အိုင်ဒေါ ဖြစ်တဲ့ စီရော်နယ်လ်ဒိုလို အောင်ပွဲခံခဲ့အပြီး အခု မက်ဆီပုံစံနဲ့ အောင်ပွဲခံလိုက်ပြန်တဲ့ ဂါနာချို

မန်ချက်စတာယူနိုက်တက်လူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမား ဂါနာချိုဟာ ဖူလ်ဟမ်ကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းအပြီး

အာဂျင်တီးနား,နာမည်ကျော်ကစားသမား မက်ဆီရဲ့ ပုံစံကို အတုခိုးပြီးတော့ အောင်ပွဲခံခဲ့ပါတယ်။

ဖူလ်ဟမ်နဲ့ကစားခဲ့တဲ့ပွဲမှာ ဂါနာချိုဟာ ဒုတိယပိုင်းပြီးဖို့ မိနစ်(၂၀)လောက်အလိုမှ လူစားဝင်ကစားခွင့်ရခဲ့ပြီး

နာကျင်အချိန်ပို (၉၃)မိနစ်အရောက်မှာ အဲရစ်ဆင် ဖန်တီးပေးခဲ့တာကနေ အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ဂိုးသွင်းအပြီးမှာ ဂါနာချိုက သူ့ ဂျာစီကို ချွတ်ပြီးတော့ လက်နှစ်ဖက်နဲ့ ကိုင်မြှောက်အောင်ပွဲခံခဲ့တာဖြစ်ပြီး

ဒါဟာ တစ်ချိန်တုန်းက မက်ဆီ အောင်ပွဲခံခဲ့ဖူးတဲ့ ပုံစံကို အတုခိုးခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၇၊ ဧပြီလ(၂၃)ရက်တုန်းက ဘာနေဗျူးကွင်းမှာ ရီးယဲလ်ဘက်ကို အနိုင်ဂိုးသွင်းအပြီး

မက်ဆီက သူ့ ဂျာစီကို အနောက်လှည့်ပြီးတော့ ရီးယဲလ်ပရိသတ်တွေကို ပြသအောင်ပွဲခံခဲ့ဖူးပါတယ်။

ဂါနာချိုဟာ ဆိုစီဒက်ကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ယူရိုပါလိဂ်ပွဲမှာ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးဂိုးသွင်းခဲ့အပြီးမှာ

သူ့ရဲ့ Idol ဖြစ်တဲ့ စီရော်နယ်လ်ဒိုဆီကနေ ခွင့်ပြုချက်တောင်းပြီးတော့

စီရော်နယ်လ်ဒိုလို လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်၊ မျက်လုံးမှိတ်ထားတဲ့ ပုံစံနဲ့ အောင်ပွဲခံခဲ့ပါတယ်။

ဖူလ်ဟမ်နဲ့ပွဲမှာ နောက်ကျအနိုင်ဂိုးသွင်းယူခဲ့ပြီးတဲ့နောက် ဂါနာချိုဟာ ယူနိုက်တက်ကစားသမားဟောင်း မာချီဒါ နောက်ပိုင်း

အသင်းအတွက် နာကျင်အချိန်ပိုမှာ အနိုင်ဂိုးသွင်းခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂါနာချိုရဲ့ ခြေစွမ်းအပေါ် ယူနိုက်တက်ပရိသတ်တွေက အားရကျေနပ်နေကြပြီး အွန်လိုင်းပေါ်မှာ

‘ဂါနာချိုဟာ ယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့်သစ်လေး ဖြစ်လာပါပြီ’၊

‘ဒီချာတိတ်လေးရဲ့ ခြေစွမ်းက မယုံနိုင်စရာပဲ’၊ ‘ဂါနာချိုဟာ နောက်(၃)နှစ်လောက်အတွင်း

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်လာမယ်ဆိုတာ အခိုင်အမာပြောရဲပါတယ်’လို့ ချီးကျူးရေးသားခဲ့ကြပါတယ်။

zawgyi

အိုင္ေဒါ ျဖစ္တဲ့ စီေရာ္နယ္လ္ဒိုလို ေအာင္ပြဲခံခဲ့အၿပီး အခု မက္ဆီပုံစံနဲ႔ ေအာင္ပြဲခံလိုက္ျပန္တဲ့ ဂါနာခ်ိဳ

မန္ခ်က္စတာယူႏိုက္တက္လူငယ္ၾကယ္ပြင့္ တိုက္စစ္ကစားသမား ဂါနာခ်ိဳဟာ ဖူလ္ဟမ္ကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဂိုးသြင္းအၿပီး

အာဂ်င္တီးနား,နာမည္ေက်ာ္ကစားသမား မက္ဆီရဲ႕ ပုံစံကို အတုခိုးၿပီးေတာ့ ေအာင္ပြဲခံခဲ့ပါတယ္။

ဖူလ္ဟမ္နဲ႔ကစားခဲ့တဲ့ပြဲမွာ ဂါနာခ်ိဳဟာ ဒုတိယပိုင္းၿပီးဖို႔ မိနစ္(၂၀)ေလာက္အလိုမွ လူစားဝင္ကစားခြင့္ရခဲ့ၿပီး

နာက်င္အခ်ိန္ပို (၉၃)မိနစ္အေရာက္မွာ အဲရစ္ဆင္ ဖန္တီးေပးခဲ့တာကေန အသင္းအတြက္ အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။

ဂိုးသြင္းအၿပီးမွာ ဂါနာခ်ိဳက သူ႔ ဂ်ာစီကို ခြၽတ္ၿပီးေတာ့ လက္ႏွစ္ဖက္နဲ႔ ကိုင္ေျမႇာက္ေအာင္ပြဲခံခဲ့တာျဖစ္ၿပီး

ဒါဟာ တစ္ခ်ိန္တုန္းက မက္ဆီ ေအာင္ပြဲခံခဲ့ဖူးတဲ့ ပုံစံကို အတုခိုးခဲ့တာလည္းျဖစ္ပါတယ္။

၂၀၁၇၊ ဧၿပီလ(၂၃)ရက္တုန္းက ဘာေနဗ်ဴးကြင္းမွာ ရီးယဲလ္ဘက္ကို အႏိုင္ဂိုးသြင္းအၿပီး

မက္ဆီက သူ႔ ဂ်ာစီကို အေနာက္လွည့္ၿပီးေတာ့ ရီးယဲလ္ပရိသတ္ေတြကို ျပသေအာင္ပြဲခံခဲ့ဖူးပါတယ္။

ဂါနာခ်ိဳဟာ ဆိုစီဒက္ကို (၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ယူ႐ိုပါလိဂ္ပြဲမွာ ယူႏိုက္တက္ကစားသမားဘ၀ ပထမဆုံးဂိုးသြင္းခဲ့အၿပီးမွာ

သူ႔ရဲ႕ Idol ျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဆီကေန ခြင့္ျပဳခ်က္ေတာင္းၿပီးေတာ့

စီေရာ္နယ္လ္ဒိုလို လက္ႏွစ္ဖက္ကို ရင္ဘတ္ေပၚတင္၊ မ်က္လုံးမွိတ္ထားတဲ့ ပုံစံနဲ႔ ေအာင္ပြဲခံခဲ့ပါတယ္။

ဖူလ္ဟမ္နဲ႔ပြဲမွာ ေနာက္က်အႏိုင္ဂိုးသြင္းယူခဲ့ၿပီးတဲ့ေနာက္ ဂါနာခ်ိဳဟာ ယူႏိုက္တက္ကစားသမားေဟာင္း မာခ်ီဒါ ေနာက္ပိုင္း

အသင္းအတြက္ နာက်င္အခ်ိန္ပိုမွာ အႏိုင္ဂိုးသြင္းခဲ့တဲ့ အသက္အငယ္ဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ဂါနာခ်ိဳရဲ႕ ေျခစြမ္းအေပၚ ယူႏိုက္တက္ပရိသတ္ေတြက အားရေက်နပ္ေနၾကၿပီး အြန္လိုင္းေပၚမွာ

‘ဂါနာခ်ိဳဟာ ယူႏိုက္တက္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္သစ္ေလး ျဖစ္လာပါၿပီ’၊

‘ဒီခ်ာတိတ္ေလးရဲ႕ ေျခစြမ္းက မယုံႏိုင္စရာပဲ’၊ ‘ဂါနာခ်ိဳဟာ ေနာက္(၃)ႏွစ္ေလာက္အတြင္း

ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္လာမယ္ဆိုတာ အခိုင္အမာေျပာရဲပါတယ္’လို႔ ခ်ီးက်ဴးေရးသားခဲ့ၾကပါတယ္။