အိုင်ကာဒီကိုခေါ်ယူဖို မန်ယူဆွေးနွေးမှုတွေလုပ်နေတယ်

မန်ယူဟာ ပီအက်စ်ဂျီတိုက်စစ်မှူး အိုင်ကာဒီကိုခေါ်ယူဖို ကစားသမားရဲ့ကိုယ်စားလှယ်နဲ့ဆွေးနွေးတယ်လို သတင်းတွေထွက်လာပါတယ်။ လက်ရှိမှာ အိုင်ကာဒီရဲ့ ပီအက်စ်ဂျီအနာဂတ်ကလည်း အဆုံးသတ်သလောက် ရှိနေပြီလိုဆိုရပါမယ်။ ပြီးခဲ့တဲ့ရာသီအဖွင့် လီဂူးပွဲစဉ်နှစ်ပွဲဆက်

အသင်းလူစာရင်းကနေချန်လှပ်ခံခဲ့တာဖြစ်ပြီး နည်းပြ ဂယ်တီရာကလည်း သူ့ကိုအသင်းကနေထွက်ခွင့်ပြုထားကြောင်း အတည်ပြုထားခဲ့ပါတယ်။ လက်ရှိမှာ တိုက်စစ်ပြဿနာဖြေရှင်းဖိုလိုနေတဲ့ မန်ယူဟာ အိုင်ကာဒီကိုခေါ်ဖိုစိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင် ကလည်း

ပြောင်းရွှေ့ဖိုဆန္ဒရှိနေတယ်လို ပြင်သစ်သတင်းတွေက ဖော်ပြနေပါတယ်။ ဒါပေမယ် တရားဝင် ဆက်သွယ်မှုတွေမရှိသေးတဲ့မန်ယူအနေနဲ့ အိုင်ကာဒီကိုခေါ်ဖိုဆိုတာ ဦးစားပေးမဖြစ်နိုင်ဘူးလိုတော့ ဆိုထား ကြပါတယ်။

ရာသီအဖွင့်ပွဲနှစ်ပွဲဆက်ရှုးထားတဲ့မန်ယူကို အချိန်မီပြင်ဆင်မှုတွေလုပ်ဖို နည်းပြတန်ဟတ်အတွက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးလိုအပ်နေသေးတာတော့အမှန်ပါပဲ။ အဓိကတိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ မန်ယူ အနာဂတ်ဟာမသေချာသေးသလို

ခြေစမ်းပွဲမှာ ခြေစွမ်းပြထားတဲ့ မာရှယ်ကလည်း ဒဏ်ရာရနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာ  မန်ယူအနေနဲ့ ၆ ဂိုးအထိပေးထားရပြီး တစ်ဂိုးသာသွင်းထားနိုင်ခဲ့တာပါ။ အဲဒီသွင်းဂိုးတစ်ဂိုး ကလည်းပြိုင်ဘက်အသင်းကလက်ဆောင်ပေးထားတဲ့ဂိုးဖြစ်ပါတယ်။

ဒါကြောင့် နည်းပြတန်ဟတ်အတွက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးလိုနေတာတော့အမှန်ပါပဲ။ မန်ယူအနေနဲ့ ဘိုလော့နာတိုက်စစ်မှူး အာနာတိုဗစ်ကို ခေါ်ယူဖို ပျက်ပြယ်ခဲ့ပြီးနောက် ဥရောပထိပ်တန်းအသင်းတွေမှာကစားခဲ့ဖူးတဲ့ အိုင်ဒီကာဟာ

နည်းပြတန်ဟတ် အတွက်နောက်ထပ်ဦးစားပေးဖြစ်လာနိုင်ပါတယ်။ တစ်ချိန်က အင်တာမှာ ၆နှစ်ကြာကစားခဲ့တဲ့ အိုင်ကာဒီဟာ ပွဲပေါင်း ၃၁၉ ပွဲမှာ ၁၂၄ ဂိုးအထိသွင်းနိုင်ခဲ့တာပါ။ လက်ရှိ ပီအက်စ်ဂျီအတွက်တော့ ၉၂ ပွဲမှာ ၃၈ ဂိုးသွင်းထားပါတယ်။

(zawgyi)

မန္ယူဟာ ပီအက္စ္ဂ်ီတိုက္စစ္မႉး အိုင္ကာဒီကိုေခၚယူဖို ကစားသမားရဲ႕ကိုယ္စားလွယ္နဲ႔ေဆြးေႏြးတယ္လို သတင္းေတြထြက္လာပါတယ္။ လက္ရွိမွာ အိုင္ကာဒီရဲ႕ ပီအက္စ္ဂ်ီအနာဂတ္ကလည္း အဆုံးသတ္သေလာက္ ရွိေနၿပီလိုဆိုရပါမယ္။

ၿပီးခဲ့တဲ့ရာသီအဖြင့္ လီဂူးပြဲစဥ္ႏွစ္ပြဲဆက္ အသင္းလူစာရင္းကေနခ်န္လွပ္ခံခဲ့တာျဖစ္ၿပီး နည္းျပ ဂယ္တီရာကလည္း သူ႔ကိုအသင္းကေနထြက္ခြင့္ျပဳထားေၾကာင္း အတည္ျပဳထားခဲ့ပါတယ္။

လက္ရွိမွာ တိုက္စစ္ျပႆနာေျဖရွင္းဖိုလိုေနတဲ့ မန္ယူဟာ အိုင္ကာဒီကိုေခၚဖိုစိတ္ဝင္စားေနၿပီး ကစားသမားကိုယ္တိုင္ ကလည္း ေျပာင္းေ႐ႊ႕ဖိုဆႏၵရွိေနတယ္လို ျပင္သစ္သတင္းေတြက ေဖာ္ျပေနပါတယ္။

ဒါေပမယ္ တရားဝင္ ဆက္သြယ္မႈေတြမရွိေသးတဲ့မန္ယူအေနနဲ႔ အိုင္ကာဒီကိုေခၚဖိုဆိုတာ ဦးစားေပးမျဖစ္ႏိုင္ဘူးလိုေတာ့ ဆိုထား ၾကပါတယ္။ ရာသီအဖြင့္ပြဲႏွစ္ပြဲဆက္ရႈးထားတဲ့မန္ယူကို အခ်ိန္မီျပင္ဆင္မႈေတြလုပ္ဖို နည္းျပတန္ဟတ္အတြက္

ထိပ္တန္းတိုက္စစ္မႉးတစ္ဦးလိုအပ္ေနေသးတာေတာ့အမွန္ပါပဲ။ အဓိကတိုက္စစ္မႉး စီေရာ္နယ္ဒိုရဲ႕ မန္ယူ အနာဂတ္ဟာမေသခ်ာေသးသလို ေျခစမ္းပြဲမွာ ေျခစြမ္းျပထားတဲ့ မာရွယ္ကလည္း ဒဏ္ရာရေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ပြဲစဥ္ႏွစ္ပြဲမွာ မန္ယူအေနနဲ႔ ၆ ဂိုးအထိေပးထားရၿပီး တစ္ဂိုးသာသြင္းထားႏိုင္ခဲ့တာပါ။ အဲဒီသြင္းဂိုးတစ္ဂိုး ကလည္းၿပိဳင္ဘက္အသင္းကလက္ေဆာင္ေပးထားတဲ့ဂိုးျဖစ္ပါတယ္။ ဒါေၾကာင့္ နည္းျပတန္ဟတ္အတြက္

ထိပ္တန္းတိုက္စစ္မႉးတစ္ဦးလိုေနတာေတာ့အမွန္ပါပဲ။ မန္ယူအေနနဲ႔ ဘိုေလာ့နာတိုက္စစ္မႉး အာနာတိုဗစ္ကို ေခၚယူဖို ပ်က္ျပယ္ခဲ့ၿပီးေနာက္ ဥေရာပထိပ္တန္းအသင္းေတြမွာကစားခဲ့ဖူးတဲ့ အိုင္ဒီကာဟာ နည္းျပတန္ဟတ္

အတြက္ေနာက္ထပ္ဦးစားေပးျဖစ္လာႏိုင္ပါတယ္။ တစ္ခ်ိန္က အင္တာမွာ ၆ႏွစ္ၾကာကစားခဲ့တဲ့ အိုင္ကာဒီဟာ ပြဲေပါင္း ၃၁၉ ပြဲမွာ ၁၂၄ ဂိုးအထိသြင္းႏိုင္ခဲ့တာပါ။ လက္ရွိ ပီအက္စ္ဂ်ီအတြက္ေတာ့ ၉၂ ပြဲမွာ ၃၈ ဂိုးသြင္းထားပါတယ္။