
ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ
ဆိုးလ်ရှားအတွက် နောက်ထပ်စိတ်ပျက်စရာမှတ်တမ်းအဖြစ် သူ့လက်ထက်မှာ
မန်ချက်စတာယူနိုက်တက်အသင်း အိမ်ကွင်းရှုံးပွဲတွေ့ခဲ့တာက(၁၃)ပွဲအထိရှိပြီး
(၂၁%)အထိရှုံးနိမ့်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းဆိုးတစ်ခုပိုင်ဆိုင်ခဲ့ပြန်ပါပြီ။ ယူနိုက်တက်
အသင်းဟာ ပြီးခဲ့တဲ့စနေနေ့တုန်းက မန်စီးတီးအသင်းကို အိမ်ကွင်းမှာ(၂-၁)ဂိုးနဲ့
ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်အိမ်ကွင်း(၄)ပွဲဆက်နိုင်ပွဲပျောက်ခဲ့သလို (၃)ပွဲရှုံး၊
(၁)ပွဲသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
အခုဆိုရင် ဆိုးလ်ရှားရဲ့ယူနိုက်တက်နည်းပြဘဝတစ်လျှောက် ပရီးမီးယားလိဂ်
အိမ်ကွင်းပွဲပေါင်း(၅၅)ပွဲသာကိုင်တွယ်ခဲ့ချိန်မှာ (၁၃)ပွဲအထိရှုံးနိမ့်ခဲ့ပြီး ရာခိုင်နှုန်းအရ
(၂၁%)ရှိတာကြောင့် ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ပြီးရင် အိမ်ကွင်းရှုံးပွဲရာခိုင်နှုန်း
အများဆုံးနည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါပြီ။
ဒါပေမဲ့ ဖာဂူဆန်ဟာ ယူနိုက်တက်အသင်းနည်းပြဘဝ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲပေါင်း
(၄၀၅)ပွဲအထိကိုင်တွယ်ခဲ့ချိန်မှာ (၃၄)ပွဲသာရှုံးနိမ့်ခဲ့ပြီး ရှုံးပွဲရာခိုင်နှုန်း(၅၄%)ရှိခဲ့ပေမယ့်
ပျမ်းမျှပြန်တွက်ကြည့်ရင် ဖာဂူဆန်လက်ထက် ယူနိုက်တက်အသင်းကစားခဲ့တဲ့
ပရီးမီးယားလိဂ်အိမ်ကွင်းပွဲပေါင်း(၇၅%)မှာ (၈%)သာရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြဘဝမှာတုန်းက ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရလို့ (၈)လအကြာမှာပဲ
ရာထူးကအထုတ်ခံခဲ့ရတဲ့ ဒေးဗစ်မွိုက်စ်လက်ထက်မှာတောင် ယူနိုက်တက်အသင်းရဲ့
အိမ်ကွင်းရှုံးပွဲရာခိုင်နှုန်းက(၉.၅%)သာရှိခဲ့ပြီး (၁၆)ပွဲမှာ (၆)ပွဲရှုံးနိမ့်ခဲ့တာပါ။
ယူနိုက်တက်အသင်းနည်းပြတွေထဲမှာ အိမ်ကွင်းရှုံးပွဲရာခိုင်နှုန်းတတိယမြောက်
အများဆုံးဖြစ်ခဲ့တာက နည်းပြဟောင်းမော်ရင်ဟိုဖြစ်ပြီး (၄၆)ပွဲမှာ၊
(၄)ပွဲရှုံးနိမ့်ခဲ့တာကြောင့် ရာခိုင်နှုန်းအနေနဲ့(၆%)ရှိခဲ့ပါတယ်။ ယူနိုက်တက်အသင်းအတွက်
FA ဖလားရယူခဲ့တဲ့ နာမည်ကျော်နည်းပြဟောင်းဗန်ဟားလ်လက်ထက်မှာတော့
အိမ်ကွင်း(၃၈)ပွဲမှာ (၅)ပွဲရှုံးခဲ့တဲ့အတွက် ရာခိုင်နှုန်းအရ(၈%)ရှိခဲ့တာဖြစ်ပါတယ်။
Zawgyi
အိမ္ကြင္း (၁၃)ပြဲအထိ ရႈံးပြဲရွိၿပီ မွတ္တမ္းဆိုးမ်ားနဲ႔ ဆိုးလ္ရွား
ဖိအားေတြနဲ႔ရင္ဆိုင္ေနရတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ
ဆိုးလ္ရွားအတြက္ ေနာက္ထပ္စိတ္ပ်က္စရာမွတ္တမ္းအျဖစ္ သူ႔လက္ထက္မွာ
မန္ခ်က္စတာယူႏိုက္တက္အသင္း အိမ္ကြင္းရႈံးပြဲေတြ႕ခဲ့တာက(၁၃)ပြဲအထိရွိၿပီး
(၂၁%)အထိရႈံးနိမ့္ခဲ့တယ္ဆိုတဲ့ မွတ္တမ္းဆိုးတစ္ခုပိုင္ဆိုင္ခဲ့ျပန္ပါၿပီ။ ယူႏိုက္တက္
အသင္းဟာ ၿပီးခဲ့တဲ့စေနေန႔တုန္းက မန္စီးတီးအသင္းကို အိမ္ကြင္းမွာ(၂-၁)ဂိုးနဲ႔
ရႈံးနိမ့္ခဲ့ၿပီး ပရီးမီးယားလိဂ္အိမ္ကြင္း(၄)ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့သလို (၃)ပြဲရႈံး၊
(၁)ပြဲသေရရလဒ္ထြက္ေပၚခဲ့ပါတယ္။ အခုဆိုရင္ ဆိုးလ္ရွားရဲ႕ယူႏိုက္တက္နည္းျပ
ဘဝတစ္ေလွ်ာက္ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲေပါင္း(၅၅)ပြဲသာကိုင္တြယ္ခဲ့ခ်ိန္မွာ
(၁၃)ပြဲအထိရႈံးနိမ့္ခဲ့ၿပီး ရာခိုင္ႏႈန္းအရ(၂၁%)ရွိတာေၾကာင့္ ဂႏၴဝင္နည္းျပႀကီး
ဖာဂူဆန္ၿပီးရင္ အိမ္ကြင္းရႈံးပြဲရာခိုင္ႏႈန္းအမ်ားဆုံးနည္းျပအျဖစ္မွတ္တမ္းဝင္ခဲ့ပါၿပီ။
ဒါေပမဲ့ ဖာဂူဆန္ဟာ ယူႏိုက္တက္အသင္းနည္းျပဘဝ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲေပါင္
း(၄၀၅)ပြဲအထိကိုင္တြယ္ခဲ့ခ်ိန္မွာ (၃၄)ပြဲသာရႈံးနိမ့္ခဲ့ၿပီး ရႈံးပြဲရာခိုင္ႏႈန္း(၅၄%)ရွိခဲ့ေပမယ့္
ပ်မ္းမွ်ျပန္တြက္ၾကည့္ရင္ ဖာဂူဆန္လက္ထက္ ယူႏိုက္တက္အသင္းကစားခဲ့တဲ့
ပရီးမီးယားလိဂ္အိမ္ကြင္းပြဲေပါင္း(၇၅%)မွာ (၈%)သာရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္နည္းျပဘဝမွာတုန္းက ရလဒ္ဆိုးေတြနဲ႔ရင္ဆိုင္ခဲ့ရလို႔ (၈)လအၾကာမွာပဲ
ရာထူးကအထုတ္ခံခဲ့ရတဲ့ ေဒးဗစ္မြိဳက္စ္လက္ထက္မွာေတာင္ ယူႏိုက္တက္အသင္းရဲ႕
အိမ္ကြင္းရႈံးပြဲရာခိုင္ႏႈန္းက(၉.၅%)သာရွိခဲ့ၿပီး (၁၆)ပြဲမွာ (၆)ပြဲရႈံးနိမ့္ခဲ့တာပါ။
ယူႏိုက္တက္အသင္းနည္းျပေတြထဲမွာ အိမ္ကြင္းရႈံးပြဲရာခိုင္ႏႈန္းတတိယေျမာက္
အမ်ားဆုံးျဖစ္ခဲ့တာက နည္းျပေဟာင္းေမာ္ရင္ဟိုျဖစ္ၿပီး (၄၆)ပြဲမွာ၊
(၄)ပြဲရႈံးနိမ့္ခဲ့တာေၾကာင့္ ရာခိုင္ႏႈန္းအေနနဲ႔(၆%)ရွိခဲ့ပါတယ္။ ယူႏိုက္တက္အသင္းအတြက္
FA ဖလားရယူခဲ့တဲ့ နာမည္ေက်ာ္နည္းျပေဟာင္းဗန္ဟားလ္လက္ထက္မွာေတာ့
အိမ္ကြင္း(၃၈)ပြဲမွာ (၅)ပြဲရႈံးခဲ့တဲ့အတြက္ ရာခိုင္ႏႈန္းအရ(၈%)ရွိခဲ့တာျဖစ္ပါတယ္။