အိတ်ပိတ်လေလံ ကံစမ်းတဲ့သဘောမျိုးနဲ့ခေါ်ယူစေခဲ့ရာမှာ ဘန်းယူနိုက်တက်က ကားလို့စ်ကို ရရှိသွား

လေလံပွဲကနေတစ်ဆင့် အင်္ဂလန်ကိုကစားဖို့ရောက်လာတဲ့ ရောဘတ်တိုကားလို့စ်

ဘရာဇီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဖြစ်တဲ့ ရောဘတ်တိုကားလို့စ်ဟာ

ကစားသမားဘဝကနေအနားယူထားပြီးသူဖြစ် ပေမယ့်

ဘောလုံးပြန်ကစားဖို့အတွက်အင်္ဂလန်ကိုရောက်လာခဲ့တယ်လို့ သိရပါတယ်။

အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ကားလို့စ် ဟာ ဘရာဇီးအသင်းနဲ့အတူ

ကမ္ဘာ့ဖလားကို ရရှိခဲ့သလို ရီးရဲလ်မက်ဒရစ်နဲ့လည်း

ဆုဖလားပေါင်းများစွာရယူနိုင်ခဲ့သူဖြစ်ပါ တယ်။

သူဟာပြီးခဲ့တဲ့ဆောင်းရာသီဈေးကွက်နောက်ဆုံးရက်မှာ

အင်္ဂလန်က Shropshire Sunday League ပြိုင်ပွဲဝင်အ သင်းဖြစ်တဲ့

ဘန်းယူနိုက်တက်ကိုရောက်လာခဲ့တာဖြစ်ပြီး

တစ်ပွဲသာကစားပေးသွားမှာဖြစ်ပါတယ်။

eBay ကနေတစ်ဆင့် အိတ်ပိတ်လေလံဆွဲဖို့အတွက် ၅ ပေါင်သာကုန်ကျခဲ့ပြီး

ကားလို့စ်လို ဂန္ထဝင်ကစားသမားကိုရရှိခဲ့တာဖြစ်ပါတယ်။

ဒီအသင်း စာအင်္ဂလန်မှာ ရပ်ကွက်အဆင့်အသင်းသာဖြစ်ပါတယ်။

eBay ဟာ Football Beyond Borders ဆိုတဲ့ ပရဟိတအဖွဲ့တစ်ခုကို

အထောက်အပံ့ပေးဖို့အ တွက် ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့

ကစားသမားတွေကို သူတို့ရဲ့နာမည်မသိစေရဘဲ

ကံစမ်းတဲ့သဘောမျိုးနဲ့ခေါ်ယူစေခဲ့ရာမှာ ဘန်းယူနိုက်တက်က

ကားလို့စ်ကို ရရှိသွားတာဖြစ်ပါတယ်။

ဘရာဇီးအသင်းအတွက် ၁၂၅ ပွဲကစားခဲ့တဲ့ ဘယ်နောက်ခံလူ ဖြစ်

ကားလို့စ်ဟာ ၁၉၉၇ တုန်းကပြင်သစ်အသင်းဘက်ကို

ဝေ့ဝိုက်ပြီးအားပါပြင်းထန်တဲ့ ဖရီးကစ်နဲ့ ဂိုးသွင်းယူနိုင်ခဲ့ပြီး

ကမ္ဘာ ကျော်ခဲ့သေးသူဖြစ်ပါတယ်။

Football Beyond Borders အဖွဲ့ဟာလူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့

ချို့ငဲ့တဲ့လူငယ်တွေကိုအကူအညီပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

အင်္ဂလန်ကိုရောက်ပြီးနောက်မှာ ကားလို့စ်ကသူဟာ

၁၉၉၀ ပြည့်လွန်နှစ်တွေက ဘာမင်ဂမ်မြို့မှာရှိတဲ့

ပရော် ဖက်ရှင်နယ်ကလပ်တစ်ခု နဲ့လက်မှတ်ရေးထိုးဖို့

နီးစပ်ခဲ့သေးတယ်လို့ ဖွင့်ဟသွားပါတယ်။

ဘန်းယူနိုက်တက်အသင်းကို Bull in the Barne in Shrewsbury လို့လည်းခေါ်ဆိုပြီး

သူနဲ့လေ့ကျင့်ခန်းဆင်းရတဲ့အတွက် ဘန်းယူနိုက်တက်ရဲ့

ခြေစွမ်း တိုးတက်လာဖို့ မျှော်လင့်တယ်လို့ လည်းပြောခဲ့ပါတယ်။

တစ်ချိန်တည်းမှာဘဲ eBay ရဲ့အိတ်ပိတ်လေလံကနေတစ်ဆင့်

ချဲလ်ဆီးအမျိုးသမီးအသင်းတိုက်စစ်မှူးဟောင်းဖြစ်တဲ့

အန်နီအလူကိုဟာ အိစ်ဘွန်းမှာအခြေစိုက်တဲ့

New Pevensey and Westham FC အသင်းအတွက်

ကစားပေးရမယ်လို့ သိရပါတယ်။

အလူကိုဟာ အင်္ဂလန်အသင်းအတွက်ပွဲပေါင်း ၁၀၀ ကျော် ကစားခဲ့သူဖြစ်ပြီး

၂၀၂၀ ကကစားသမားဘဝကနေအနားယူခဲ့သူဖြစ်ပါတယ်။

zawgyi

အိတ္ပိတ္ေလလံ ကံစမ္းတဲ့သေဘာမ်ိဳးနဲ႔ေခၚယူေစခဲ့ရာမွာ ဘန္းယူႏိုက္တက္က ကားလို႔စ္ကို ရရွိသြား

ေလလံပြဲကေနတစ္ဆင့္ အဂၤလန္ကိုကစားဖို႔ေရာက္လာတဲ့ ေရာဘတ္တိုကားလို႔စ္

ဘရာဇီးအသင္းနဲ႔ ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ျဖစ္တဲ့ ေရာဘတ္တိုကားလို႔စ္ဟာ

ကစားသမားဘဝကေနအနားယူထားၿပီးသူျဖစ္ ေပမယ့္

ေဘာလုံးျပန္ကစားဖို႔အတြက္အဂၤလန္ကိုေရာက္လာခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၄၈ ႏွစ္ရွိၿပီျဖစ္တဲ့ ကားလို႔စ္ ဟာ ဘရာဇီးအသင္းနဲ႔အတူ

ကမာၻ႔ဖလားကို ရရွိခဲ့သလို ရီးရဲလ္မက္ဒရစ္နဲ႔လည္း

ဆုဖလားေပါင္းမ်ားစြာရယူႏိုင္ခဲ့သူျဖစ္ပါ တယ္။

သူဟာၿပီးခဲ့တဲ့ေဆာင္းရာသီေဈးကြက္ေနာက္ဆုံးရက္မွာ

အဂၤလန္က Shropshire Sunday League ၿပိဳင္ပြဲဝင္အ သင္းျဖစ္တဲ့

ဘန္းယူႏိုက္တက္ကိုေရာက္လာခဲ့တာျဖစ္ၿပီး

တစ္ပြဲသာကစားေပးသြားမွာျဖစ္ပါတယ္။

eBay ကေနတစ္ဆင့္ အိတ္ပိတ္ေလလံဆြဲဖို႔အတြက္ ၅ ေပါင္သာကုန္က်ခဲ့ၿပီး

ကားလို႔စ္လို ဂႏၴဝင္ကစားသမားကိုရရွိခဲ့တာျဖစ္ပါတယ္။

ဒီအသင္း စာအဂၤလန္မွာ ရပ္ကြက္အဆင့္အသင္းသာျဖစ္ပါတယ္။

eBay ဟာ Football Beyond Borders ဆိုတဲ့ ပရဟိတအဖြဲ႕တစ္ခုကို

အေထာက္အပံ့ေပးဖို႔အ တြက္ ပ႐ိုမိုးရွင္းလုပ္တဲ့အေနနဲ႔

ကစားသမားေတြကို သူတို႔ရဲ႕နာမည္မသိေစရဘဲ

ကံစမ္းတဲ့သေဘာမ်ိဳးနဲ႔ေခၚယူေစခဲ့ရာမွာ ဘန္းယူႏိုက္တက္က

ကားလို႔စ္ကို ရရွိသြားတာျဖစ္ပါတယ္။

ဘရာဇီးအသင္းအတြက္ ၁၂၅ ပြဲကစားခဲ့တဲ့ ဘယ္ေနာက္ခံလူ ျဖစ္

ကားလို႔စ္ဟာ ၁၉၉၇ တုန္းကျပင္သစ္အသင္းဘက္ကို

ေဝ့ဝိုက္ၿပီးအားပါျပင္းထန္တဲ့ ဖရီးကစ္နဲ႔ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး

ကမာၻ ေက်ာ္ခဲ့ေသးသူျဖစ္ပါတယ္။

Football Beyond Borders အဖြဲ႕ဟာလူ႔အဖြဲ႕အစည္းအတြင္းမွာရွိတဲ့

ခ်ိဳ႕ငဲ့တဲ့လူငယ္ေတြကိုအကူအညီေပးေနတဲ့ အဖြဲ႕လည္း ျဖစ္ပါတယ္။

အဂၤလန္ကိုေရာက္ၿပီးေနာက္မွာ ကားလို႔စ္ကသူဟာ

၁၉၉၀ ျပည့္လြန္ႏွစ္ေတြက ဘာမင္ဂမ္ၿမိဳ႕မွာရွိတဲ့

ပေရာ္ ဖက္ရွင္နယ္ကလပ္တစ္ခု နဲ႔လက္မွတ္ေရးထိုးဖို႔

နီးစပ္ခဲ့ေသးတယ္လို႔ ဖြင့္ဟသြားပါတယ္။

ဘန္းယူႏိုက္တက္အသင္းကို Bull in the Barne in Shrewsbury လို႔လည္းေခၚဆိုၿပီး

သူနဲ႔ေလ့က်င့္ခန္းဆင္းရတဲ့အတြက္ ဘန္းယူႏိုက္တက္ရဲ႕

ေျခစြမ္း တိုးတက္လာဖို႔ ေမွ်ာ္လင့္တယ္လို႔ လည္းေျပာခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာဘဲ eBay ရဲ႕အိတ္ပိတ္ေလလံကေနတစ္ဆင့္

ခ်ဲလ္ဆီးအမ်ိဳးသမီးအသင္းတိုက္စစ္မႉးေဟာင္းျဖစ္တဲ့

အန္နီအလူကိုဟာ အိစ္ဘြန္းမွာအေျခစိုက္တဲ့

New Pevensey and Westham FC အသင္းအတြက္

ကစားေပးရမယ္လို႔ သိရပါတယ္။

အလူကိုဟာ အဂၤလန္အသင္းအတြက္ပြဲေပါင္း ၁၀၀ ေက်ာ္ ကစားခဲ့သူျဖစ္ၿပီး

၂၀၂၀ ကကစားသမားဘဝကေနအနားယူခဲ့သူျဖစ္ပါတယ္။