အိန္ဒိယမှာ လင်းလက်တောက်ပနေတဲ့ မြန်မာကျားမလေး ဝင်းသိင်္ဂိထွန်း

မြန်မာအမျိုးသမီးအသင်းတိုက်စစ်မှူး ဝင်းသိင်္ဂိထွန်းဟာ အိန္ဒိယာကလပ်

ဂိုကူလမ် ကီရာလာအသင်းမှာ ပုံမှန်ခြေစွမ်းပြနေပြီး ယခုရာသီမှာ
အသင်းအတွက် ၅ ပွဲကစား ၅ဂိုးအထိ သွင်းယူထားပါတယ်။
လက်ရှိချန်ပီယံ ဂိုကူလမ်အသင်းကလည်း ၅ပွဲကစားပြီးချိန်မှာ
ရာနှုန်းပြည့်အနိုင်ရထားပြီး ၂၀၂၁-၂၂ အိန္ဒိယအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ
ထိပ်ဆုံးကနေ သက်သောက်သက်သာ ဦးဆောင်နေပါတယ်။

အိန္ဒိယကို လာကစားတဲံ ပထမဆုံးမြန်မာအမျိုးသမီးကစားသမားအဖြစ်
စံချိန်တင်ထားတဲ့ ဝင်းသိင်္ဂီထွန်းက သူ ဦးဆာင်ဖောက်တဲ့
လမ်းကြောင်းကနေ မြန်မာအမျိုးသမီးကစားသမားတွေ
ထွက်ပေါ်လာဖို့ မျှော်လင့်မိတယ်လို့ ဆိုပါတယ်။
”ဂိုကူလမ်ကို ပြောင်းလာတာ ကျွန်မအတွက်တော့

အတွေ့အကြုံပေါင်းစုံရတာပါပဲ။
ကျွန်မတို့နိုင်ငံမှာ တခြားအမျိုးသမီးကစားသမားတွေ
ပြည်ပထွက်မကစားဖူးသေးလို့ ကျွန်မသာ
ကောင်းကောင်းအထိုင်ကျရင် တခြားကစားသမားတွေအတွက်လည်း
အခွင့်အရေးပေါ်လာနိုင်ပါတယ်။

အိန္ဒိယက လှပတဲ့တိုင်းပြည်ဖြစ်ပြီး ကီရာလာမြို့ကိုလည်း
သံယောဇဉ်တွက်နေပါပြီ။ အထူးသဖြင့် ကမ်းခြေတွေပေါ့။
အားလုံးကလည်း စိတ်သဘောထားကောင်းမွန်ပြီး
ကျွန်မကိုလည်း အကူအညီပေးပါတယ်’လို့ ဝင်းက ပြောပါတယ်။
အသက် ၂၇ နှစ်အရွယ် ဝင်းသိင်္ဂီထွန်းဟာ

အရင်တုန်းက အိန္ဒိယအမျိုးသမီးနဲ့ ပြိုင်ဘက်အဖြစ်
ရင်ဆိုင်ခဲ့ဖူးပြီး ၂၀၁၉ အတွင်း ၂ပွဲကစားခဲ့ရာမှာ
ပွဲတိုင်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။
သူဟာ ပ-အကျော့ အိန္ဒိယမြေမှာ ဝ-၂ ဂိုးနဲ့
အနိုင်ရခဲ့တုန်းက နာကျင်အချိန်ပိုမှာ အဆုံးသတ်ဂိုး

သွင်းယူခဲ့သလို ဒု-အကျော့အဖြစ် ရန်ကုန်မှာ
၃-၃ ဂိုးသရေကျခဲ့တုန်းကလည်း မြန်မာအသင်းအတွက် ၃ဂိုးစလုံး သွင်းယူခဲ့ပါတယ်။
ဂိုကူလမ်အသင်းကို ရောက်နေတာ ၆လကျော်ရှိနေပြီဖြစ်တဲ့
ဝင်းက သူ့အနေနဲ့ အသင်းသစ်မှာ အထိုင်ကျဖို့
ဖြေးဖြေးချင်း အချိန်ယူခဲ့ရတယ်လို့ ဝန်ခံပါတယ်။

”မြန်မာနဲ့ အိန္ဒိယ ကစားပုံက တော်တော်ကွာတယ်။
ဒီမှာကစားရတာထက် မြန်မာမှာ ကစားရတာထက်
ပိုခက်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ ကျွန်မ
တစ်ဖြည်းဖြည်းအသားကျလာပြီလို့ ထင်ပါတယ်”လို့ ဝင်းက ဆက်ပြောပါတယ်။
ဝင်းဟာ ကစားသမားဘဝကို ကွင်းလယ်လူတစ်ဦးအဖြစ်

စတင်ခဲ့ပေမယ့် နေရာစုံလိုက်ကစားခဲ့ပြီး
တိုက်စစ်မှူးအဖြစ်သာမက ဘယ်ညာတောင်ပံကစားသမားအဖြစ်ပါ ကစားနိုင်စွမ်းရှိပါတယ်။

Zawgyi

အိႏၵိယမွာ လင္းလက္ေတာက္ပေနတဲ့ ျမန္မာက်ားမေလး ဝင္းသိဂႋထြန္း
ျမန္မာအမ်ိဳးသမီးအသင္းတိုက္စစ္မႉး ဝင္းသိဂႋထြန္းဟာ အိႏၵိယာကလပ္
ဂိုကူလမ္ ကီရာလာအသင္းမွာ ပုံမွန္ေျခစြမ္းျပေနၿပီး ယခုရာသီမွာ
အသင္းအတြက္ ၅ ပြဲကစား ၅ဂိုးအထိ သြင္းယူထားပါတယ္။
လက္ရွိခ်န္ပီယံ ဂိုကူလမ္အသင္းကလည္း ၅ပြဲကစားၿပီးခ်ိန္မွာ

ရာႏႈန္းျပည့္အႏိုင္ရထားၿပီး ၂၀၂၁-၂၂ အိႏၵိယအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲမွာ
ထိပ္ဆုံးကေန သက္ေသာက္သက္သာ ဦးေဆာင္ေနပါတယ္။
အိႏၵိယကို လာကစားတဲံ ပထမဆုံးျမန္မာအမ်ိဳးသမီးကစားသမားအျဖစ္
စံခ်ိန္တင္ထားတဲ့ ဝင္းသိဂႌထြန္းက သူ ဦးဆာင္ေဖာက္တဲ့
လမ္းေၾကာင္းကေန ျမန္မာအမ်ိဳးသမီးကစားသမားေတြ

ထြက္ေပၚလာဖို႔ ေမွ်ာ္လင့္မိတယ္လို႔ ဆိုပါတယ္။
”ဂိုကူလမ္ကို ေျပာင္းလာတာ ကြၽန္မအတြက္ေတာ့
အေတြ႕အႀကဳံေပါင္းစုံရတာပါပဲ။
ကြၽန္မတို႔ႏိုင္ငံမွာ တျခားအမ်ိဳးသမီးကစားသမားေတြ
ျပည္ပထြက္မကစားဖူးေသးလို႔ ကြၽန္မသာ

ေကာင္းေကာင္းအထိုင္က်ရင္ တျခားကစားသမားေတြအတြက္လည္း
အခြင့္အေရးေပၚလာႏိုင္ပါတယ္။
အိႏၵိယက လွပတဲ့တိုင္းျပည္ျဖစ္ၿပီး ကီရာလာၿမိဳ႕ကိုလည္း
သံေယာဇဥ္တြက္ေနပါၿပီ။ အထူးသျဖင့္ ကမ္းေျခေတြေပါ့။
အားလုံးကလည္း စိတ္သေဘာထားေကာင္းမြန္ၿပီး

ကြၽန္မကိုလည္း အကူအညီေပးပါတယ္’လို႔ ဝင္းက ေျပာပါတယ္။
အသက္ ၂၇ ႏွစ္အ႐ြယ္ ဝင္းသိဂႌထြန္းဟာ
အရင္တုန္းက အိႏၵိယအမ်ိဳးသမီးနဲ႔ ၿပိဳင္ဘက္အျဖစ္
ရင္ဆိုင္ခဲ့ဖူးၿပီး ၂၀၁၉ အတြင္း ၂ပြဲကစားခဲ့ရာမွာ
ပြဲတိုင္း ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

သူဟာ ပ-အေက်ာ့ အိႏၵိယေျမမွာ ဝ-၂ ဂိုးနဲ႔
အႏိုင္ရခဲ့တုန္းက နာက်င္အခ်ိန္ပိုမွာ အဆုံးသတ္ဂိုး
သြင္းယူခဲ့သလို ဒု-အေက်ာ့အျဖစ္ ရန္ကုန္မွာ
၃-၃ ဂိုးသေရက်ခဲ့တုန္းကလည္း ျမန္မာအသင္းအတြက္ ၃ဂိုးစလုံး သြင္းယူခဲ့ပါတယ္။
ဂိုကူလမ္အသင္းကို ေရာက္ေနတာ ၆လေက်ာ္ရွိေနၿပီျဖစ္တဲ့

ဝင္းက သူ႔အေနနဲ႔ အသင္းသစ္မွာ အထိုင္က်ဖို႔
ေျဖးေျဖးခ်င္း အခ်ိန္ယူခဲ့ရတယ္လို႔ ဝန္ခံပါတယ္။
”ျမန္မာနဲ႔ အိႏၵိယ ကစားပုံက ေတာ္ေတာ္ကြာတယ္။
ဒီမွာကစားရတာထက္ ျမန္မာမွာ ကစားရတာထက္
ပိုခက္ပါတယ္။ ဒါေပမဲ့ အခုခ်ိန္မွာ ကြၽန္မ

တစ္ျဖည္းျဖည္းအသားက်လာၿပီလို႔ ထင္ပါတယ္”လို႔ ဝင္းက ဆက္ေျပာပါတယ္။
ဝင္းဟာ ကစားသမားဘဝကို ကြင္းလယ္လူတစ္ဦးအျဖစ္
စတင္ခဲ့ေပမယ့္ ေနရာစုံလိုက္ကစားခဲ့ၿပီး
တိုက္စစ္မႉးအျဖစ္သာမက ဘယ္ညာေတာင္ပံကစားသမားအျဖစ္ပါ ကစားႏိုင္စြမ္းရွိပါတယ္။