အားကစားဒါရိုက်တာကို နည်းပြခန့်လိုက်တာလို့ ဆိုလိုက်တဲ့ပေါလ်စခိုး

အသင်းကွင်းလယ်လူဟောင်းပေါလ်စခိုးဟာ မန်ယူရဲ့လက်ရှိအခြေအနေနဲ့

ပတ်သက်လို့ ပစ်ပစ်ခါခါပြောလိုက်ပြီး ပြိုင်ဘက်ဆောက်သမ်တန်က

နည်းပြစစ်စစ်ယောက်ရှိနေချိန်မှာ ယူနိုက်တက်တော့ အားကစားဒါရိုက်တာ

တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့တာလို့ ဆိုခဲ့တာပါ။

တကယ်လည်း မန်ယူရဲ့လက်ရှိအခြေအနေဟာ အားရစရာမရှိပါဘူး။

မန်ယူဟာ နောက်ဆုံး ၃ ပွဲမှာ ချန်ပီယံရှစ်အသင်းကို ပင်နယ်တီနဲ့ရှုံးပြီး

ဇယားအောက်ဆုံးအသင်းနဲ့ သရေကျကာ ဇယားအလယ်က အသင်းကိုလည်း

အနိုင်မကစားနိုင်ခဲ့ပါဘူး။ အဲဒီ ၃ ပွဲစလုံးမှာ နည်းပြရန်းနစ်ရဲ့အသင်းဟာ

စောစောစီးစီးဦးဆောင်နိုင်ခဲ့ပေမယ့် အနိုင်မရခဲ့တာ ဖြစ်ပါတယ်။

”အခြေအနေဆိုးနေတာ ၆ လ ဒါမှဟုတ် ၆ လလောက်ရှိနေပြီ။ ဒီရာသီက

လုံလောက်တဲ့ကောင်းမွန်မှုတောင် မရှိပါဘူး။ ဆိုးလ်ရှားအထုတ်ခံရမယ်ဆိုတာ

ကျွန်တော်တို့အားလုံးသိကြတာပဲ။ ဒါပေမဲ့ အစီအစဉ်က ဘယ်မှာလဲပေါ့။

စီစဉ်ထားတာတော့ရှိမယ်လေ။ ထိပ်တန်းနည်းပြတစ်ယောက်ကို ခေါ်ရမယ်လို့

အားလုံးတွေးထားကြတာပါ။ မန်ယူဆိုတော့ အရာရာအကောင်းဆုံးဖြစ်သင့်ပါတယ်”လို့

BT Sport ရုပ်သံမှာ ပေါလ်စခိုးက ပြောခဲ့တာပါ။

ပေါလ်စခိုးအနေနဲ့ ယာယီနည်းပြအနေနဲ့ ရန်းနစ်ကို ခန့်အပ်ခဲ့တဲ့ ကလပ်ရဲ့ဆုံးဖြတ်ချက်ကို

ဝေဖန်ခဲ့ပုံရပါတယ်။ရန်းနစ်ဟာ အားကစားဒါရိုက်တစ်ယောက်အနေနဲ့

ထင်ရှားခဲ့တာဖြစ်ပြီး အဲဒီရာထူးက ဒီရာသီကုန်မှ သူထမ်းဆောင်မှာပါ။

အသင်းဂန္ထဝင်ဟောင်းတစ်ယောက်လည်းဖြစ်တဲ့ ပေါလ်စခိုးက ဆောက်သမ်တန်နည်းပြ

ဟာဆန်ဟတ်တယ်ကိုသာ နည်းပြစစ်စစ်ယောက်လို့ ပြောခဲ့တာပါ။

”လွန်ခဲ့တဲ့ ၁၀ နှစ်မှာ ၂ နှစ်လောက်ပဲ အသင်းတစ်သင်းကို သူကိုင်ခဲ့တာလို့ ထင်ပါတယ်။

ကျွန်တော် သူ့ကို သဘောကျပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်မှာ နည်းပြပိုင်းမှာ

အတွေ့အကြုံအားနည်းခဲ့ပါတယ်။ တစ်သင်းမှာ နည်းပြစစ်စစ်တစ်ယောက်ရှိပေမယ့်

အခြားအသင်းတစ်သင်းမှာက အားကစားဒါရိုက်တာနဲ့ဆိုတော့ မန်ယူအတွက်

အဆင်မပြေနိုင်ပါဘူး”လို့ ပေါလ်စခိုးက ဆက်လက်ပြောကြားခဲ့ပါတယ်။

Zawgyi

အားကစားဒါ႐ိုက္တာကို နည္းျပခန႔္လိုက္တာလို႔ ဆိုလိုက္တဲ့ေပါလ္စခိုး

အသင္းကြင္းလယ္လူေဟာင္းေပါလ္စခိုးဟာ မန္ယူရဲ႕လက္ရွိအေျခအေနနဲ႔

ပတ္သက္လို႔ ပစ္ပစ္ခါခါေျပာလိုက္ၿပီး ၿပိဳင္ဘက္ေဆာက္သမ္တန္က

နည္းျပစစ္စစ္ေယာက္ရွိေနခ်ိန္မွာ ယူႏိုက္တက္ေတာ့ အားကစားဒါ႐ိုက္တာ

တစ္ေယာက္နဲ႔ ရင္ဆိုင္ခဲ့တာလို႔ ဆိုခဲ့တာပါ။

တကယ္လည္း မန္ယူရဲ႕လက္ရွိအေျခအေနဟာ အားရစရာမရွိပါဘူး။

မန္ယူဟာ ေနာက္ဆုံး ၃ ပြဲမွာ ခ်န္ပီယံရွစ္အသင္းကို ပင္နယ္တီနဲ႔ရႈံးၿပီး

ဇယားေအာက္ဆုံးအသင္းနဲ႔ သေရက်ကာ ဇယားအလယ္က အသင္းကိုလည္း

အႏိုင္မကစားႏိုင္ခဲ့ပါဘူး။ အဲဒီ ၃ ပြဲစလုံးမွာ နည္းျပရန္းနစ္ရဲ႕အသင္းဟာ

ေစာေစာစီးစီးဦးေဆာင္ႏိုင္ခဲ့ေပမယ့္ အႏိုင္မရခဲ့တာ ျဖစ္ပါတယ္။

”အေျခအေနဆိုးေနတာ ၆ လ ဒါမွဟုတ္ ၆ လေလာက္ရွိေနၿပီ။ ဒီရာသီက

လုံေလာက္တဲ့ေကာင္းမြန္မႈေတာင္ မရွိပါဘူး။ ဆိုးလ္ရွားအထုတ္ခံရမယ္ဆိုတာ

ကြၽန္ေတာ္တို႔အားလုံးသိၾကတာပဲ။ ဒါေပမဲ့ အစီအစဥ္က ဘယ္မွာလဲေပါ့။

စီစဥ္ထားတာေတာ့ရွိမယ္ေလ။ ထိပ္တန္းနည္းျပတစ္ေယာက္ကို ေခၚရမယ္လို႔

အားလုံးေတြးထားၾကတာပါ။ မန္ယူဆိုေတာ့ အရာရာအေကာင္းဆုံးျဖစ္သင့္ပါတယ္”လို႔

BT Sport ႐ုပ္သံမွာ ေပါလ္စခိုးက ေျပာခဲ့တာပါ။

ေပါလ္စခိုးအေနနဲ႔ ယာယီနည္းျပအေနနဲ႔ ရန္းနစ္ကို ခန႔္အပ္ခဲ့တဲ့ ကလပ္ရဲ႕ဆုံးျဖတ္ခ်က္ကို

ေဝဖန္ခဲ့ပုံရပါတယ္။ရန္းနစ္ဟာ အားကစားဒါ႐ိုက္တစ္ေယာက္အေနနဲ႔

ထင္ရွားခဲ့တာျဖစ္ၿပီး အဲဒီရာထူးက ဒီရာသီကုန္မွ သူထမ္းေဆာင္မွာပါ။

အသင္းဂႏၴဝင္ေဟာင္းတစ္ေယာက္လည္းျဖစ္တဲ့ ေပါလ္စခိုးက ေဆာက္သမ္တန္နည္းျပ

ဟာဆန္ဟတ္တယ္ကိုသာ နည္းျပစစ္စစ္ေယာက္လို႔ ေျပာခဲ့တာပါ။

”လြန္ခဲ့တဲ့ ၁၀ ႏွစ္မွာ ၂ ႏွစ္ေလာက္ပဲ အသင္းတစ္သင္းကို သူကိုင္ခဲ့တာလို႔ ထင္ပါတယ္။

ကြၽန္ေတာ္ သူ႔ကို သေဘာက်ပါတယ္။ ဒါေပမဲ့ လြန္ခဲ့တဲ့ ၅ ႏွစ္ ၆ ႏွစ္မွာ နည္းျပပိုင္းမွာ

အေတြ႕အႀကဳံအားနည္းခဲ့ပါတယ္။ တစ္သင္းမွာ နည္းျပစစ္စစ္တစ္ေယာက္ရွိေပမယ့္

အျခားအသင္းတစ္သင္းမွာက အားကစားဒါ႐ိုက္တာနဲ႔ဆိုေတာ့ မန္ယူအတြက္

အဆင္မေျပႏိုင္ပါဘူး”လို႔ ေပါလ္စခိုးက ဆက္လက္ေျပာၾကားခဲ့ပါတယ္။