
ပရီးမီးယားလိဂ်ကလပ်အသင်းသားတချို့ဟာ အားလပ်ရက်ရခိုက်
ဥရောပကအေးမြတဲ့ရာသီဥတုကို ရှောင်ဖို့အတွက် ရာသီဥတုနွေးထွေးတဲ့
ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ သွားရောက်လေ့ကျင့်မှုတွေပြုလုပ်တာ၊
တခြားဒေသတွေဆီ ခရီးထွက်တာမျိုးတွေ လုပ်ဆောင်နေကြပါတယ်။
အားလပ်ရက်ပေးထားတဲ့အသင်းတွေထဲမှာ ယူနိုက်တက်၊
မန်စီးတီး၊ချဲလ်ဆီးနဲ့ ဗီလာအသင်းတွေလည်းပါဝင်ပါတယ်။
မန်စီးတီးစတား တစ်ဦးဖြစ်တဲ့ ကီဗင်ဒီဘရိုင်းဟာ
မိသားစုနဲ့အတူ ကမ်းခြေတစ်ခုမှာ အပန်းဖြေနေပြီး
သူ့ရဲ့ဇနီးနဲ့ ကမ်းခြေမှာအတူရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို
ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။
တခြားမန်စီးတီးစတားတစ်ဦးဖြစ်သူ ဂျက်ဂရေးလစ်ရှ်ကတော့
ဗီလာအသင်းက သူငယ်ချင်းဖြစ်သူ ဂျွန်မက်ဂင်းနဲ့
ဒူဘိုင်းမှာ သွားရောက်အပန်းဖြေနေပါတယ်။
ချဲလ်ဆီးစတားတစ်ဦးဖြစ်သူ အန်တိုနီရူဒီဂါကတော့
အပျော်ခရီးထက် ပရဟိတခရီးထွက်နေတာပါ။
ရူဒီဂါဟာ အားလပ်ရက်မှာ သူ့ရဲ့မိခင်ဖြစ်သူရဲ့မွေးရပ်မြေ
ဆီရီယာလီယွန်နိုင်ငံကို ထွက်ခွာသွားပြီး
အန်တိုနီယိုရူဒီဂါဖောင်ဒေးရှင်း ကိစ္စအပြီးသတ်ဖို့သွားရောက်နေပါတယ်။
“ ဘောလုံးရာသီရဲ့အဓိကကျတဲ့အစိတ်အပိုင်းတွေအတွက်
အားပြန်သွင်းနိုင်ဖို့ ရက်ပိုင်းအနည်းငယ်လောက် ဆီရီယာလီယွန်မှာ ရှိနေပါမယ်။
အဲဒီမှာ ကျွန်တော့်ရဲ့ အန်တိုနီရူဒီဂါဖောင်ဒေးရှင်းကိုလည်း
အပြီးသတ် ဖွင့်လှစ်သွားပါမယ်” လို့
ရူဒီဂါ ကလေယာဉ်ပေါ်ကဓာတ်ပုံတစ်ပုံနဲ့အတူ ဆိုရှယ်မီဒီယာမှာတင်ခဲ့ပါတယ်။
ဒူဘိုင်းမြို့မှာတော့ ယူနိုက်တက် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က
လေ့ကျင့်မှုတွေ လုပ်နေပါတယ်။
zawgyi
အားလပ္ရက္ရခိုက္ ခရီးထြက္တာမ်ိဳးေတြ လုပ္ေဆာင္ေနၾကတဲ့ ပရီးမီးယားလိဂ္ၾကယ္ပြင့္မ်ား
ပရီးမီးယားလိဂ္ကလပ္အသင္းသားတခ်ိဳ႕ဟာ အားလပ္ရက္ရခိုက္
ဥေရာပကေအးျမတဲ့ရာသီဥတုကို ေရွာင္ဖို႔အတြက္ ရာသီဥတုေႏြးေထြးတဲ့
ယူေအအီးႏိုင္ငံ ဒူဘိုင္းမွာ သြားေရာက္ေလ့က်င့္မႈေတြျပဳလုပ္တာ၊
တျခားေဒသေတြဆီ ခရီးထြက္တာမ်ိဳးေတြ လုပ္ေဆာင္ေနၾကပါတယ္။
အားလပ္ရက္ေပးထားတဲ့အသင္းေတြထဲမွာ ယူႏိုက္တက္၊
မန္စီးတီး၊ခ်ဲလ္ဆီးနဲ႔ ဗီလာအသင္းေတြလည္းပါဝင္ပါတယ္။
မန္စီးတီးစတား တစ္ဦးျဖစ္တဲ့ ကီဗင္ဒီဘ႐ိုင္းဟာ
မိသားစုနဲ႔အတူ ကမ္းေျခတစ္ခုမွာ အပန္းေျဖေနၿပီး
သူ႔ရဲ႕ဇနီးနဲ႔ ကမ္းေျခမွာအတူ႐ိုက္ထားတဲ့ ဓာတ္ပုံတစ္ပုံကို
ဆိုရွယ္မီဒီယာမွာ တင္ခဲ့ပါတယ္။
တျခားမန္စီးတီးစတားတစ္ဦးျဖစ္သူ ဂ်က္ဂေရးလစ္ရွ္ကေတာ့
ဗီလာအသင္းက သူငယ္ခ်င္းျဖစ္သူ ဂြၽန္မက္ဂင္းနဲ႔
ဒူဘိုင္းမွာ သြားေရာက္အပန္းေျဖေနပါတယ္။
ခ်ဲလ္ဆီးစတားတစ္ဦးျဖစ္သူ အန္တိုနီ႐ူဒီဂါကေတာ့
အေပ်ာ္ခရီးထက္ ပရဟိတခရီးထြက္ေနတာပါ။
႐ူဒီဂါဟာ အားလပ္ရက္မွာ သူ႔ရဲ႕မိခင္ျဖစ္သူရဲ႕ေမြးရပ္ေျမ
ဆီရီယာလီယြန္ႏိုင္ငံကို ထြက္ခြာသြားၿပီး
အန္တိုနီယို႐ူဒီဂါေဖာင္ေဒးရွင္း ကိစၥအၿပီးသတ္ဖို႔သြားေရာက္ေနပါတယ္။
“ ေဘာလုံးရာသီရဲ႕အဓိကက်တဲ့အစိတ္အပိုင္းေတြအတြက္
အားျပန္သြင္းႏိုင္ဖို႔ ရက္ပိုင္းအနည္းငယ္ေလာက္ ဆီရီယာလီယြန္မွာ ရွိေနပါမယ္။
အဲဒီမွာ ကြၽန္ေတာ့္ရဲ႕ အန္တိုနီ႐ူဒီဂါေဖာင္ေဒးရွင္းကိုလည္း
အၿပီးသတ္ ဖြင့္လွစ္သြားပါမယ္” လို႔
႐ူဒီဂါ ကေလယာဥ္ေပၚကဓာတ္ပုံတစ္ပုံနဲ႔အတူ ဆိုရွယ္မီဒီယာမွာတင္ခဲ့ပါတယ္။
ဒူဘိုင္းၿမိဳ႕မွာေတာ့ ယူႏိုက္တက္ တိုက္စစ္မႉး ရပ္ရွ္ဖို႔ဒ္က
ေလ့က်င့္မႈေတြ လုပ္ေနပါတယ္။