အားလုံးကို အသက်ရှူဖို့ မေ့သွားစေခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ပွဲမှ ကော်ရီယာရဲ့ အံ့မခန်းသွင်းဂိုး

အက်သလက်တီကိုကြယ်ပွင့် အိန်ဂျယ်ကော်ရီယာဟာ

ယမန်နေ့ညက ဗီလာရီးရဲလ်နဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့ပွဲမှာ
အားလုံးကို အသက်ရှူဖို့ မေ့သွားစေလောက်တဲ့
အံ့ဖွယ်သွင်းဂိုးနဲ့အတူ အကောင်းဆုံးဖျော်ဖြေပေးနိုင်ခဲ့ပါတယ်။
ပွဲစလို့မှ သွေးတောင်မပူသေးခင် ပွဲချိန် ၁၀ မိနစ်မှာ
ကော်ရီယာက ပရိသတ်တွေ တစ်သက်လုံး

အမှတ်ရစေမယ့်ဂိုးမျိုး ဖန်တီးပြလိုက်တာဖြစ်ပါတယ်။
အာဂျင်တီးနားလက်ရွေးစင် ကော်ရီယာဟာ
ကိုယ့်ကွင်းဘက်ခြမ်းမှာ ပြိုင်ဘက်ကွင်းလယ်လူ
ပါရီဟိုဆီကနေ ဘောလုံးလုယူကာ
တစ်ချိန်တည်းမှာပဲ ဗီလာရီးရဲလ်ဂိုးသမား

ရူလီတစ်ယောက် ရှေ့ထွက်နေတာကိုပါ
တစ်ခါတည်း တွေ့သွားပါတယ်။


ဒါပေမဲ့ အသက် ၂၆ နှစ်အရွယ်ရှိ ကော်ရီယာဟာ

တခြားရွေးချယ်မှုတွေ မပြုလုပ်တော့ဘဲ
ကွင်းလယ်စည်းနားကနေ ဂိုးထဲ တစ်ခါတည်း
ကန်သွင်းလိုက်ပြီး ဂိုးသမားကိုကျော်ကာ
ဂိုးထဲ တန်းဝင်သွားပါတယ်။
ကော်ရီယာရဲ့ ဘောလုံးအမြင်နဲ့ တိကျမှုတွေက

အံ့မခန်းဖြစ်ပြီး ပြိုင်ဘက်ဂိုးသမားလည်း
ဂိုးပေါက်ထဲ ရောက်နေပြီဖြစ်တဲ့ ဘောလုံးကို
စိတ်ပျက်လက်ပျက် ငေးကြည့်နေရုံပဲ
တက်နိုင်ခဲ့ပါတယ်။


”အိုး…ကော်ရီယာကတော့ လုပ်ချလိုက်ပြန်ပြီ။
တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးပဲ”လို့
ပရိသတ်တစ်ဦးက တွစ်တာမှာ ချီးကျူးပါတယ်။
ဗီလာရီးရဲလ်တိုက်စစ်မှူး ဂျရတ်မိုရီနိုက

ပင်နယ်တီမဝင်ခဲ့ပေမယ့် ပါအူတောရက်စ်နဲ့
ဘယ်နောက်ခံလူ အယ်လ်ဘတ်တိုမိုရီနိုတို့က
အိမ်ရှင်အတွက် ဂိုးတွေ အသီးသီးသွင်းယူခဲ့ပြီး
ကွန်ဒေ့ါဘီယာက အက်သလက်အတွက်
ဒုတိယမြောက်ဂိုး သွင်းယူခဲ့ပါတယ်။