အိမ်ရှင်ဗီယက်နမ်ကို ရှုံးသွားလို့ အင်ဒိုနဲ့ အဆုံးအဖြတ်ပွဲကစားရတော့မယ့် မြန်မာ

မြန်မာ ယူ ၂၃အသင်းဟာ ဆီးဂိမ်းစ်အုပ်စုပွဲစဉ်ရဲ့

တတိယမြောက်ပွဲစဉ်အဖြစ် အိမ်ရှင်ဗီယက်နမ်နဲ့
ရင်ဆိုင်ခဲ့ရာမှာ ၁-၀ ဂိုးနဲ့ အရေးနိမ့်သွားလို့
အဖွင့် ၂ပွဲဆက် အနိုင်ရခဲ့တဲ့နိုင်ပွဲဆက်စံချိန်လည်း ရပ်တန့်သွားခဲ့ရပါတယ်။
အုပ်စုအဖွင့်ပွဲမှာ အသင်းငယ်လေး တီမောကို
၃-၂ ဂိုးနဲ့ အနိုင်ရဖို့ အသည်းအသန်ကစားခဲ့ရတဲ့ မြန်မာအသင်းဟာ

ဒုတိယပွဲမှာတော့ ဖိလစ်ပိုင်ကို နောက်ကနေ
လိုက်ကစားကာ အမှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ကွင်းလုံးပြည့်နီးပါး လာအားပေးတဲ့
အိမ်ရှင်ပရိသတ်ရဲ့ရှေ့မှာ အားကုန်ထုတ်ကစားသွားတဲ့
ဗီယက်နမ်အသင်းနဲ့အတွေ့မှာတော့ မြန်မာအသင်းလည်း

နိုင်ပွဲဆက်စံချိန် ရပ်သွားရတဲ့အပြင် ဒီပြိုင်ပွဲမှာ
ပထမဆုံးအရှုံးနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။
မြန်မာအသင်းဟာ ဗီယက်နမ်နဲ့ပွဲမှာ
ံခံစစ်ပိတ်ကစားဖို့အတွက် နောက်တန်း ၅ယောက်ပုံစံနဲ့
ပွဲထွက်လာပေမယ့် ပွဲချိန် ၇၆ မိနစ်မှာ အနိုင်ဂိုးပေးလိုက်ရပါတယ်။

အုပ်စုနောက်ဆုံးပွဲတွေကို တနင်္ဂနွေနေ့မှာ
ကျင်းပမှာဖြစ်ပြီး ဗီယက်နမ်အသင်းက
တီမောနဲ့ ကစားရမှာမို့လို့ အုပ်စုပထမနဲ့
ဆီမီးဖိုင်နယ် တက်ရောက်နိုင်ဖို့ များနေပြီး
မြန်မာအသင်းကတော့ ဂိုးကွာခြားချက် နိမ့်နေလို့

အင်ဒိုနီးရှားကို မဖြစ်မနေအနိုင်ကစားရတော့မှာဖြစ်ပါတယ်။
ဗီယက်နမ်နဲ့ပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ
မြန်မာ ယူ ၂၃ အသင်းနည်းပြ ပိုပေါ့ဗ်က
”အတောင့်တင်းဆုံး ဗီယက်နမ်နဲ့ပွဲမှာ ပွဲချိန်ပြည့်
အကောင်းဆုံးကစားသွားနိုင်ခဲ့လို့ အားလုံးကို ချီးကျူးချင်ပါတယ်။

တစ်ပွဲလုံးမှာမှ အမှား ၂ကြိမ်ပဲ ကျူးလွန်မိခဲ့ပြီး ၁ဂိုးပေးလိုက်ရပါတယ်။
ဆီမီးဖိုင်နယ်ကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ဖို့အတွက်
အကောင်းဆုံးပြင်ဆင်ပြီး ရလဒ်ကောင်းရရှိအောင် ကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

Zawgyi

အိမ္ရွင္ဗီယက္နမ္ကို ရံႈးသြားလို႔ အင္ဒိုနဲ႔ အဆုံးအျဖတ္ပြဲကစားရေတာ့မယ့္ ျမန္မာ
ျမန္မာ ယူ ၂၃အသင္းဟာ ဆီးဂိမ္းစ္အုပ္စုပြဲစဥ္ရဲ႕
တတိယေျမာက္ပြဲစဥ္အျဖစ္ အိမ္ရွင္ဗီယက္နမ္နဲ႔
ရင္ဆိုင္ခဲ့ရာမွာ ၁-၀ ဂိုးနဲ႔ အေရးနိမ့္သြားလို႔

အဖြင့္ ၂ပြဲဆက္ အႏိုင္ရခဲ့တဲ့ႏိုင္ပြဲဆက္စံခ်ိန္လည္း ရပ္တန္႔သြားခဲ့ရပါတယ္။
အုပ္စုအဖြင့္ပြဲမွာ အသင္းငယ္ေလး တီေမာကို
၃-၂ ဂိုးနဲ႔ အႏိုင္ရဖို႔ အသည္းအသန္ကစားခဲ့ရတဲ့ ျမန္မာအသင္းဟာ
ဒုတိယပြဲမွာေတာ့ ဖိလစ္ပိုင္ကို ေနာက္ကေန
လုိက္ကစားကာ အမွတ္ျပည့္ရယူႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ကြင္းလုံးျပည့္နီးပါး လာအားေပးတဲ့
အိမ္ရွင္ပရိသတ္ရဲ႕ေရွ႕မွာ အားကုန္ထုတ္ကစားသြားတဲ့
ဗီယက္နမ္အသင္းနဲ႔အေတြ႕မွာေတာ့ ျမန္မာအသင္းလည္း
ႏိုင္ပြဲဆက္စံခ်ိန္ ရပ္သြားရတဲ့အျပင္ ဒီၿပိဳင္ပြဲမွာ
ပထမဆုံးအရံႈးနဲ႔ပါ ရင္ဆိုင္ခဲ့ရပါတယ္။

ျမန္မာအသင္းဟာ ဗီယက္နမ္နဲ႔ပြဲမွာ
ံခံစစ္ပိတ္ကစားဖို႔အတြက္ ေနာက္တန္း ၅ေယာက္ပုံစံနဲ႔
ပြဲထြက္လာေပမယ့္ ပြဲခ်ိန္ ၇၆ မိနစ္မွာ အႏုိင္ဂိုးေပးလုိက္ရပါတယ္။
အုပ္စုေနာက္ဆုံးပြဲေတြကို တနဂၤေႏြေန႔မွာ
က်င္းပမွာျဖစ္ၿပီး ဗီယက္နမ္အသင္းက

တီေမာနဲ႔ ကစားရမွာမို႔လို႔ အုပ္စုပထမနဲ႔
ဆီမီးဖုိင္နယ္ တက္ေရာက္ႏိုင္ဖို႔ မ်ားေနၿပီး
ျမန္မာအသင္းကေတာ့ ဂိုးကြာျခားခ်က္ နိမ့္ေနလို႔
အင္ဒိုနီးရွားကို မျဖစ္မေနအႏုိင္ကစားရေတာ့မွာျဖစ္ပါတယ္။
ဗီယက္နမ္နဲ႔ပြဲအၿပီး ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ

ျမန္မာ ယူ ၂၃ အသင္းနည္းျပ ပိုေပါ့ဗ္က
”အေတာင့္တင္းဆုံး ဗီယက္နမ္နဲ႔ပြဲမွာ ပြဲခ်ိန္ျပည့္
အေကာင္းဆုံးကစားသြားႏိုင္ခဲ့လုိ႔ အားလုံးကို ခ်ီးက်ဴးခ်င္ပါတယ္။
တစ္ပြဲလုံးမွာမွ အမွား ၂ႀကိမ္ပဲ က်ဴးလြန္မိခဲ့ၿပီး ၁ဂိုးေပးလုိက္ရပါတယ္။
ဆီမီးဖုိင္နယ္ကို ထုိက္ထုိက္တန္တန္ တက္ေရာက္ႏိုင္ဖို႔အတြက္

အေကာင္းဆုံးျပင္ဆင္ၿပီး ရလဒ္ေကာင္းရရွိေအာင္ ႀကိဳးစားသြားမွာပါ”လုိ႔ ေျပာခဲ့ပါတယ္။