အိုင်ဒေါနဲ့ အတူကစားခွင့်ရခဲ့တာ အိပ်မက်လား တကယ်လား ဝေခွဲမရဖြစ်နေတဲ့ဂါနာချို

ဂါနာချိုဟာ ကလပ်အတွက် သူ့ရဲ့ပထမဆုံးပွဲထွက်ပါဝင်မှုမှာ အခွင့်အရေးကို

အကောင်းဆုံးအသုံးချနိုင်ခဲ့လို့ မန်ယူမှာ ကြယ်ပွင့်သစ်တစ်ယောက် ရှိလာခဲ့ပါပြီ။

အဲဒီပွဲမှာ သူဟာ ဂိုးလည်းမသွင်း၊ ဂိုးဖန်တီးမှုလည်း မရှိခဲ့ပေမယ့်

ပွဲချိန်တစ်လျှောက်လုံး ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ပြီး သူ့ရဲ့လိမ်ခေါက်မှု

၃ ကြိမ်က ကွင်းထဲက ဘယ်ကစားသမားထက်မဆို ပိုပါတယ်။

ရှရစ်ဖ်နဲ့ပွဲမှာ ၇၉ မိနစ်ကစားခွင့်ရခဲ့တဲ့ ဂါနာချိုဟာ သူလူစားခံရချိန်မှာလည်း

အသင်းပရိသတ်တွေရဲ့လက်ခုပ်သြဘာပေးခြင်း ခံခဲ့ရပါတယ်။

အဲဒီအာဂျင်တီးနားသားအတွက် စပါယ်ရှယ်ညဖြစ်သွားခဲ့တာကတော့

သူ့အိုင်ဒေါဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ တိုက်စစ်မှာ အတူကစားခွင့်ရလို့ပါပဲ။

ပွဲပြီးတော့ စီရော်နယ်ဒိုဟာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ဂါနာချိုကို ပခုံးဖက်ပြီး

အတူလမ်းလျှောက်ခဲ့ကာ ချီးကျူးပြောဆိုမှုတွေ လုပ်ခဲ့ပုံရပါတယ်။

မီဒီယာတွေက သူတို့နှစ်ယောက် အတူတွဲလျှောက်ပြီး စကားပြောနေပုံကို

မှတ်တမ်းတင်လိုက်နိုင်ခဲ့တာပါ။ ပွဲအပြီး နာရီပိုင်းအကြာမှာပဲ ဂါနာချိုဟာ

စီရော်နယ်ဒိုက သူ့ကို ဖက်ပြီး စကားပြောနေတဲ့ပုံကိုယူပြီး

အင်စတာဂရမ် မှာ တင်ခဲ့ပါတယ်။ အဲဒီပုံမှာ caption ထိုးထားတာကတော့

”ဒါဟာ အိပ်မက်လား၊ တကယ်လားဆိုတာ ကျွန်တော်မသိပါဘူး” တဲ့။

သူတို့အိုင်ဒေါနဲ့ အတူတွဲကစားခွင့်ရတာက ကစားသမားတိုင်းအတွက်

ကြုံတောင့်ကြုံခဲ့ဖြစ်ခဲ့ပါတယ်။ ဂါနာချိုဟာ အာဂျင်းတီနားအတွက်

ကစားနေပေမယ့် သူ့အိုင်ဒေါက မက်ဆီမဟုတ်ဘဲ စီရော်နယ်ဒိုဖြစ်နေတာပါ။

zawgyi

အိုင္ေဒါနဲ႔ အတူကစားခြင့္ရခဲ့တာ အိပ္မက္လား တကယ္လား ေဝခြဲမရျဖစ္ေနတဲ့ဂါနာခ်ိဳ

ဂါနာခ်ိဳဟာ ကလပ္အတြက္ သူ႔ရဲ႕ပထမဆုံးပြဲထြက္ပါဝင္မႈမွာ အခြင့္အေရးကို

အေကာင္းဆုံးအသုံးခ်ႏိုင္ခဲ့လို႔ မန္ယူမွာ ၾကယ္ပြင့္သစ္တစ္ေယာက္ ရွိလာခဲ့ပါၿပီ။

အဲဒီပြဲမွာ သူဟာ ဂိုးလည္းမသြင္း၊ ဂိုးဖန္တီးမႈလည္း မရွိခဲ့ေပမယ့္

ပြဲခ်ိန္တစ္ေလွ်ာက္လုံး ၿပိဳင္ဘက္ကို ဖိအားေပးႏိုင္ခဲ့ၿပီး သူ႔ရဲ႕လိမ္ေခါက္မႈ

၃ ႀကိမ္က ကြင္းထဲက ဘယ္ကစားသမားထက္မဆို ပိုပါတယ္။

ရွရစ္ဖ္နဲ႔ပြဲမွာ ၇၉ မိနစ္ကစားခြင့္ရခဲ့တဲ့ ဂါနာခ်ိဳဟာ သူလူစားခံရခ်ိန္မွာလည္း

အသင္းပရိသတ္ေတြရဲ႕လက္ခုပ္ၾသဘာေပးျခင္း ခံခဲ့ရပါတယ္။

အဲဒီအာဂ်င္တီးနားသားအတြက္ စပါယ္ရွယ္ညျဖစ္သြားခဲ့တာကေတာ့

သူ႔အိုင္ေဒါျဖစ္တဲ့ စီေရာ္နယ္ဒိုနဲ႔ တိုက္စစ္မွာ အတူကစားခြင့္ရလို႔ပါပဲ။

ပြဲၿပီးေတာ့ စီေရာ္နယ္ဒိုဟာ ေျခစြမ္းျပကစားႏိုင္ခဲ့တဲ့ ဂါနာခ်ိဳကို ပခုံးဖက္ၿပီး

အတူလမ္းေလွ်ာက္ခဲ့ကာ ခ်ီးက်ဴးေျပာဆိုမႈေတြ လုပ္ခဲ့ပုံရပါတယ္။

မီဒီယာေတြက သူတို႔ႏွစ္ေယာက္ အတူတြဲေလွ်ာက္ၿပီး စကားေျပာေနပုံကို

မွတ္တမ္းတင္လိုက္ႏိုင္ခဲ့တာပါ။ ပြဲအၿပီး နာရီပိုင္းအၾကာမွာပဲ ဂါနာခ်ိဳဟာ

စီေရာ္နယ္ဒိုက သူ႔ကို ဖက္ၿပီး စကားေျပာေနတဲ့ပုံကိုယူၿပီး

အင္စတာဂရမ္ မွာ တင္ခဲ့ပါတယ္။ အဲဒီပုံမွာ caption ထိုးထားတာကေတာ့

”ဒါဟာ အိပ္မက္လား၊ တကယ္လားဆိုတာ ကြၽန္ေတာ္မသိပါဘူး” တဲ့။

သူတို႔အိုင္ေဒါနဲ႔ အတူတြဲကစားခြင့္ရတာက ကစားသမားတိုင္းအတြက္

ႀကဳံေတာင့္ႀကဳံခဲ့ျဖစ္ခဲ့ပါတယ္။ ဂါနာခ်ိဳဟာ အာဂ်င္းတီနားအတြက္

ကစားေနေပမယ့္ သူ႔အိုင္ေဒါက မက္ဆီမဟုတ္ဘဲ စီေရာ္နယ္ဒိုျဖစ္ေနတာပါ။