
ဒါဘီအသင်းနည်းပြ ဝိန်းရွန်းနီအတွက်တော့ ခရစ္စမတ်ကာလဟာ
စိတ်ပျက်စရာဆူညံသံတွေနဲ့ ပြည့်နှက်လာနိုင်ပါတယ်။ အကြောင်းရင်းကတော့
သူ့ရဲ့ အိမ်နီးနားချင်း လယ်သမားတစ်ဦးက သိုးအကောင် ၂၀၀ ကို အစာကျွေးနိုင်ဖို့ ကြီးမားတဲ့
ဂိုထောင်ကြီးတစ်ခု ဆောက်လုပ်ဖို့ စီစဉ်နေတာကြောင့်ပဲဖြစ်ပါတယ်။
ဒါဘီအသင်း အစိုးရရဲ့ စီမံအုပ်ချုပ်မှုခံယူခဲ့ရလို့ ၁၂ မှတ်လျှော့ပြစ်ဒဏ်ချ
မှတ်ခံထားရတာကြောင့် အိပ်ပျက်ညတွေ များနေတဲ့ ရွန်းနီအတွက် နောက်ထပ်
အိပ်ပျက်ညတွေ ပိုများလာနိုင်ပြီး ပတ်ဝန်းကျင်မှာ ဆူညံသံတွေ ပိုများလာနိုင်ပါတယ်။
ဝိန်းရွန်းနီဟာဧက၄၀ပါယခုနေအိမ်ကို၂၀၁၈ခုနှစ်တုန်းကပေါင်၄.၃သန်းဖြင့်
ဝယ်ယူခဲ့တာဖြစ်ပြီးအိမ်ကိုအကြီးအကျယ်ပြောင်းလဲတည်ဆောက်ထားပါတယ်။
အသက် ၃၅ နှစ်အရွယ် ကိုယ်စီရှိပြီဖြစ်တဲ့ ရွန်းနီနဲ့ ကောလင်းတို့ရဲ့ အဆိုပါစံအိမ်မှာ
ဥယျာဉ်၊ ကားဂိုထောင်ကြီးတစ်ခုနဲ့ မြင်းဇောင်းတွေလည်း ပါဝင်ပါတယ်။
သူ့ရဲ့ အိမ်နီးနားချင်း လယ်သမားမိသားစုကတော့ ဇူလိုင်လမှာ ချက်ရှိုင်းယားဒေသရဲ့ အာဏာပိုင်တွေဆီကနေ
သိုးအကောင် ၁၀၀၀ မွေးမြူဖို့ ခွင့်ပြုချက်ရခဲ့ပြီး အဲဒီလိုခွင့်ပြုချက်ရဖို့
၁နှစ်ကြာ ကြိုးစားခဲ့ရတယ်လို့သိရပါတယ်။
ရွန်းနီတို့မိသားစု အနေနဲ့လည်း ဒေသတွင်းအာဏာပိုင်တွေဆီက ခွင့်ပြုချက် ရရှိသွားတဲ့
လယ်သမားမိသားစုရဲ့ သိုးတွေဆီက အော်သံတွေကြောင့် မနက်ခင်းမှာ အိပ်ရေးမဝလို့
နားပိတ်နေရမယ့် ဘဝကလွတ်ချင်ရင် နေရာပြောင်းနေရမလိုပါပဲ။
zawgyi
ဒါဘီအသင္းအမွတ္ေလွ်ာ့ခံေနရလို႕ အိပ္ပ်က္ညေတြ မ်ားေနတဲ့ ႐ြန္းနီအတြက္
စိတ္ပ်က္စရာ ဆူညံသံေတြနဲ႔ ေနာက္ထပ္အိပ္ပ်က္ညေတြ ပိုမ်ားလာေတာ့မွာလား…?
ဒါဘီအသင္းနည္းျပ ဝိန္း႐ြန္းနီအတြက္ေတာ့ ခရစၥမတ္ကာလဟာ
စိတ္ပ်က္စရာဆူညံသံေတြနဲ႔ ျပည့္ႏွက္လာႏိုင္ပါတယ္။ အေၾကာင္းရင္းကေတာ့
သူ႔ရဲ႕ အိမ္နီးနားခ်င္း လယ္သမားတစ္ဦးက သိုးအေကာင္ ၂၀၀ ကို အစာေကြၽးႏိုင္ဖို႔ ႀကီးမားတဲ့
ဂိုေထာင္ႀကီးတစ္ခု ေဆာက္လုပ္ဖို႔ စီစဥ္ေနတာေၾကာင့္ပဲျဖစ္ပါတယ္။
ဒါဘီအသင္း အစိုးရရဲ႕ စီမံအုပ္ခ်ဳပ္မႈခံယူခဲ့ရလို႔ ၁၂ မွတ္ေလွ်ာ့ျပစ္ဒဏ္ခ်
မွတ္ခံထားရတာေၾကာင့္ အိပ္ပ်က္ညေတြ မ်ားေနတဲ့ ႐ြန္းနီအတြက္ ေနာက္ထပ္
အိပ္ပ်က္ညေတြ ပိုမ်ားလာႏိုင္ၿပီး ပတ္ဝန္းက်င္မွာ ဆူညံသံေတြ ပိုမ်ားလာႏိုင္ပါတယ္။
ဝိန္း႐ြန္းနီဟာဧက၄၀ပါယခုေနအိမ္ကို၂၀၁၈ခုႏွစ္တုန္းကေပါင္၄.၃သန္းျဖင့္
ဝယ္ယူခဲ့တာျဖစ္ၿပီးအိမ္ကိုအႀကီးအက်ယ္ေျပာင္းလဲတည္ေဆာက္ထားပါတယ္။
အသက္ ၃၅ ႏွစ္အ႐ြယ္ ကိုယ္စီရွိၿပီျဖစ္တဲ့ ႐ြန္းနီနဲ႔ ေကာလင္းတို႔ရဲ႕ အဆိုပါစံအိမ္မွာ
ဥယ်ာဥ္၊ ကားဂိုေထာင္ႀကီးတစ္ခုနဲ႔ ျမင္းေဇာင္းေတြလည္း ပါဝင္ပါတယ္။
သူ႔ရဲ႕ အိမ္နီးနားခ်င္း လယ္သမားမိသားစုကေတာ့ ဇူလိုင္လမွာ ခ်က္ရႈိင္းယားေဒသရဲ႕ အာဏာပိုင္ေတြဆီကေန
သိုးအေကာင္ ၁၀၀၀ ေမြးျမဴဖို႔ ခြင့္ျပဳခ်က္ရခဲ့ၿပီး အဲဒီလိုခြင့္ျပဳခ်က္ရဖို႔
၁ႏွစ္ၾကာ ႀကိဳးစားခဲ့ရတယ္လို႕သိရပါတယ္။ ႐ြန္းနီတို႕မိသားစု အေနနဲ႕လည္း
ေဒသတြင္းအာဏာပိုင္ေတြဆီက ခြင့္ျပဳခ်က္ ရရွိသြားတဲ့
လယ္သမားမိသားစုရဲ႕ သိုးေတြဆီက ေအာ္သံေတြေၾကာင့္ မနက္ခင္းမွာ အိပ္ေရးမဝလို႕
နားပိတ္ေနရမယ့္ ဘဝကလြတ္ခ်င္ရင္ ေနရာေျပာင္းေနရမလိုပါပဲ။