အာရှသားတွေဂိုးသွင်းတာချင်းတူပေမဲ့ ခေါင်းတစ်လုံး ပိုမြင့်တဲ့ ဆွန်ဟောင်မင်

Soccer Football - Champions League - Group D - Tottenham Hotspur v Eintracht Frankfurt - Tottenham Hotspur Stadium, London, Britain - October 12, 2022 Tottenham Hotspur's Son Heung-min scores their third goal REUTERS/Dylan Martinez

စပါးက ဖရန့်ဖတ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လက်ဖျားခါလောက်အောင် လှပသေသပ်လွန်းတဲ့ ဗော်လီကန်ချက်နဲ့ ဂိုးသွင်းပြသွားခဲ့တဲ့ ဆွန်ဟောင်မင်ကို ပရိသတ်တွေ ချီးမွမ်းနေကြပြီဖြစ်ပါတယ်။

စပါးဟာ ပွဲချိန် ၁၄ မိနစ်မှာကတည်းက ဧည့်သည်ကို ဦးဆောင်ဂိုးပေးလိုက်ရပေမဲ့ နောက်ကနေ လိုက်ကစားပြီး အနိုင်ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အတွက် ချေပဂိုးကို ပွဲချိန် ၂၀ မိနစ်မှာ ဟယ်ရီကိန်းရဲ့ အကွက်မြင်မြင် ဖန်တီး ပေးမှုကတစ်ဆင့် ဆွန်ဟောင်မင်က သွင်းခဲ့တယ်။ အဲဒီနောက် ၈ မိနစ်အကြာ မှာ ဟယ်ရီကိန်းကို ပြိုင်ဘက်ကစားသမားက ပင်နယ်တီဧရိယာထဲမှာ ဆွဲလှဲ ခဲ့လို့ စပါးတို့ ပင်နယ်တီရခဲ့ပြီး ဒီအင်္ဂလန်အသင်းခေါင်းဆောင်ကပဲ ဂိုးအဖြစ် ပြောင်းလဲခဲ့တယ်။

နောက်ထပ် ၈ မိနစ်အကြာမှာပဲ စပါးအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို ဆွန်ဟောင်မင်က ဟိုဘတ်ဂျ်ရဲ့ ဖြတ်တင်ပေးမှုကတစ်ဆင့် ဘယ်ခြေထောက်နဲ့အတူ လှပတဲ့ မြေမကျကန်ချက်နဲ့ ကန်သွင်းနိုင်ခဲ့လို့ ဖရန့်ဖတ်ဂိုးသမား ကီဗင်ထရပ် ငုပ်တုတ်မေ့သွားခဲ့ရတယ်။

ဒီဂိုးသွင်းပြီးတဲ့အခါမှာတော့ စပါးပရိသတ်တွေဟာ အံ့သြစိတ်ကို မထိန်းနိုင်တော့ဘဲ ချက်ချင်းဆို သလို တွစ်တာပေါ်မှာ အပျော်ကျူးခဲ့ကြပါတယ်။

‘’ဆွန်လေးတော့ ပြန်လာပြီ အချစ်လေးရေ’’ လို့ စပါးအသင်းအားပေးတဲ့ ပရိသတ်တစ်ယောက်က တွစ်တာ ပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။ ဒုတိယတစ်ယောက်တော့ ‘’ကျည်ဆံများ လားဘာလား’’ လို့ ရေးခဲ့ပါတယ်။

ဒုတိယပိုင်း ၅၉ မိနစ်မှာ ဖရန့်ဖတ်နောက်ခံ လူ တူတာ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရတာကြောင့် ဧည့်သည်တို့ဟာ ပြန်လာ နိုင်ဖို့ လမ်းမမြင်ခဲ့ပါဘူး။ ပွဲချိန် ၈၇ မိနစ်မှာ ဂေါ့ဇီရဲ့ ဖန်တီးပေးမှု ကတစ်ဆင့် ဖရန့်ဖတ်အတွက် အလီဒူ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ လန်ဒန်ကလပ်ကပဲ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် စပါးဟာ ချန်ပီယံလိဂ် ၄ ပွဲ ကစားပြီးချိန်မှာ ၇ မှတ်ရထားပြီး အုပ်စု(D)မှာ ဦးဆောင်ထားနိုင်လို့ နောက် တစ်ဆင့်တက်ဖို့ အလားအလာကောင်းနေပြီဖြစ်ပါတယ်။ ဒီပွဲမှာ ဆွန်ဟောင် မင်လိုပဲ ပြိုင်ဘက်အသင်းက ဂျပန်လက်ရွေးစင်ကစားသမား ကာမာဒါလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးသွင်းနိုင်တဲ့ အာရှသားချင်းတူနေပေမယ့် ဆွန်ဟောင်မင်ကတော့ ခေါင်းတစ်လုံး ပိုမြင့်ခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

(Zawgyi)

အာရွသားေတြဂိုးသြင္းတာခ်င္းတူေပမဲ့ ေခါင္းတစ္လုံး ပိုျမင့္တဲ့ ဆြန္ေဟာင္မင္

စပါးက ဖရန႔္ဖတ္ကို ၃-၂ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ လက္ဖ်ားခါေလာက္ ေအာင္ လွပေသသပ္လြန္းတဲ့ ေဗာ္လီကန္ခ်က္နဲ႔ ဂိုးသြင္းျပသြားခဲ့တဲ့ ဆြန္ ေဟာင္မင္ကို ပရိသတ္ေတြ ခ်ီးမြမ္းေနၾကၿပီျဖစ္ပါတယ္။

စပါးဟာ ပြဲခ်ိန္ ၁၄ မိနစ္မွာကတည္းက ဧည့္သည္ကို ဦးေဆာင္ဂိုးေပးလိုက္ရေပမဲ့ ေနာက္ကေန လိုက္ကစားၿပီး အႏိုင္ဂိုးေတြ ဆက္တိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ အတြက္ ေခ်ပဂိုးကို ပြဲခ်ိန္ ၂၀ မိနစ္မွာ ဟယ္ရီကိန္းရဲ႕ အကြက္ျမင္ျမင္ ဖန္တီး ေပးမႈကတစ္ဆင့္ ဆြန္ေဟာင္မင္က သြင္းခဲ့တယ္။

အဲဒီေနာက္ ၈ မိနစ္အၾကာ မွာ ဟယ္ရီကိန္းကို ၿပိဳင္ဘက္ကစားသမားက ပင္နယ္တီဧရိယာထဲမွာ ဆြဲလွဲ ခဲ့လို႔ စပါးတို႔ ပင္နယ္တီရခဲ့ၿပီး ဒီအဂၤလန္အသင္းေခါင္းေဆာင္ကပဲ ဂိုးအျဖစ္ ေျပာင္းလဲခဲ့တယ္။ ေနာက္ထပ္ ၈ မိနစ္အၾကာမွာပဲ စပါးအတြက္ အႏိုင္ေသခ်ာေစမယ့္ သြင္းဂိုးကို ဆြန္ေဟာင္မင္က ဟိုဘတ္ဂ်္ရဲ႕ ျဖတ္တင္ေပးမႈကတစ္ဆင့္ ဘယ္ေျခေထာက္နဲ႔အတူ လွပတဲ့ ေျမမက်ကန္ခ်က္နဲ႔ ကန္သြင္းႏိုင္ခဲ့လို႔ ဖရန႔္ဖတ္ဂိုးသမား ကီဗင္ထရပ္ ငုပ္တုတ္ေမ့သြားခဲ့ရတယ္။

ဒီဂိုးသြင္းၿပီးတဲ့အခါမွာေတာ့ စပါးပရိသတ္ေတြဟာ အံ့ၾသစိတ္ကို မထိန္းႏိုင္ေတာ့ဘဲ ခ်က္ခ်င္းဆို သလို တြစ္တာေပၚမွာ အေပ်ာ္က်ဴးခဲ့ၾကပါတယ္။ ‘’ဆြန္ေလးေတာ့ ျပန္လာၿပီ အခ်စ္ေလးေရ’’ လို႔ စပါးအသင္းအားေပးတဲ့ ပရိသတ္တစ္ေယာက္က တြစ္တာ ေပၚမွာ ပို႔စ္တင္ခဲ့ပါတယ္။

ဒုတိယတစ္ေယာက္ေတာ့ ‘’က်ည္ဆံမ်ား လားဘာလား’’ လို႔ ေရးခဲ့ပါတယ္။ ဒုတိယပိုင္း ၅၉ မိနစ္မွာ ဖရန႔္ဖတ္ေနာက္ခံ လူ တူတာ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရတာေၾကာင့္ ဧည့္သည္တို႔ဟာ ျပန္လာ ႏိုင္ဖို႔ လမ္းမျမင္ခဲ့ပါဘူး။ ပြဲခ်ိန္ ၈၇ မိနစ္မွာ ေဂါ့ဇီရဲ႕ ဖန္တီးေပးမႈ ကတစ္ဆင့္ ဖရန႔္ဖတ္အတြက္ အလီဒူ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ပြဲအၿပီးမွာေတာ့ လန္ဒန္ကလပ္ကပဲ အႏိုင္ရလဒ္ကို ရယူႏိုင္ခဲ့ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ စပါးဟာ ခ်န္ပီယံလိဂ္ ၄ ပြဲ ကစားၿပီးခ်ိန္မွာ ၇ မွတ္ရထားၿပီး အုပ္စု(D)မွာ ဦးေဆာင္ထားႏိုင္လို႔ ေနာက္ တစ္ဆင့္တက္ဖို႔ အလားအလာေကာင္းေနၿပီျဖစ္ပါတယ္။

ဒီပြဲမွာ ဆြန္ေဟာင္ မင္လိုပဲ ၿပိဳင္ဘက္အသင္းက ဂ်ပန္လက္ေ႐ြးစင္ကစားသမား ကာမာဒါလည္း ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဂိုးသြင္းႏိုင္တဲ့ အာရွသားခ်င္းတူေနေပမယ့္ ဆြန္ေဟာင္မင္ကေတာ့ ေခါင္းတစ္လုံး ပိုျမင့္ခဲ့တယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။