အိပ်ရေးပျက်ပြီး အစည်းအဝေးနောက်ကျလို့ အပြစ်ပေးခံရတာဖြစ်ကြောင်း ရက်ရှ်ဖို့ဒ် ရှင်းလင်း

ယူနိုက်တက်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က သူအအိပ်လွန်သွားတာဟာ

ဝုဗ်နဲ့ပွဲထွက်လူစာရင်းကနေပြုတ်ကျခဲ့တဲ့အကြောင်းအရင်းဖြစ်တယ်လို့

ဝန်ခံသွားပါတယ်။ ကမ္ဘာ့ဖလားအပြီး ယူနိုက်တက်ရဲ့ပွဲစဉ်တွေမှာ

ရက်ရှ်ဖို့ဒ် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ဝုဗ်နဲ့ပွဲထွက်လူစာရင်းက

ချန်လှပ်ခံရချိန်မှာတော့ အားလုံးအံ့အားသင့်ခဲ့ရပါတယ်။

တန်ဟတ်ဟာ တိုက်စစ်မှူး ၃ဦး နေရာမှာ မာရှယ်၊ ဂါနာချိုနဲ့

အန်တိုနီ တို့ကိုပွဲထုတ်ခဲ့တာဖြစ်တယ်။ ဝုဗ်နဲ့ပွဲမစခင်မှာတော့

တန်ဟတ်က ကျောထောက်နောက်ခံပြုထားတဲ့စည်းကမ်းကြောင့်

ဖြစ်တယ်လို့ သရဲနီပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယပိုင်းအစမှာတော့ နည်းပြတန်ဟတ်ဟာ

အပိုင်အခွင့်အရေးလွဲချော်ခဲ့တဲ့ ဂါနာချိုနေရာမှာ ရက်ရှ်ဖို့ဒ်ကို

လူစားလဲထိုးခဲ့တာဖြစ်ပြီး အင်္ဂလန်ကြယ်ပွင့်ကလည်း

သူချန်လှပ်ခံရတာနဲ့ပက်သတ်လို့ နှုတ်ဆိတ်မနေခဲ့ပါဘူး။

ဝုဗ်ဘက်ကို တစ်လုံးတည်းသောအနိုင်ဂိုးသွင်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်က

“ကျွန်တော် နည်းနည်းနောက်ကျခဲ့တယ်။ အိပ်ရေးပျက်ခဲ့လို့

အိပ်ပျော်သွားခဲ့တယ်။ အဲဒါက အသင်းရဲ့စည်းကမ်းပိုင်းနဲ့ကြည့်ရင်

အမှားဖြစ်သွားတယ်။ ကျွန်တော်မကစားရလို့ စိတ်ပျက်မိပေမဲ့

ဆုံးဖြတ်ချက်ကိုနားလည်ပါတယ်။ ကျွန်တော်တို့ဂိမ်း

အနိုင်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်” လို့ ပွဲအပြီးမှာ ရှင်းပြသွားပါတယ်။

ရက်ရှ်ဖို့ဒ်ဘက်က စည်းကမ်းဖောက်ဖျက်သလိုဖြစ်ခဲ့ပေမဲ့

သူ့ကိုလူစာရင်းထဲခေါ်လာခဲ့တဲ့ တန်ဟတ်ရဲ့လုပ်ရပ်ကတော့ မှန်ကန်တယ်လို့ဆိုရမှာပါ။

zawgyi

အိပ္ေရးပ်က္ၿပီး အစည္းအေဝးေနာက္က်လို႔ အျပစ္ေပးခံရတာျဖစ္ေၾကာင္း ရက္ရွ္ဖို႔ဒ္ ရွင္းလင္း

ယူႏိုက္တက္တိုက္စစ္မႉးရက္ရွ္ဖို႔ဒ္က သူအအိပ္လြန္သြားတာဟာ

ဝုဗ္နဲ႔ပြဲထြက္လူစာရင္းကေနျပဳတ္က်ခဲ့တဲ့အေၾကာင္းအရင္းျဖစ္တယ္လို႔

ဝန္ခံသြားပါတယ္။ ကမာၻ႔ဖလားအၿပီး ယူႏိုက္တက္ရဲ႕ပြဲစဥ္ေတြမွာ

ရက္ရွ္ဖို႔ဒ္ အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့ၿပီး ဝုဗ္နဲ႔ပြဲထြက္လူစာရင္းက

ခ်န္လွပ္ခံရခ်ိန္မွာေတာ့ အားလုံးအံ့အားသင့္ခဲ့ရပါတယ္။

တန္ဟတ္ဟာ တိုက္စစ္မႉး ၃ဦး ေနရာမွာ မာရွယ္၊ ဂါနာခ်ိဳနဲ႔

အန္တိုနီ တို႔ကိုပြဲထုတ္ခဲ့တာျဖစ္တယ္။ ဝုဗ္နဲ႔ပြဲမစခင္မွာေတာ့

တန္ဟတ္က ေက်ာေထာက္ေနာက္ခံျပဳထားတဲ့စည္းကမ္းေၾကာင့္

ျဖစ္တယ္လို႔ သရဲနီပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။

ဒါေပမဲ့ ဒုတိယပိုင္းအစမွာေတာ့ နည္းျပတန္ဟတ္ဟာ

အပိုင္အခြင့္အေရးလြဲေခ်ာ္ခဲ့တဲ့ ဂါနာခ်ိဳေနရာမွာ ရက္ရွ္ဖို႔ဒ္ကို

လူစားလဲထိုးခဲ့တာျဖစ္ၿပီး အဂၤလန္ၾကယ္ပြင့္ကလည္း

သူခ်န္လွပ္ခံရတာနဲ႔ပက္သတ္လို႔ ႏႈတ္ဆိတ္မေနခဲ့ပါဘူး။

ဝုဗ္ဘက္ကို တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းခဲ့တဲ့ ရက္ရွ္ဖို႔ဒ္က

“ကြၽန္ေတာ္ နည္းနည္းေနာက္က်ခဲ့တယ္။ အိပ္ေရးပ်က္ခဲ့လို႔

အိပ္ေပ်ာ္သြားခဲ့တယ္။ အဲဒါက အသင္းရဲ႕စည္းကမ္းပိုင္းနဲ႔ၾကည့္ရင္

အမွားျဖစ္သြားတယ္။ ကြၽန္ေတာ္မကစားရလို႔ စိတ္ပ်က္မိေပမဲ့

ဆုံးျဖတ္ခ်က္ကိုနားလည္ပါတယ္။ ကြၽန္ေတာ္တို႔ဂိမ္း

အႏိုင္ရတဲ့အတြက္ ေပ်ာ္႐ႊင္မိပါတယ္” လို႔ ပြဲအၿပီးမွာ ရွင္းျပသြားပါတယ္။

ရက္ရွ္ဖို႔ဒ္ဘက္က စည္းကမ္းေဖာက္ဖ်က္သလိုျဖစ္ခဲ့ေပမဲ့

သူ႔ကိုလူစာရင္းထဲေခၚလာခဲ့တဲ့ တန္ဟတ္ရဲ႕လုပ္ရပ္ကေတာ့ မွန္ကန္တယ္လို႔ဆိုရမွာပါ။