အိုဒွိုင်းရဲ့ မဟာအခွင့်ရေးကို ဖြုန်းတီးပစ်လိုက်လို့ နစ်နာခဲ့တဲ့ ချဲလ်ဆီး

ဘရိုက်တန်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ချဲလ်ဆီးတောင်ပံကစားသမား အိုဒွိုင်းရဲ့

ကစားဖော်မေဆန်မောင့် ဆီဘောလုံးပေးပို့မှုဟာ တော်တော်လေးကိုဆိုးရွားလွန်းလို့

ဝေဖန်မှုတွေခံနေရတဲ့အပြင် ချဲလ်ဆီးအသင်းလည်းနစ်နာခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းက ၁-၀ နဲ့ဦးဆောင်နေတဲ့ပွဲချိန် ၅၅ မိနစ်မှာ

အိုဒွိုင်းဟာသူ့အသင်းကို ၂-၀ ဖြစ်စေမယ့် မဟာအခွင့်ရေးရရှိခဲ့တာပါ။

ဒါကတော့ချဲလ်ဆီအသင်းတန်ပြန်တိုက်စစ်ရသွားချိန်ဖြစ်ပြီး

ကွင်းလယ်နားမှာ ဘရိုက်တန်နောက်ခံလူတစ်ဦးသာရှိပေမယ့်

ချဲလ်ဆီးဘက်က အိုဒွိုင်းနဲ့ မေဆန်မောင့်တို့ ၂ ဦးရှိခဲ့တာပါ။

ဘောလုံးကိုအလွတ်ကြီးသယ်ပြေးလာတဲ့ အိုဒွိုင်းဟာ

ပြိုင်ဘက်ဂိုးဧရိယာထိပ်နားရောက်ချိန်မှာ သူကိုယ်တိုင်ကန်သွင်းလို့ရတဲ့

အခွင့်အရေးရှိခဲ့တဲ့အပြင် လူကပ်ခံထားရခြင်းမရှိတဲ့

မေဆန်မောင့်ကိုပေးလို့ရတဲ့အခြေအနေကိုရရှိခဲ့ပါတယ်။

ဒီအချိန်မှာသူက မေဆန်မောင့်ဆီပေးဖို့ဆုံးဖြတ်ခဲ့ပေမယ့် သူ့ပေးပို့မှုက

မယုံနိုင်လောက်အောင်ဆိုးရွားလွန်းခဲ့ပြီး ပြိုင်ဘက်နောက်ခံလူ

ဗဲ့လ်မန်းရဲ့ခြေထောက်ကိုသွားထိကာ ဘောလုံးပျက်သွားလို့

ဘရိုက်တန်ဂိုးသမားရောဘတ်ဆန်းချက်ဇ်ရဲ့

အလွယ်တကူဖမ်းယူခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်ရှိတဲ့ အိုဒွိုင်းအနေနဲ့ မေဆန်မောင့်ဆီဘောလုံးရောက်အောင်

ပေးပို့နိုင်ခဲ့ရင် ဂိုးရဖို့သေချာသလောက်ရှိနေတာဖြစ်လို့

ချဲလ်ဆီးအသင်းအရမ်းကိုနစ်နာခဲ့ရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်အတွက်

သူကိုယ်တိုင်လည်း မျက်နှာကိုလက်နဲ့အုပ်ကာ မယုံနိုင်အောင်ဖြစ်ခဲ့တဲ့အပြင်

နည်းပြတူချယ်လည်းကွင်းဘေးစည်းမှာ အားမလိုအားမရဖြစ်ကာ

ခုန်ပေါက်လုမတတ် ဖြစ်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။

ဒါကြောင့်လည်း ချဲလ်ဆီးအမျိုးသမီးအသင်းတိုက်စစ်မှူးဟောင်း အီနီအလူကို က

အိုဒွိုင်းကိုအပြင်းအထန်ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။

Amazon Prime အတွက်ဝေဖန်သုံးသပ်သူအဖြစ်ဆောင်ရွက်ခဲ့တဲ့ အလူကိုက

” ဒီလိုအဆင့်မျိုးမှာအခုထက်ပိုပြီးကောင်းအောင်ပေးပို့သင့်တာပေါ့ရှင်။

ဒါဟာ ၂ ယောက်နဲ့ ၁ ယောက်ဖြစ်လို့ အရမ်းလည်းလွယ်ကူမယ့်အခြေအနေမျိုးပါ။

အိုဒွိုင်းအနေနဲ့ဘောလုံးကိုမြန်မြန်ပေးပို့ခဲ့သင့်တာပါ။ ဒါပေမယ့်အခုလိုကြီး

ပေးပို့လိုက်လို့ ဘယ်လိုတောင်နားလည်ရမလဲမသိဘူး” လို့ပြောခဲ့ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူဟောင်းဖြစ်တဲ့ ပိုယက်ကလည်း အိုဒွိုင်းအနေနဲ့

ဒီလောက်အရှင်းကြီးကို ပြိုင်ဘက်နောက်ခံလူထိအောင်ပေးပို့ခဲ့လို့

အရမ်းကိုထူးဆန်းနေတယ်လို့ ဆိုသွားပါတယ်။

zawgyi

အိုဒြိဳင္းရဲ႕ မဟာအခြင့္ေရးကို ျဖဳန္းတီးပစ္လိုက္လို႔ နစ္နာခဲ့တဲ့ ခ်ဲလ္ဆီး

ဘ႐ိုက္တန္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲမွာ ခ်ဲလ္ဆီးေတာင္ပံကစားသမား အိုဒြိဳင္းရဲ႕

ကစားေဖာ္ေမဆန္ေမာင့္ ဆီေဘာလုံးေပးပို႔မႈဟာ ေတာ္ေတာ္ေလးကိုဆိုး႐ြားလြန္းလို႔

ေဝဖန္မႈေတြခံေနရတဲ့အျပင္ ခ်ဲလ္ဆီးအသင္းလည္းနစ္နာခဲ့ရပါတယ္။

ခ်ဲလ္ဆီးအသင္းက ၁-၀ နဲ႔ဦးေဆာင္ေနတဲ့ပြဲခ်ိန္ ၅၅ မိနစ္မွာ

အိုဒြိဳင္းဟာသူ႔အသင္းကို ၂-၀ ျဖစ္ေစမယ့္ မဟာအခြင့္ေရးရရွိခဲ့တာပါ။

ဒါကေတာ့ခ်ဲလ္ဆီအသင္းတန္ျပန္တိုက္စစ္ရသြားခ်ိန္ျဖစ္ၿပီး

ကြင္းလယ္နားမွာ ဘ႐ိုက္တန္ေနာက္ခံလူတစ္ဦးသာရွိေပမယ့္

ခ်ဲလ္ဆီးဘက္က အိုဒြိဳင္းနဲ႔ ေမဆန္ေမာင့္တို႔ ၂ ဦးရွိခဲ့တာပါ။

ေဘာလုံးကိုအလြတ္ႀကီးသယ္ေျပးလာတဲ့ အိုဒြိဳင္းဟာ

ၿပိဳင္ဘက္ဂိုးဧရိယာထိပ္နားေရာက္ခ်ိန္မွာ သူကိုယ္တိုင္ကန္သြင္းလို႔ရတဲ့

အခြင့္အေရးရွိခဲ့တဲ့အျပင္ လူကပ္ခံထားရျခင္းမရွိတဲ့

ေမဆန္ေမာင့္ကိုေပးလို႔ရတဲ့အေျခအေနကိုရရွိခဲ့ပါတယ္။

ဒီအခ်ိန္မွာသူက ေမဆန္ေမာင့္ဆီေပးဖို႔ဆုံးျဖတ္ခဲ့ေပမယ့္ သူ႔ေပးပို႔မႈက

မယုံႏိုင္ေလာက္ေအာင္ဆိုး႐ြားလြန္းခဲ့ၿပီး ၿပိဳင္ဘက္ေနာက္ခံလူ

ဗဲ့လ္မန္းရဲ႕ေျခေထာက္ကိုသြားထိကာ ေဘာလုံးပ်က္သြားလို႔

ဘ႐ိုက္တန္ဂိုးသမားေရာဘတ္ဆန္းခ်က္ဇ္ရဲ႕

အလြယ္တကူဖမ္းယူျခင္းကိုခံလိုက္ရတာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္ရွိတဲ့ အိုဒြိဳင္းအေနနဲ႔ ေမဆန္ေမာင့္ဆီေဘာလုံးေရာက္ေအာင္

ေပးပို႔ႏိုင္ခဲ့ရင္ ဂိုးရဖို႔ေသခ်ာသေလာက္ရွိေနတာျဖစ္လို႔

ခ်ဲလ္ဆီးအသင္းအရမ္းကိုနစ္နာခဲ့ရတာျဖစ္ပါတယ္။ ဒီျဖစ္ရပ္အတြက္

သူကိုယ္တိုင္လည္း မ်က္ႏွာကိုလက္နဲ႔အုပ္ကာ မယုံႏိုင္ေအာင္ျဖစ္ခဲ့တဲ့အျပင္

နည္းျပတူခ်ယ္လည္းကြင္းေဘးစည္းမွာ အားမလိုအားမရျဖစ္ကာ

ခုန္ေပါက္လုမတတ္ ျဖစ္ခဲ့တာကိုေတြ႕ခဲ့ရပါတယ္။

ဒါေၾကာင့္လည္း ခ်ဲလ္ဆီးအမ်ိဳးသမီးအသင္းတိုက္စစ္မႉးေဟာင္း အီနီအလူကို က

အိုဒြိဳင္းကိုအျပင္းအထန္ေဝဖန္သြားခဲ့တာျဖစ္ပါတယ္။

Amazon Prime အတြက္ေဝဖန္သုံးသပ္သူအျဖစ္ေဆာင္႐ြက္ခဲ့တဲ့ အလူကိုက

” ဒီလိုအဆင့္မ်ိဳးမွာအခုထက္ပိုၿပီးေကာင္းေအာင္ေပးပို႔သင့္တာေပါ့ရွင္။

ဒါဟာ ၂ ေယာက္နဲ႔ ၁ ေယာက္ျဖစ္လို႔ အရမ္းလည္းလြယ္ကူမယ့္အေျခအေနမ်ိဳးပါ။

အိုဒြိဳင္းအေနနဲ႔ေဘာလုံးကိုျမန္ျမန္ေပးပို႔ခဲ့သင့္တာပါ။ ဒါေပမယ့္အခုလိုႀကီး

ေပးပို႔လိုက္လို႔ ဘယ္လိုေတာင္နားလည္ရမလဲမသိဘူး” လို႔ေျပာခဲ့ပါတယ္။

ခ်ဲလ္ဆီးကြင္းလယ္လူေဟာင္းျဖစ္တဲ့ ပိုယက္ကလည္း အိုဒြိဳင္းအေနနဲ႔

ဒီေလာက္အရွင္းႀကီးကို ၿပိဳင္ဘက္ေနာက္ခံလူထိေအာင္ေပးပို႔ခဲ့လို႔

အရမ္းကိုထူးဆန္းေနတယ္လို႔ ဆိုသြားပါတယ္။