အိမ်နီးချင်းအင်္ဂလန်ကို အပီဖြုတ်ဖို့မစောင့်နိုင်တော့အောင်ဖြစ်နေတယ်လို့ ဝေးလ်တိုက်စစ်မှူးကိုင်ဖာမိုး ကြုံးဝါး

ကာတာကမ္ဘာ့ဖလားမှာ အင်္ဂလန်ကိုအပီဖြုတ်ဖို့ မစောင့်နိုင်အောင်ဖြစ်နေတယ်လို့ ဝေးလ်တိုက်စစ်မှူးကိုင်ဖာမိုးက ကြုံးဝါးလိုက်ပါတယ်။ ဝေးလ်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ်

အမေရိကန်နဲ့စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ နည်းပြရောဘတ်ပေ့ချ်ရဲ့အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် အီရန်နဲ့ကစားရဖို့ရှိနေပြီး အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ အပိတ်ပွဲအဖြစ်

အိမ်နီးချင်းအင်္ဂလန်နဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ အင်္ဂလန်နဲ့တွေ့ဆုံမှုမှာတော့ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ အင်္ဂလန်ကိုပြိုင်ပွဲကနေဖယ်ထုတ်ပစ်နိုင်မယ်ဆိုရင်အံ့အားသင့်စရာဖြစ်လာမယ်လို့

ဝေးလ်တိုက်စစ်မှူးကိုင်ဖာမိုးက ပြောဆိုလိုက်ပါတယ်။ အရပ် ၆ပေ၊ ၅လက်မမြင့်တဲ့ ဘုန်းမောက်တိုက်စစ်မှူးကိုင်ဖာမိုးက “အိမ်နီးချင်းတွေဆိုပြီး အထာထားမှာတော့မဟုတ်ပါဘူး။

အင်္ဂလန်-C အသင်းအတွက်ကစားပေးဖူးတာတွေနဲ့ပတ်သတ်ပြီး အများကြီးမမှတ်မိတော့ဘူး။ အက်စ်တိုးနီးယားနဲ့ဖြစ်ကောင်းဖြစ်နိုင်သလို ကျွန်တော်ပွဲပြီးတဲ့အထိကစားပေးခဲ့တယ်ထင်ပါတယ်” လို့ ဖွင့်ဟထားပါတယ်။

ဒီလအစောပိုင်းပွဲမှာ အင်္ဂလန်ဂိုးသမားပစ်ဖို့ဒ်တာဝန်ယူနေတဲ့ အဲဗာတန်ဘက်ကိုဂိုးသွင်းထားနိုင်တာနဲ့ပတ်သတ်လို့ ကိုင်ဖာမိုးက “ဒီလိုတစ်ကွက်သာနေတာ ကောင်းပါတယ်” လို့ ဆိုခဲ့ပါတယ်။ အားလုံးကတော့

ကိုင်ဖာမိုးရဲ့ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံဟာ ဆွီဒင်တိုက်စစ်မှူးအီဘရာဟီမိုဗစ်နဲ့ဆင်တူတယ်လို့ သုံးသပ်နေကြပါတယ်။ “ပွဲစဉ်တွေမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ပြိုင်ဘက်ကိုဆန့်ကျင်နိုင်တဲ့ကစားသမားရှားတယ်။

ဒါက ခင်ဗျားတို့အသုံးချနိုင်တဲ့အရာတစ်ခုပါ။ ပြိုင်ဘက်ကို ရုပ်ပိုင်းဆိုင်ရာရန်လိုမှုနဲ့ လွှမ်းမိုးထားလို့ရတယ်။ အားသာချက်ဆိုတဲ့အရာတွေကို မှီခိုရတာကြိုက်ပါတယ်” လို့ ဆိုထားပါတယ်။

(Zawgyi)

အိမ္နီးခ်င္းအဂၤလန္ကို အပီျဖဳတ္ဖို႔မေစာင့္ႏိုင္ေတာ့ေအာင္ျဖစ္ေနတယ္လို႔ ေဝးလ္တိုက္စစ္မႉးကိုင္ဖာမိုး ႀကဳံးဝါး

ကာတာကမာၻ႔ဖလားမွာ အဂၤလန္ကိုအပီျဖဳတ္ဖို႔မေစာင့္ႏိုင္ေအာင္ျဖစ္ေနတယ္လို႔ ေဝးလ္တိုက္စစ္မႉးကိုင္ဖာမိုးက ႀကဳံးဝါးလိုက္ပါတယ္။ ေဝးလ္အသင္းဟာ အုပ္စုအဖြင့္ပြဲစဥ္အျဖစ္

အေမရိကန္နဲ႔စတင္ရင္ဆိုင္ရမွာျဖစ္ပါတယ္။ နည္းျပေရာဘတ္ေပ့ခ်္ရဲ႕အသင္းဟာ အုပ္စုဒုတိယပြဲစဥ္အျဖစ္ အီရန္နဲ႔ကစားရဖို႔ရွိေနၿပီး အဆုံးအျဖတ္ျဖစ္လာႏိုင္တဲ့ အပိတ္ပြဲအျဖစ္ အိမ္နီးခ်င္းအဂၤလန္နဲ႔

ရင္ဆိုင္ရမွာျဖစ္တယ္။ အဂၤလန္နဲ႔ေတြ႕ဆုံမႈမွာေတာ့ သူ႔ရဲ႕ေမြးရပ္ေျမျဖစ္တဲ့ အဂၤလန္ကိုၿပိဳင္ပြဲကေနဖယ္ထုတ္ပစ္ႏိုင္မယ္ဆိုရင္အံ့အားသင့္စရာျဖစ္လာမယ္လို႔ ေဝးလ္တိုက္စစ္မႉးကိုင္ဖာမိုးက ေျပာဆိုလိုက္ပါတယ္။

အရပ္ ၆ေပ၊ ၅လက္မျမင့္တဲ့ ဘုန္းေမာက္တိုက္စစ္မႉးကိုင္ဖာမိုးက “အိမ္နီးခ်င္းေတြဆိုၿပီး အထာထားမွာေတာ့မဟုတ္ပါဘူး။ အဂၤလန္-C အသင္းအတြက္ကစားေပးဖူးတာေတြနဲ႔ပတ္သတ္ၿပီး

အမ်ားႀကီးမမွတ္မိေတာ့ဘူး။ အက္စ္တိုးနီးယားနဲ႔ျဖစ္ေကာင္းျဖစ္ႏိုင္သလို ကြၽန္ေတာ္ပြဲၿပီးတဲ့အထိကစားေပးခဲ့တယ္ထင္ပါတယ္” လို႔ ဖြင့္ဟထားပါတယ္။ ဒီလအေစာပိုင္းပြဲမွာ

အဂၤလန္ဂိုးသမားပစ္ဖို႔ဒ္တာဝန္ယူေနတဲ့ အဲဗာတန္ဘက္ကိုဂိုးသြင္းထားႏိုင္တာနဲ႔ပတ္သတ္လို႔ ကိုင္ဖာမိုးက “ဒီလိုတစ္ကြက္သာေနတာ ေကာင္းပါတယ္” လို႔ ဆိုခဲ့ပါတယ္။ အားလုံးကေတာ့

ကိုင္ဖာမိုးရဲ႕႐ုပ္ပိုင္းဆိုင္ရာဖြဲ႕စည္းပုံဟာ ဆြီဒင္တိုက္စစ္မႉးအီဘရာဟီမိုဗစ္နဲ႔ဆင္တူတယ္လို႔ သုံးသပ္ေနၾကပါတယ္။ “ပြဲစဥ္ေတြမွာ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ၿပိဳင္ဘက္ကိုဆန႔္က်င္ႏိုင္တဲ့ကစားသမားရွားတယ္။

ဒါက ခင္ဗ်ားတို႔အသုံးခ်ႏိုင္တဲ့အရာတစ္ခုပါ။ ၿပိဳင္ဘက္ကို ႐ုပ္ပိုင္းဆိုင္ရာရန္လိုမႈနဲ႔ လႊမ္းမိုးထားလို႔ရတယ္။ အားသာခ်က္ဆိုတဲ့အရာေတြကို မွီခိုရတာႀကိဳက္ပါတယ္” လို႔ ဆိုထားပါတယ္။