အိုနေတဲ့ ရော်နယ်ဒိုကို ပြန်မခေါ်ပါဘူးဆိုတဲ့ ပီရက်ဇ်

မန်ယူကနေ ထွက်ခွာပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်ရလိုနေတဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ကတော့ ပတ်တောပိတ်သွားအောင် ပြောလိုက်ပါပြီ။ ရော်နယ်ဒိုဟာ ဘာနေဗျူး ကွင်းမှာ ၉ နှစ်ကြာ

ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး စပိန်ကလပ်နဲ့အတူ ရွှေရောင် ခေတ်ကို ဖြတ်သန်းခဲ့ပေမယ့် သူ့ကို နောက်တစ်ကြိမ် ပြန်လည်ခေါ်ယူဖိုဆို တာကတော့ အသက်ကြီးလွန်းနေပြီဖြစ်တယ်လို ပီရက်ဇ်က ပြောဆိုလိုက်ပါတယ်။ ‘’ခရစ္စတီယာနိုလား။ တစ်ဖန်ပြန်ခေါ်ဖိုလား။

အဲဒီကောင်က ၃၈ နှစ် တောင်ရှိနေပြီဟ’’ လို အင်္ဂါနေ့က ပေါ်ထွက်လာခဲ့တဲ့ TikTok ဗီ ဒီယိုတစ်ခုမှာ ပီရက်ဇ်က ပြောဆိုခဲ့တာကို Daily Mail သတင်းစာက ပြန်လည်ဖော်ပြခဲ့ တာတွေ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်က ဖရန့်ဖတ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ ဥရောပစူပါဖလားပွဲစဉ်အပြီး

ဟယ်စင်ကီး ဟိုတယ်ထဲကို ဥက္ကဋ္ဌပီရက်ဇ် ပြန် ဝင်လာချိန်မှာ ပရိသတ်တွေက ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်း လိုက်တဲ့အပေါ် ပီရက်ဇ်က အခုလိုမျိုး ပြန်လည်ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြသစ် အဲရစ်တန်ဟတ်ဟာ မန်ယူကို အစွမ်းရှိသလောက်အကောင်းဆုံး

ပြင်ဆင်ပြီး မွမ်းမံမှုတွေ ပြုလုပ်ခဲ့ပေမယ့် အသင်းတွင်းမှာ ရော်နယ်ဒိုကို အလို မကျဖြစ်နေတဲ့ ကစားသမား အတော်များများ ရှိနေသလို တိုက်စစ်မှူး မာရှယ်ကလည်း တံကောက်ကြောဒဏ်ရာ ရနေပြီး ပုံမှန်ခြေစွမ်းရဖို ရုန်းကန်နေရတဲ့ ရက်ရှ်ဖိုဒ်တိုကြောင့်

သရဲနီတွေရဲ့ တိုက်စစ်ပြဿနာက တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆိုးရွားလာနေတာကို တွေ့ရပါတယ်။ ဒီကြားထဲ ရက်ရှ်ဖိုဒ်က ပီအက်စ် ဂျီနဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ သတင်းထွက်လာပြန်တော့ မန်ယူတိုက်စစ် အတွက်

ရတက်မအေးစရာ အခြေအနေ ဖြစ်လာနေတာပါတယ်။ အကျပ် အတည်းတွေရှိနေတုန်းမှာပဲ မန်ယူဟာ ဒီသီတင်းပတ်မှာတော့ အိမ်ကွင်း လုပ်အားနှုန်းကောင်းတဲ့ ဘရန်ဖိုဒ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဦးမှာဖြစ်လိုတန်ဟက်နဲ့

သရဲနီတပ်တော်ကြီးအတွက် အစမ်းသပ် ခံရဦးမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာဦးမှာပါ။ ဒါပေမဲ့ ဒီပွဲမှာတော့ တိုက်စစ်မှူး ရော် နယ်ဒိုတစ်ယောက် ပထမဦးစားပေး ပွဲထွက်စာရင်းမှာ ပါဝင်လာနိုင်ဖို ရာခိုင် နှုန်းများနေပါတယ်။

(zawgyi)

မန္ယူကေန ထြက္ခြာၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ကစားခြင့္ရလိုေနတဲ့ တိုက္စစ္မႉး စီေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီး ရီးရဲလ္မက္ဒရစ္ဥကၠ႒ ဖေလာ္ရင္တီႏိုပီရက္ဇ္ကေတာ့ ပတ္ေတာပိတ္သြားေအာင္ ေျပာလိုက္ပါၿပီ။ေရာ္နယ္ဒိုဟာ ဘာေနဗ်ဴး ကြင္းမွာ ၉ ႏွစ္ၾကာ က်င္လည္ခဲ့ဖူးသူျဖစ္ၿပီး စပိန္ကလပ္နဲ႔အတူ

ေ႐ႊေရာင္ ေခတ္ကို ျဖတ္သန္းခဲ့ေပမယ့္ သူ႔ကို ေနာက္တစ္ႀကိမ္ ျပန္လည္ေခၚယူဖိုဆို တာကေတာ့ အသက္ႀကီးလြန္းေနၿပီျဖစ္တယ္လို ပီရက္ဇ္က ေျပာဆိုလိုက္ပါတယ္။ ‘’ခရစၥတီယာႏိုလား။ တစ္ဖန္ျပန္ေခၚဖိုလား။

အဲဒီေကာင္က ၃၈ ႏွစ္ ေတာင္ရွိေနၿပီဟ’’ လို အဂၤါေန႔က ေပၚထြက္လာခဲ့တဲ့TikTok ဗီ ဒီယိုတစ္ခုမွာ ပီရက္ဇ္က ေျပာဆိုခဲ့တာကို Daily Mail သတင္းစာက ျပန္လည္ေဖာ္ျပခဲ့ တာေတြ႕ရပါတယ္။ ရီးရဲလ္မက္ဒရစ္က ဖရန႔္ဖတ္ကို ၂-၀ ဂိုးနဲ႔ အႏိုင္ရတဲ့ ဥေရာပစူပါဖလားပြဲစဥ္အၿပီး

ဟယ္စင္ကီး ဟိုတယ္ထဲကို ဥကၠ႒ပီရက္ဇ္ ျပန္ ဝင္လာခ်ိန္မွာ ပရိသတ္ေတြက ေရာ္နယ္ဒိုနဲ႔ ပတ္သက္ၿပီး ေမးခြန္းေမးျမန္း လိုက္တဲ့အေပၚ ပီရက္ဇ္က အခုလိုမ်ိဳး ျပန္လည္ေျဖၾကားခဲ့တာပဲ ျဖစ္ပါတယ္။ နည္းျပသစ္ အဲရစ္တန္ဟတ္ဟာ မန္ယူကိုအစြမ္းရွိသေလာက္ အေကာင္းဆုံး

ျပင္ဆင္ၿပီး မြမ္းမံမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ အသင္းတြင္းမွာ ေရာ္နယ္ဒိုကို အလို မက်ျဖစ္ေနတဲ့ ကစားသမား အေတာ္မ်ားမ်ား ရွိေနသလို တိုက္စစ္မႉး မာရွယ္ကလည္း တံေကာက္ေၾကာဒဏ္ရာရေနၿပီး ပုံမွန္ေျခစြမ္းရဖို ႐ုန္းကန္ေနရတဲ့

ရက္ရွ္ဖိုဒ္တိုေၾကာင့္ သရဲနီေတြရဲ႕ တိုက္စစ္ျပႆနာက တစ္ေန႔ထက္တစ္ေန႔ ပိုၿပီး ဆိုး႐ြားလာေနတာကို ေတြ႕ရပါတယ္။ ဒီၾကားထဲ ရက္ရွ္ဖိုဒ္က ပီအက္စ္ ဂ်ီနဲ႔ပတ္သက္ၿပီး လက္ရွိအခ်ိန္မွာ

သတင္းထြက္လာျပန္ေတာ့ မန္ယူတိုက္စစ္ အတြက္ ရတက္မေအးစရာ အေျခအေန ျဖစ္လာေနတာပါတယ္။ အက်ပ္ အတည္းေတြရွိေနတုန္းမွာပဲ မန္ယူဟာ ဒီသီတင္းပတ္မွာေတာ့ အိမ္ကြင္း လုပ္အားႏႈန္းေကာင္းတဲ့ ဘရန္ဖိုဒ္အသင္းကို

အေဝးကြင္းမွာသြားေရာက္ ရင္ဆိုင္ရဦးမွာျဖစ္လို တန္ဟက္နဲ႔ သရဲနီတပ္ေတာ္ႀကီးအတြက္ အစမ္းသပ္ ခံရဦးမယ့္ ပြဲစဥ္တစ္ပြဲ ျဖစ္လာဦးမွာပါ။ ဒါေပမဲ့ ဒီပြဲမွာေတာ့ တိုက္စစ္မႉး ေရာ္ နယ္ဒိုတစ္ေယာက္ ပထမဦးစားေပး ပြဲထြက္စာရင္းမွာ ပါဝင္လာႏိုင္ဖို ရာခိုင္ ႏႈန္းမ်ားေနပါတယ္။