အိပ်မက်ဆန်လွန်းပြီး ယုံစားလို့ မရနိုင်သေးတဲ့ အက်သလက်တီကိုရဲ့ အဆုံးသတ်နိဂုံး

အက်သလက်တီကိုနဲ့ လေဗာကူဆင်တို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်ကတော့ တကယ့်ကို အိပ်မက်ဆန်တဲ့ ဖြစ်ရပ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

အစောပိုင်းပွဲစဉ်မှာ ပေါ်တိုက ဘရုဂျက်အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရထားတာကြောင့် စပိန်ကလပ်ဟာ လေဗာကူဆင်နဲ့ ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပါတယ်။

ဒါမှသာ နောက်တစ်ဆင့် တက်နိုင်ရေးအတွက် မျှော်လင့်ချက်က နောက်ဆုံးပွဲစဉ်အထိ အသက်ဝင် နေမှာဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ဆီမြွန်နီရဲ့ အသင်းဟာ နိုင်ပွဲရဖို့အတွက် ကြိုးစားရုန်းကန်ခဲ့ပေမယ့်

ဂျာမန်ကလပ်ကသာ ဦးဆောင်ဂိုးတွေ သွင်းခဲ့ပြီး ဒုတိယပိုင်း နာကျင်အချိန်ပို ၅ မိနစ် ပြီးဆုံးသွားတဲ့နောက် ပွဲပြီးချိန်ဖြစ်တဲ့ ၉၀+၅ မိနစ်အထိ ၂ ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒါပေမဲ့ ဒီပွဲရဲ့ အိပ်မက်ဆန်ဆန် ဖြစ်ရပ်တွေက အဲဒီအချိန်အကျမှ စပြီး အသက်ဝင်ခဲ့တာပါ။ ပွဲချိန် ၉၀+၅ မိနစ် မှာ ရတဲ့ ထောင့်ကန်ဘောကို အက်သလက်တီကို ကန်တင်ခဲ့ရာမှာ

ပြိုင်ဘက် ကစားသမားတစ်ယောက် ရှင်းထုတ်လိုက်ပြီးတဲ့နောက် ကွင်းလယ်ဒိုင် တာပင်က ပွဲသိမ်းခရာ မှုတ်လိုက်ပါတယ်။

ဒါကြောင့် ပွဲပြီးသွားခဲ့ပြီလို့ ထင်ခဲ့ရပေမယ့် လေဗာကူဆင်ကစားသမား ကိုဆိုအူနို ဘောလုံးကို လက်နဲ့ထိ တယ်ဆိုပြီး ပင်နယ်တီ ဟုတ်မဟုတ်ဆိုတာကိုမော်နီတာကြည့်ဖို့အတွက်

VAR ထိန်းချုပ်ရေးခန်းက တောင်းဆိုခဲ့ပါတယ်။

အဲဒီနောက် ဒိုင်က ကွင်းဘေး မှာရှိတဲ့ မော်နီတာကို သွားကြည့်ပြီးတဲ့နောက် ပွဲသိမ်းခရာမှုတ်ခဲ့တဲ့ ဆုံးဖြတ် ချက်ကို ပယ်ဖျက်ခဲ့ပြီး အက်သလက်တီကို အသင်းကို ပင်နယ်တီကန်ခွင့်ပေး ခဲ့ပါတယ်။

ဒီပင်နယ်တီကို ကာရက်စ်ကို ကန်သွင်းရာမှာတော့ ဂိုးသမား ဟာဒီကီ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပုတ်ထုတ်လိုက်တဲ့ ဘောလုံးဟာ အက်သလက်တီကို ကစားသမား ဆောလ်နီဂွက်ဇ်ဆီ

ရောက် သွားတာကြောင့် ဒီ စပိန် ကွင်းလယ်လူက ခေါင်းတိုက် သွင်းယူခဲ့ပေမယ့် ဂိုး ဘာတန်းထိပြီး ပြန်ထွက်လာခဲ့ပြန်ပါတယ်။

အဲဒီပြန်ထွက်လာတဲ့ ဘောလုံးကို လည်း မန်ဒါဗာ မြေထောက်ကန်ချက်နဲ့ ဂိုးကန်သွင်းခဲ့ပေမယ့် လေဗာကူဆင် နောက်ခံလူတစ်ယောက်နဲ့ထိပြီး ထောင့်ကန်ဘော ဖြစ်သွားခဲ့တဲ့ အချိန်မှာ တော့ ပွဲဟာ

အိပ်မက်ဆန်ဆန်နဲ့ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန် အပိုင်းအခြား ကာလလေးနဲ့ ပတ်သက်ပြီး အက်သလက်တီကို ပရိသတ်တွေ ကတော့ ရင်သပ်ရှုမောမဆုံးဖြစ်ခဲ့ရတဲ့

အကြောင်းအရာတွေအားလုံးကို တွစ်တာမှာ ပို့စ်တွေ တင်ခဲ့ကြပါတယ်။

(Zawgyi)

အိပ္မက္ဆန္လြန္းၿပီး ယုံစားလို႔ မရႏိုင္ေသးတဲ့ အက္သလက္တီကိုရဲ႕ အဆုံးသတ္နိဂုံး

အက္သလက္တီကိုနဲ႔ ေလဗာကူဆင္တို႔ ၂ ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္ကေတာ့ တကယ့္ကို အိပ္မက္ဆန္တဲ့ ျဖစ္ရပ္ေတြနဲ႔ ျပည့္ႏွက္ေနခဲ့တယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။

အေစာပိုင္းပြဲစဥ္မွာ ေပၚတိုက ဘ႐ုဂ်က္အသင္းကို ၄-၀ ဂိုးနဲ႔ အႏိုင္ရထားတာေၾကာင့္ စပိန္ကလပ္ဟာ ေလဗာကူဆင္နဲ႔ ပြဲစဥ္မွာ မျဖစ္မေန အႏိုင္ရဖို႔ လိုအပ္ေနပါတယ္။

ဒါမွသာ ေနာက္တစ္ဆင့္ တက္ႏိုင္ေရးအတြက္ ေမွ်ာ္လင့္ခ်က္က ေနာက္ဆုံးပြဲစဥ္အထိ အသက္ဝင္ ေနမွာျဖစ္ပါတယ္။ ဒါေၾကာင့္ နည္းျပ ဆီႁမြန္နီရဲ႕ အသင္းဟာ ႏိုင္ပြဲရဖို႔အတြက္

ႀကိဳးစား႐ုန္းကန္ခဲ့ေပမယ့္ ဂ်ာမန္ကလပ္ကသာ ဦးေဆာင္ဂိုးေတြ သြင္းခဲ့ၿပီး ဒုတိယပိုင္း နာက်င္အခ်ိန္ပို ၅ မိနစ္ ၿပီးဆုံးသြားတဲ့ေနာက္ ပြဲၿပီးခ်ိန္ျဖစ္တဲ့ ၉၀+၅ မိနစ္အထိ ၂ ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒါေပမဲ့ ဒီပြဲရဲ႕ အိပ္မက္ဆန္ဆန္ ျဖစ္ရပ္ေတြက အဲဒီအခ်ိန္အက်မွ စၿပီး အသက္ဝင္ခဲ့တာပါ။

ပြဲခ်ိန္ ၉၀+၅ မိနစ္ မွာ ရတဲ့ ေထာင့္ကန္ေဘာကို အက္သလက္တီကိုအသင္း ကန္တင္ခဲ့ရာမွာ ၿပိဳင္ဘက္ ကစားသမားတစ္ေယာက္ ရွင္းထုတ္လိုက္ၿပီးတဲ့ေနာက္ ကြင္းလယ္ဒိုင္ တာပင္က ပြဲသိမ္းခရာ မႈတ္လိုက္ပါတယ္။

ဒါေၾကာင့္ ပြဲၿပီးသြားခဲ့ၿပီလို႔ ထင္ခဲ့ရေပမယ့္ ေလဗာကူဆင္ကစားသမား ကိုဆိုအူႏို ေဘာလုံးကို လက္နဲ႔ထိ တယ္ဆိုၿပီး ပင္နယ္တီ ဟုတ္မဟုတ္ဆိုတာကိုေမာ္နီတာၾကည့္ဖို႔အတြက္

VAR ထိန္းခ်ဳပ္ေရးခန္းက ေတာင္းဆိုခဲ့ပါတယ္။ အဲဒီေနာက္ ဒိုင္က ကြင္းေဘး မွာရွိတဲ့ ေမာ္နီတာကို သြားၾကည့္ၿပီးတဲ့ေနာက္ ပြဲသိမ္းခရာမႈတ္ခဲ့တဲ့ ဆုံးျဖတ္ ခ်က္ကို ပယ္ဖ်က္ခဲ့ၿပီး အက္သလက္တီကို

အသင္းကို ပင္နယ္တီကန္ခြင့္ေပး ခဲ့ပါတယ္။ ဒီပင္နယ္တီကို ကာရက္စ္ကို ကန္သြင္းရာမွာေတာ့ ဂိုးသမား ဟာဒီကီ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ အဲဒီပုတ္ထုတ္လိုက္တဲ့ ေဘာလုံးဟာ အက္သလက္တီကို ကစားသမား ေဆာလ္နီဂြက္ဇ္ဆီ ေရာက္ သြားတာေၾကာင့္ ဒီ

စပိန္ ကြင္းလယ္လူက ေခါင္းတိုက္ သြင္းယူခဲ့ေပမယ့္ ဂိုး ဘာတန္းထိၿပီး ျပန္ထြက္လာခဲ့ျပန္ပါတယ္။ အဲဒီျပန္ထြက္လာတဲ့ ေဘာလုံးကို လည္း မန္ဒါဗာ ေျမေထာက္ကန္ခ်က္နဲ႔ ဂိုးကန္သြင္းခဲ့ေပမယ့္ ေလဗာကူဆင္

ေနာက္ခံလူတစ္ေယာက္နဲ႔ထိၿပီး ေထာင့္ကန္ေဘာ ျဖစ္သြားခဲ့တဲ့ အခ်ိန္မွာ ေတာ့ ပြဲဟာ အိပ္မက္ဆန္ဆန္နဲ႔ ၿပီးဆုံးသြားခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္ အပိုင္းအျခား ကာလေလးနဲ႔ ပတ္သက္ၿပီး အက္သလက္တီကို ပရိသတ္ေတြ ကေတာ့ ရင္သပ္ရႈေမာမဆုံးျဖစ္ခဲ့ရတဲ့ အေၾကာင္းအရာေတြအားလုံးကို တြစ္ တာမွာ ပို႔စ္ေတြ တင္ခဲ့ၾကပါတယ္။