အိုင်ဒဲလ်ကြီး ရော်နယ်ဒိုနဲ့ပတ်သက်လို့ လူမှုမီဒီယာမှာ တင်လိုက်ပြန်တဲ့ ဂါနာချို

လူငယ်အက်ဖ်အေဖလားပြိုင်ပွဲမှာ ယူနိုက်တက်အသင်း

ချန်ပီယံဖြစ်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တဲ့
တိုက်စစ်မှူး အလီယန်ဒရိုဂါနာချိုဟာ ဗိုလ်လုပွဲမှာ
၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လူမှုမီဒီယာမှာ သူ
လေးစားအားကျရတဲ့ ယူနိုက်တက်တိုက်စစ်မှူး
ရော်နယ်ဒိုနဲ့ပတ်သက်လို့ ချီးကျူးဂုဏ်ပြုထားတဲ့ပို့စ်တစ်ခု တင်လိုက်ပြန်ပါတယ်။

ပြီးခဲ့တဲ့လက ချဲလ်ဆီးနဲ့ပွဲမှာ အသင်းကြီးအတွက်
ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ဂါနာချိုဟာ ၁၁နှစ်အတွင်း
ယူနိုက်တက်လူငယ်အသင်း ပထမဆုံးအက်ဖ်အေဖလား
ရယူနိုင်ခဲ့မှုအဖြစ် ဖောရက်စ်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့
ဗိုလ်လုပွဲမှာ တစ်ဦးတည်း ၂ဂိုးသွင်းပြီး သူရဲကောင်းဖြစ်ခဲ့ပါတယ်။

ဂါနာချိုဟာ ပွဲပြီးဖို့ ၁၂ မိနစ်အလိုမှာ ပင်နယ်တီကနေ
အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက်
ရော်နယ်ဒိုရဲ့ ကျော်ကြားတဲ့အောင်ပွဲခံဟန်ဖြစ်တဲ့
Siuuu’ အောင်ပွဲခံမှုအတိုင်း အောင်ပွဲခံခဲ့ပြီး
အာဂျင်တီးနားနိုင်ငံသားလေးရဲ့ အောင်ပွဲခံပုံကို

အိမ်ရှင်ယူနိုက်တက်ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးခဲ့ကြပါတယ်။
အဲဒီပွဲအပြီးမှာ ဂါနာချိုဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ
ပို့စ်တစ်ခုတင်လိုက်ပြီး သူနဲ့ ရော်နယ်ဒိုတို့ရဲ့
အောင်ပွဲခံမှုပုံစံတွေ ယှဉ်ပြထားတဲ့ဓာတ်ပုံ တင်ခဲ့တာပါ။
ဂါနာချိုဟာ အာဂျင်တီးနားလက်ရွေးစင်ဖြစ်ပေမယ့်

ကလပ်အသင်းက စီနီယာကစားသမားကြီးကိုပဲ
သူ့ရဲ့အိုင်ဒဲလ်အဖြစ် မှတ်ယူထားတာဖြစ်ပြီး
အရင်တုန်းကလည်း အင်စတာဂရမ်မှာ
မက်ဆီ၊ ရော်နယ်ဒိုကိစ္စနဲ့ပတ်သက်လို့ ပွဲဖြစ်ခဲ့ပါသေးတယ်။
အသက် ၁၇ နှစ်အရွယ်ရှိ ဂါနာချိုဟာ ယခုရာသီ လူငယ်အက်ဖ်အေဖလားပြိုင်ပွဲမှာ

တောက်လျှောက် ခြေစွမ်းပြနိုင်ခဲ့ပြီး ယူနိုက်တက် ယူ၁၈ အသင်းအတွက်
၆ပွဲမှာ ၇ဂိုးအထိ သွင်းယူကာ အသင်းရဲ့တစ်နှစ်တာအကောင်းဆုံး
လူငယ်ကစားသမားအဖြစ်လည်း ပွဲမတိုင်ခင် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

Zawgyi

အိုင္ဒဲလ္ႀကီး ေရာ္နယ္ဒိုနဲ႔ပတ္သက္လုိ႔ လူမႈမီဒီယာမွာ တင္လုိက္ျပန္တဲ့ ဂါနာခ်ိဳ
လူငယ္အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ယူႏုိက္တက္အသင္း
ခ်န္ပီယံျဖစ္ခဲ့ရာမွာ အဓိကေနရာကေန ပါ၀င္ခဲ့တဲ့
တုိက္စစ္မွဴး အလီယန္ဒရိုဂါနာခ်ိဳဟာ ဗိုလ္လုပြဲမွာ

၂ ဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ လူမႈမီဒီယာမွာ သူ
ေလးစားအားက်ရတဲ့ ယူႏုိက္တက္တုိက္စစ္မွဴး
ေရာ္နယ္ဒိုနဲ႔ပတ္သက္လုိ႔ ခ်ီးက်ဴးဂုဏ္ျပဳထားတဲ့ပို႔စ္တစ္ခု တင္လုိက္ျပန္ပါတယ္။
ၿပီးခဲ့တဲ့လက ခ်ဲလ္ဆီးနဲ႔ပြဲမွာ အသင္းႀကီးအတြက္
ပြဲဦးထြက္ခြင့္ရခဲ့တဲ့ ဂါနာခ်ိဳဟာ ၁၁ႏွစ္အတြင္း

ယူႏုိက္တက္လူငယ္အသင္း ပထမဆုံးအက္ဖ္ေအဖလား
ရယူနိုင္ခဲ့မႈအျဖစ္ ေဖာရက္စ္ကို ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့
ဗိုလ္လုပြဲမွာ တစ္ဦးတည္း ၂ဂုိးသြင္းၿပီး သူရဲေကာင္းျဖစ္ခဲ့ပါတယ္။
ဂါနာခ်ိဳဟာ ပြဲၿပီးဖို႔ ၁၂ မိနစ္အလိုမွာ ပင္နယ္တီကေန
အသင္းအတြက္ ဦးေဆာင္ဂိုး သြင္းယူႏုိင္ခဲ့ၿပီးေနာက္

ေရာ္နယ္ဒိုရဲ႕ ေက်ာ္ၾကားတဲ့ေအာင္ပြဲခံဟန္ျဖစ္တဲ့
Siuuu’ ေအာင္ပြဲခံမႈအတုိင္း ေအာင္ပြဲခံခဲ့ၿပီး
အာဂ်င္တီးနားႏိုင္ငံသားေလးရဲ႕ ေအာင္ပြဲခံပုံကို
အိမ္ရွင္ယူႏုိက္တက္ပရိသတ္ေတြကလည္း တစ္ခဲနက္အားေပးခဲ့ၾကပါတယ္။
အဲဒီပြဲအၿပီးမွာ ဂါနာခ်ိဳဟာ သူ႕ရဲ႕အင္စတာဂရမ္အေကာင့္မွာ

ပုိ႔စ္တစ္ခုတင္လုိက္ၿပီး သူနဲ႔ ေရာ္နယ္ဒိုတို႔ရဲ႕
ေအာင္ပြဲခံမႈပုံစံေတြ ယွဥ္ျပထားတဲ့ဓာတ္ပုံ တင္ခဲ့တာပါ။
ဂါနာခ်ိဳဟာ အာဂ်င္တီးနားလက္ေရြးစင္ျဖစ္ေပမယ့္
ကလပ္အသင္းက စီနီယာကစားသမားႀကီးကိုပဲ
သူ႕ရဲ႕အုိင္ဒဲလ္အျဖစ္ မွတ္ယူထားတာျဖစ္ၿပီး

အရင္တုန္းကလည္း အင္စတာဂရမ္မွာ
မက္ဆီ၊ ေရာ္နယ္ဒိုကိစၥနဲ႔ပတ္သက္လုိ႔ ပြဲျဖစ္ခဲ့ပါေသးတယ္။
အသက္ ၁၇ ႏွစ္အရြယ္ရွိ ဂါနာခ်ိဳဟာ ယခုရာသီ လူငယ္အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ
ေတာက္ေလွ်ာက္ ေျခစြမ္းျပႏုိင္ခဲ့ၿပီး ယူႏုိက္တက္ ယူ၁၈ အသင္းအတြက္
၆ပြဲမွာ ၇ဂိုးအထိ သြင္းယူကာ အသင္းရဲ႕တစ္ႏွစ္တာအေကာင္းဆုံး

လူငယ္ကစားသမားအျဖစ္လည္း ပြဲမတုိင္ခင္ ေရြးခ်ယ္ျခင္း ခံခဲ့ရပါတယ္။