဲ့တာပါ။

ကျွန်တော်လည်း သုံးခါလောက် ကန်ခဲ့ရတယ်။ တစ်ခုကတော့ လွဲသွားခဲ့တယ်။ နှစ်ကြိမ်ကတော့ ဂိုးပေါက် တည့်ခဲ့တာပါ’’ လို့ တွန်မီနေးက အိုမိုနီယာနဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

အိုမိုနီယာကိုဂိုးသြင္းႏိုင္ဖို႔အတြက္ တြန္မီေနးကို တန္ဟတ္ႀကီး ဘာေတြ ေျပာခဲ့သလဲ

မန္ယူက အိုမိုနီယာကို ၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ လူစားဝင္ ကစားသမား တြန္မီေနးရဲ႕ နာက်င္အခ်ိန္ပို သြင္းဂိုးေၾကာင့္ သရဲနီေတြဟာ အိုးလ္ထရက္ဖို႔ဒ္ မွာ အဖိုးတန္ အႏိုင္ ၃ မွတ္ ရရွိခဲ့တာျဖစ္ပါတယ္။

အသင္းႏွစ္သင္းရဲ႕ ေျခစြမ္း နဲ႔ တစ္ဦးခ်င္းစြမ္းေဆာင္ရည္ေတြၾကား ကြာဟခ်က္ႀကီးမားတာေၾကာင့္ မန္ယူဟာ ဆိုက္ပရပ္စ္ကလပ္ကို လြယ္လြယ္ေလးနဲ႔ပဲ အႏိုင္ယူသြားခဲ့မယ္လို႔ ထင္ထား ခဲ့ရေပမယ့္ တကယ္တမ္း လက္ေတြ႕မွာေတာ့ ဂိုးသမား အူဇိုႏိုရဲ႕ အံ့မခန္း ကာကြယ္မႈေတြေၾကာင့္ အိမ္ရွင္အသင္းဟာ အခက္ေတြ႕ခဲ့ရတာပါ။ ဒါ ေၾကာင့္ နည္းျပအဲရစ္တန္ဟတ္ဟာ သြင္းဂိုးရဖို႔အတြက္ ဒုတိယပိုင္းမွာ လူ စားလဲမႈေတြ ျပဳလုပ္ၿပီး နည္းစနစ္ပိုင္း အေျပာင္းအလဲေတြ ျပဳလုပ္ခဲ့ပါတယ္။

ဒါေၾကာင့္ ပြဲခ်ိန္ ၉၀+၃ မိနစ္မွာေတာ့ တြန္မီေနးက ဆန္ခ်ိဳရဲ႕ ေပးပို႔မႈက တစ္ဆင့္ အနီးကပ္အေနအထားကေန ဂိုးသြင္းယူသြားႏိုင္ခဲ့လို႔ အိမ္ရွင္တို႔ ႏိုင္ပြဲရခဲ့တာျဖစ္ပါတယ္။ ဒီလို ဂိုးသြင္းႏိုင္ဖို႔အတြက္ နည္းျပတန္ဟတ္ဟာ လူစားလဲမႈ ျပဳလုပ္ခ်ိန္မွာ မွာၾကားခဲ့တဲ့ စကားေတြကို ကက္စ္မီ႐ို ေနရာမွာ အစားဝင္လာတဲ့ တြန္မီေနးက အခုလို ျပန္ေျပာင္း ေျပာဆိုခဲ့ပါတယ္။

‘’ဟုတ္ပါတယ္။ ဒီပြဲကို အႏိုင္ရဖို႔ လိုတယ္ဆိုတာ ကြၽန္ေတာ္တို႔သိတယ္။ သူတို႔လည္း စိတ္လႈပ္ရွားေနၾကလိမ့္မယ္ဆိုတာ ကြၽန္ေတာ္တို႔သိပါတယ္။

နည္းျပကိုလည္း ကြၽန္ေတာ္တို႔ ေကာင္းေကာင္း သိတယ္။ ေနးလ္လင္ႏြန္က နည္းျပေကာင္းတစ္ေယာက္ပါ။ သူတို႔ ကစားမယ့္ ပုံစံကိုလည္း ကြၽန္ေတာ္တို႔ သိတယ္။ ပြဲခ်ိန္ကုန္ဆုံးဖို႔ နီးကပ္လာတာနဲ႔အမွ် သူတို႔ဟာ အထိုင္ဘက္မွာ ပိုပိုၿပီး ကစားလာတယ္။

ဒါေၾကာင့္ ပင္နယ္တီဧရိယာ အစပ္နားမွာ ေနရာလြတ္ေတြအမ်ားႀကီးရွိလာတယ္။ အဲဒီေနရာက ကြၽန္ေတာ္တို႔ရဲ႕ ကန္ခ်က္ေတြနဲ႔အတူ အက်ိဳးရွိရွိ အသုံးခ်ရမယ့္ ေနရာျဖစ္ တယ္လို႔ နည္းျပက ေျပာခဲ့တာပါ။ ကြၽန္ေတာ္လည္း သုံးခါေလာက္ ကန္ခဲ့ရတယ္။ တစ္ခုကေတာ့ လြဲသြားခဲ့တယ္။ ႏွစ္ႀကိမ္ကေတာ့ ဂိုးေပါက္ တည့္ခဲ့တာပါ’’ လို႔ တြန္မီေနးက အိုမိုနီယာနဲ႔ ပြဲစဥ္အၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။