အိုဆင်ဟမ်မှာ အကျင့်ဆိုးတစ်ခုရှိတယ်လို့ ယူနိုက်တက်နဲ့ ချဲလ်ဆီးကို မော်ရင်ဟို သတိပေးလိုက်

နာပိုလီတိုက်စစ်မှူးအိုဆင်ဟမ်မှာ အကျင့်ဆိုးတစ်ခုရှိတယ်လို့

သူ့ကိုခေါ်ယူဖို့ကြိုးစားနေတဲ့ ယူနိုက်တက်နဲ့ ချဲလ်ဆီးကို မော်ရင်ဟိုက

သတိပေးလိုက်ပါတယ်။ မော်ရင်ဟိုရဲ့ အသင်းဟောင်းနှစ်သင်းဟာ

နိုင်ဂျီးရီးယားကြယ်ပွင့်ကိုခေါ်ယူဖို့အပြိုင်ချိတ်ဆက်နေတာဖြစ်တယ်။

ဒီရာသီ စီးရီးအေ ၁၆ပွဲမှာ ၁၄ဂိုး သွင်းထားတဲ့ အိုဆင်ဟမ်ကို အတိုးတက်ဆုံး

ကစားသမားအဖြစ်အားလုံးက သတ်မှတ်ထားတာပါ။ မော်ရင်ဟိုရဲ့ရိုးမားအသင်းနဲ့

ရင်ဆိုင်ခဲ့တဲ့ပွဲမှာ အိုဆင်ဟမ်ဂိုးသွင်းနိုင်ခဲ့သလို ဒီရာသီ စီးရီးအေမှာ

သူ့ရဲ့သွင်းဂိုးတွေက စပယ်လက်တီအသင်းကို ဇယားထိပ်ဆုံးရောက်အောင်

ပို့ဆောင်ပေးထားနိုင်တာဖြစ်တယ်။ ဒါပေမဲ့ မော်ရင်ဟိုကတော့ ပရီးမီးယားလိဂ်ကို

ပြောင်းရင်လိုက်လျောညီထွေဖြစ်ဖို့ ပြောင်းလဲရလိမ့်မယ်လို့ သတိပေးပြောဆိုခဲ့တာပါ။

သူပြောတဲ့အချက်ကို ရှောင်ရှားနိုင်မယ်ဆိုရင်တော့ အိုဆင်ဟမ်ဟာ

ဒရော့ဘာလိုသက်ရောက်မှုမျိုးရှိလာနိုင်တယ်လို့ စပါယ်ရှယ်ဝမ်းကဆိုပါတယ်။

“ဒရော့ဘာနဲ့တန်းတူဖြစ်ပေမဲ့ ဒရော့ဘာက ဒိုင်ဗင်မပစ်တတ်ပါဘူး။

ဒါကိုပြောင်းလဲနိုင်မှသာ ဗစ်တာအဆင်ပြေမှာပါ။ ပိုက်ဆံပေါတဲ့ကလပ်မှာ

ကျွန်တော်ရှိနေရင် သူ့ကိုခေါ်ပါတယ်။ ဒါပေမဲ့ တစ်နေ့နေ့မှာ အင်္ဂလန်ပြောင်းခဲ့ရင်တော့

သူ့ဘက်ကပြောင်းလဲဖို့လိုပါလိမ့်မယ်။ အီတလီမှာ ဒါမျိုးတွေကျင့်သုံးနေပေမဲ့

အင်္ဂလန်မှာတော့ ပြစ်တင်လေ့ရှိကြပါတယ်။ ကောင်းမွန်တဲ့သွင်းဂိုးရယူနိုင်ခဲ့ပြီး

ဒိုင်ဗင်ထိုးတာရပ်တန့်ဖို့ပဲပြောတာပါ။ ထူးချွန်တဲ့ကစားသမားတစ်ယောက်အနေနဲ့

ဒိုင်ဗင်ထိုးမနေသင့်ဘူး” လို့ မော်ရင်ဟိုက သတိပေးခဲ့ပါတယ်။

zawgyi

အိုဆင္ဟမ္မွာ အက်င့္ဆိုးတစ္ခုရွိတယ္လို႔ ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးကို ေမာ္ရင္ဟို သတိေပးလိုက္

နာပိုလီတိုက္စစ္မႉးအိုဆင္ဟမ္မွာ အက်င့္ဆိုးတစ္ခုရွိတယ္လို႔

သူ႔ကိုေခၚယူဖို႔ႀကိဳးစားေနတဲ့ ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးကို ေမာ္ရင္ဟိုက

သတိေပးလိုက္ပါတယ္။ ေမာ္ရင္ဟိုရဲ႕ အသင္းေဟာင္းႏွစ္သင္းဟာ

ႏိုင္ဂ်ီးရီးယားၾကယ္ပြင့္ကိုေခၚယူဖို႔အၿပိဳင္ခ်ိတ္ဆက္ေနတာျဖစ္တယ္။

ဒီရာသီ စီးရီးေအ ၁၆ပြဲမွာ ၁၄ဂိုး သြင္းထားတဲ့ အိုဆင္ဟမ္ကို အတိုးတက္ဆုံး

ကစားသမားအျဖစ္အားလုံးက သတ္မွတ္ထားတာပါ။ ေမာ္ရင္ဟိုရဲ႕႐ိုးမားအသင္းနဲ႔

ရင္ဆိုင္ခဲ့တဲ့ပြဲမွာ အိုဆင္ဟမ္ဂိုးသြင္းႏိုင္ခဲ့သလို ဒီရာသီ စီးရီးေအမွာ

သူ႔ရဲ႕သြင္းဂိုးေတြက စပယ္လက္တီအသင္းကို ဇယားထိပ္ဆုံးေရာက္ေအာင္

ပို႔ေဆာင္ေပးထားႏိုင္တာျဖစ္တယ္။ ဒါေပမဲ့ ေမာ္ရင္ဟိုကေတာ့ ပရီးမီးယားလိဂ္ကို

ေျပာင္းရင္လိုက္ေလ်ာညီေထြျဖစ္ဖို႔ ေျပာင္းလဲရလိမ့္မယ္လို႔ သတိေပးေျပာဆိုခဲ့တာပါ။

သူေျပာတဲ့အခ်က္ကို ေရွာင္ရွားႏိုင္မယ္ဆိုရင္ေတာ့ အိုဆင္ဟမ္ဟာ

ဒေရာ့ဘာလိုသက္ေရာက္မႈမ်ိဳးရွိလာႏိုင္တယ္လို႔ စပါယ္ရွယ္ဝမ္းကဆိုပါတယ္။

“ဒေရာ့ဘာနဲ႔တန္းတူျဖစ္ေပမဲ့ ဒေရာ့ဘာက ဒိုင္ဗင္မပစ္တတ္ပါဘူး။

ဒါကိုေျပာင္းလဲႏိုင္မွသာ ဗစ္တာအဆင္ေျပမွာပါ။ ပိုက္ဆံေပါတဲ့ကလပ္မွာ

ကြၽန္ေတာ္ရွိေနရင္ သူ႔ကိုေခၚပါတယ္။ ဒါေပမဲ့ တစ္ေန႔ေန႔မွာ အဂၤလန္ေျပာင္းခဲ့ရင္ေတာ့

သူ႔ဘက္ကေျပာင္းလဲဖို႔လိုပါလိမ့္မယ္။ အီတလီမွာ ဒါမ်ိဳးေတြက်င့္သုံးေနေပမဲ့

အဂၤလန္မွာေတာ့ ျပစ္တင္ေလ့ရွိၾကပါတယ္။ ေကာင္းမြန္တဲ့သြင္းဂိုးရယူႏိုင္ခဲ့ၿပီး

ဒိုင္ဗင္ထိုးတာရပ္တန႔္ဖို႔ပဲေျပာတာပါ။ ထူးခြၽန္တဲ့ကစားသမားတစ္ေယာက္အေနနဲ႔

ဒိုင္ဗင္ထိုးမေနသင့္ဘူး” လို႔ ေမာ္ရင္ဟိုက သတိေပးခဲ့ပါတယ္။