
အိုးလ်ထရက်ဖို့ဒ် အစောပိုင်းကာလတွေမှာ မာတီနက်ဇ်ကိုဝေဖန်ပြောဆိုခဲ့ဖူးတဲ့





ကာရေဂါကတော့ SkyBet ရဲ့ Overlap The Fan Debate မှာ တောက်ပတဲ့
အာဂျင်တီးနားကြယ်ပွင့်ကိုသံသယဝင်မိတာမှားယွင်းသွားတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။





“လီဆန်ဒရိုမာတီနက်ဇ်က ထက်မြက်ပါတယ်။ သူ့လိုလူကောင်သေးသေးလေးနဲ့
ဗဟိုခံစစ်မှူးတစ်ယောက်ဖြစ်ဖို့အတွက် မင်းဟာအထူးကစားသမားတစ်ယောက်
ဖြစ်ရမှာသေချာနေတယ်” လို့ ကာရေဂါက ချီးကျူးလိုက်တာဖြစ်တယ်။





ဆက်လက်ပြီး ကာရေဂါက မာတီနက်ဇ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာခြေစွမ်းမပြနိုင်တဲ့တိုင်အောင်
စိတ်ဓာတ်မြှင့်တင်ရာမှာ အရေးကြီးသူတစ်ယောက်အဖြစ်ပါဝင်နေတယ်လို့ ထပ်ဆောင်းပြောဆိုလိုက်ပါတယ်။





“သူက ယူနိုက်တက်ရဲ့အဓိကအစိတ်အပိုင်းဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း
ကျွန်တော်ကြည့်ခဲ့ရတဲ့ ဂိမ်းတစ်ခုမှာ တစ်စုံတစ်ယောက်က နောက်ကျဂိုးသွင်းယူခဲ့ပြီး
အောင်ပွဲခံရာမှာ သူပါဝင်ခဲ့တဲ့ပုံစံက မှန်ကန်ပါတယ်” လို့ ကာရေဂါက ဆိုပါတယ်။





တကယ်တမ်းမှာ အရပ် ၅ပေ၊ ၉ လက်မသာရှိတဲ့ မာတီနက်ဇ်မှာ အားနည်းချက်ရှိနေပေမဲ့
အာဂျင်တိုင်းသားက ဒါကိုလူတွေသတိမထားမိလောက်အောင်ဖုံးထားနိုင်တာက





သဘောကျစရာဖြစ်တယ်လို့ ကာရေဂါက ချီးကျူးခဲ့တာဖြစ်တယ်။
“အာဂျင်တီးနားနဲ့ကမ္ဘာ့ဖလားမှာတုန်းက သူဒီလိုတိုက်ပွဲတွေကြုံခဲ့တယ်။
သူနဲ့ ကက်စ်မီရိုဝင်လာရင် ပိုပြီးအားကောင်းတယ်လို့ခံစားရတယ်။





သူ့လိုအရွယ်အစားနဲ့ကစားသမားဟာ အချို့သောအဆင့်တွေမှာ
လေထဲဘောလုံးယှဉ်လုတဲ့အခါထင်ရှားတဲ့တာတွေရှိလာလိမ့်မယ်။





ကစားသမားတိုင်းမှာအားနည်းချက်ကိုယ်စီရှိကြပါတယ်၊
အကောင်းဆုံးကစားသမားတွေဟာ သူတို့ရဲ့အားနည်းချက်ကိုဖုံးကွယ်ထားခြင်းနဲ့အတူ
ထိတွေ့မှုမရှိအောင်လုပ်တတ်ကြတယ်။ သူဟာ တကယ်ကောင်းတဲ့ကစားသမားဖြစ်ပြီး





ကိုင်တွယ်ဖြေရှင်းပုံတွေက ကျွန်တော့်ကိုအံ့အားသင့်စေပါတယ်” လို့ လီဗာပူးနောက်ခံလူဟောင်းက ဖွင့်ဟလိုက်ပါတယ်။
zawgyi





အားနည္းခ်က္ကို ဖုံးကြယ္ထားႏိုင္တဲ့ လီဆန္ဒ႐ိုမာတီနက္ဇ္ကို ေဝဖန္ခဲ့တဲ့လုပ္ရပ္မွားယြင္းခဲ့တယ္လို႔ ကာေရဂါ ဝန္ခံလိုက္
အိုးလ္ထရက္ဖို႔ဒ္ အေစာပိုင္းကာလေတြမွာ မာတီနက္ဇ္ကိုေဝဖန္ေျပာဆိုခဲ့ဖူးတဲ့
ကာေရဂါကေတာ့ SkyBet ရဲ႕ Overlap The Fan Debate မွာ ေတာက္ပတဲ့





အာဂ်င္တီးနားၾကယ္ပြင့္ကိုသံသယဝင္မိတာမွားယြင္းသြားတယ္လို႔ ဝန္ခံေျပာဆိုလိုက္ပါတယ္။
“လီဆန္ဒ႐ိုမာတီနက္ဇ္က ထက္ျမက္ပါတယ္။ သူ႔လိုလူေကာင္ေသးေသးေလးနဲ႔





ဗဟိုခံစစ္မႉးတစ္ေယာက္ျဖစ္ဖို႔အတြက္ မင္းဟာအထူးကစားသမားတစ္ေယာက္
ျဖစ္ရမွာေသခ်ာေနတယ္” လို႔ ကာေရဂါက ခ်ီးက်ဴးလိုက္တာျဖစ္တယ္။
ဆက္လက္ၿပီး ကာေရဂါက မာတီနက္ဇ္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာေျခစြမ္းမျပႏိုင္တဲ့တိုင္ေအာင္





စိတ္ဓာတ္ျမႇင့္တင္ရာမွာ အေရးႀကီးသူတစ္ေယာက္အျဖစ္ပါဝင္ေနတယ္လို႔ ထပ္ေဆာင္းေျပာဆိုလိုက္ပါတယ္။
“သူက ယူႏိုက္တက္ရဲ႕အဓိကအစိတ္အပိုင္းျဖစ္ခဲ့တယ္။ လြန္ခဲ့တဲ့ သီတင္းပတ္အနည္းငယ္အတြင္း





ကြၽန္ေတာ္ၾကည့္ခဲ့ရတဲ့ ဂိမ္းတစ္ခုမွာ တစ္စုံတစ္ေယာက္က ေနာက္က်ဂိုးသြင္းယူခဲ့ၿပီး
ေအာင္ပြဲခံရာမွာ သူပါဝင္ခဲ့တဲ့ပုံစံက မွန္ကန္ပါတယ္” လို႔ ကာေရဂါက ဆိုပါတယ္။
တကယ္တမ္းမွာ အရပ္ ၅ေပ၊ ၉ လက္မသာရွိတဲ့ မာတီနက္ဇ္မွာ အားနည္းခ်က္ရွိေနေပမဲ့





အာဂ်င္တိုင္းသားက ဒါကိုလူေတြသတိမထားမိေလာက္ေအာင္ဖုံးထားႏိုင္တာက
သေဘာက်စရာျဖစ္တယ္လို႔ ကာေရဂါက ခ်ီးက်ဴးခဲ့တာျဖစ္တယ္။





“အာဂ်င္တီးနားနဲ႔ကမာၻ႔ဖလားမွာတုန္းက သူဒီလိုတိုက္ပြဲေတြႀကဳံခဲ့တယ္။
သူနဲ႔ ကက္စ္မီ႐ိုဝင္လာရင္ ပိုၿပီးအားေကာင္းတယ္လို႔ခံစားရတယ္။
သူ႔လိုအ႐ြယ္အစားနဲ႔ကစားသမားဟာ အခ်ိဳ႕ေသာအဆင့္ေတြမွာ





ေလထဲေဘာလုံးယွဥ္လုတဲ့အခါထင္ရွားတဲ့တာေတြရွိလာလိမ့္မယ္။
ကစားသမားတိုင္းမွာအားနည္းခ်က္ကိုယ္စီရွိၾကပါတယ္၊





အေကာင္းဆုံးကစားသမားေတြဟာ သူတို႔ရဲ႕အားနည္းခ်က္ကိုဖုံးကြယ္ထားျခင္းနဲ႔အတူ
ထိေတြ႕မႈမရွိေအာင္လုပ္တတ္ၾကတယ္။ သူဟာ တကယ္ေကာင္းတဲ့ကစားသမားျဖစ္ၿပီး
ကိုင္တြယ္ေျဖရွင္းပုံေတြက ကြၽန္ေတာ့္ကိုအံ့အားသင့္ေစပါတယ္” လို႔ လီဗာပူးေနာက္ခံလူေဟာင္းက ဖြင့္ဟလိုက္ပါတယ္။




