အာရှဝိုင်းထဲမှာ အမ်ဘာပီရဲ့ သွင်းဂိုးတွေနဲ့ အလင်းပျောက်အောင် ခွပ်ပြလိုက်တဲ့ ကြက်ဖကြီး ပြင်သစ်

စနေညမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (D) ရဲ့ ပွဲစဉ်တစ်ခုဖြစ်တဲ့ ပြင်သစ်-ဒိန်းမတ်တို့ရဲ့ ပွဲစဉ်မှာတော့ ပြင်သစ်ဟာ အမ်ဘာပီရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ

အနိုင်ရပြီး ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ် ပါတယ်။ ၄-၂-၃-၁ ကစားကွက်ကို အားပြုပြီး ကွင်းလယ်ကို စိုးမိုးဖို့ ကြိုးစားချင်တဲ့ ပြင်သစ်ဟာ ပွဲအစပိုင်းမှာ ထင်သလောက် မလွယ်ကူခဲ့ဘဲ

၃-၄-၂-၁ နဲ့ စိန်ပွင့် ပုံစံ ပွဲထွက်လာခဲ့တဲ့ ဒိန်းမတ်ဟာ ပွဲချိန် ၁၀ မိနစ် ကျော်လာတဲ့အထိ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ စီးမိုးထားနိုင်ခဲ့တာပါ။ ပွဲချိန် ၁၅ မိနစ် ကျော်လာ တဲ့အချိန်မှာတော့ ပြင်သစ်ဟာ

ပွဲကို စိုးမိုးလာနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ လည်း ဂိုးရဖို့ ကြိုးစားခဲ့ပါသေးတယ်။ ၂၁ မိနစ်မှာ ညာခြမ်းကနေပြီး ဒမ်ဘီလီ ဖြတ်တင်ပေးတာကို ရာဘီယော့ ခေါင်းတိုက်သွင်းတာ ရှမိုက်ကယ်

ကာကွယ် နိုင်ခဲ့လို့ ပြင်သစ်တို့ ဦးဆောင်ဂိုးနဲ့ လွဲခဲ့ရတယ်။ အဲရစ်ဆင် ဦးဆောင်တဲ့ ဒိန်း မတ်ကွင်းလယ်ဟာ ပြင်သစ်ကို ကစားအားချင်း မယှဉ်နိုင်တာကြောင့် အဝေး ဘောတွေကိုသာ အများဆုံး

အသုံးပြုခဲ့ရတာဖြစ်ပြီး အမှားကင်းအောင်ပဲ အာ ရုံစိုက်ခဲ့ရတာကို တွေ့ရတယ်။ ဘန်ဇီမာ မပါနိုင်တဲ့ ပြင်သစ် တိုက်စစ်ဟာ ကွင်းလယ်နဲ့ အချိတ်အဆက် မမိခဲ့တာကြောင့် အပိုင်အခွင့်အရေး ဖန်တီးနိုင် မှု

အတော်လေးအားနည်းခဲ့သလို ဒိန်းမတ်ရဲ့ ခံစစ်ကို ကျော်ဖြတ်ဖို့ အခက် တွေ့ခဲ့ပြီး မိနစ် ၃၀ အရောက်မှ ကွန်ဒီရဲ့ ကန်ချက်တစ်ကြိမ်ပဲ လောက် လောက်လားလား ခြိမ်းခြောက်နိုင်ခဲ့တာပါ။

မိနစ် ၃၀ ကျော်လာချိန်မှာတော့ ပြင်သစ်ဟာ ဂရိဇ်မန်း၊ အမ်ဘာပေ၊ ဒမ်ဘီလီတို့ရဲ့ တွဲဖက်မှုနဲ့အတူ တောင် ပံတွေကို ဖြန့်ကျက်ပြီး တိုက်စစ်ဆင်လာခဲ့တာကြောင့် ဒိန်းမတ်တို့ ခံစစ်ဇုန် ထဲကို

အလိုလို ရောက်သွားခဲ့ရတယ်။ ၃၆ မိနစ်မှာ တန်ပြန်တိုက်စစ်ကတစ် ဆင့် ကော်နီလီယပ်စ် အပြင်းကန်သွင်းတာ ဘေးထွက်သွားခဲ့လို့ ဒိန်းမတ်တို့ နစ်နာခဲ့ရတယ်။ ပွဲချိန် မိနစ် ၄၀ အရောက်မှာ

ဒမ်ဘီလီ ဖြတ်ပေးတာကို အမ် ဘာပီ ဧရိယာထဲကနေ အပိုင်ကန်သွင်းပေးမဲ့ ဂိုးဘားပေါ် ကျော်သွားခဲ့တယ်။ ဒုတိယပိုင်း ပြန်စတော့လည်း ဒိန်းမတ်ရဲ့ ကျစ်လျစ်တဲ့ စုဖွဲ့မှုကြောင့် ပြင်သစ် တို့

အခက်တွေ့နေခဲ့ပြီး ၆၁ မိနစ်အရောက်မှာတော့ တန်ပြန်တိုက်စစ်ကတစ်ဆင့် အမ်ဘာပီနဲ့ ဟာနန်ဒက်ဇ်တို့ ဝမ်းတူးရိုက်ပြီး ပီအက်စ်ဂျီတိုက်စစ်မှူးက ဂိုးသွင်းယူနိုင်ခဲ့လို့ ပြင်သစ်တို့ ဦးဆောင်ဂိုး

ရခဲ့တယ်။ ၆၈ မိနစ်မှာတော့ ဒိန်းမတ်တို့ ချေပဂိုးရခဲ့ပြီး ထောင့်ကန်ဘောကတစ်ဆင့် ခရစ္စတန်ဆင်က ခေါင်းတိုက် သွင်းယူခဲ့တာပါ။ ပွဲချိန် ၈၆ မိနစ်မှာတော့ ပြင်သစ်အတွက် ဒုတိယဦးဆောင်ဂိုးကို

ဂရိဇ်မန်းရဲ့ ဖြတ်တင်ပေးမှုကတစ်ဆင့် အမ်ဘာပီက ပိတ် သွင်းယူခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ ဒီရလဒ်နဲ့ပဲ အနိုင်ရခဲ့လို့ အုပ်စုပွဲစဉ် ၂ ပွဲ အပြီးမှာ ပြင်သစ်ဟာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

(Zawgyi)

အာရွဝိုင္းထဲမွာ အမ္ဘာပီရဲ႕ သြင္းဂိုးေတြနဲ႔ အလင္းေပ်ာက္ေအာင္ ခြပ္ျပလိုက္တဲ့ ၾကက္ဖႀကီး ျပင္သစ္

စေနညမွာ ကစားခဲ့တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲ အုပ္စု (D) ရဲ႕ ပြဲစဥ္တစ္ခုျဖစ္တဲ့ ျပင္သစ္-ဒိန္းမတ္တို႔ရဲ႕ ပြဲစဥ္မွာေတာ့ ျပင္သစ္ဟာ အမ္ဘာပီရဲ႕ ဒုတိယပိုင္း သြင္းဂိုးေတြနဲ႔အတူ အႏိုင္ရၿပီး ၁၆ သင္းအဆင့္ကို

တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ ပါတယ္။ ၄-၂-၃-၁ ကစားကြက္ကို အားျပဳၿပီး ကြင္းလယ္ကို စိုးမိုးဖို႔ ႀကိဳးစားခ်င္တဲ့ ျပင္သစ္ဟာ ပြဲအစပိုင္းမွာ ထင္သေလာက္ မလြယ္ကူခဲ့ဘဲ ၃-၄-၂-၁ နဲ႔ စိန္ပြင့္ ပုံစံ ပြဲထြက္လာခဲ့တဲ့

ဒိန္းမတ္ဟာ ပြဲခ်ိန္ ၁၀ မိနစ္ ေက်ာ္လာတဲ့အထိ ေဘာလုံးပိုင္ဆိုင္မႈ အသာနဲ႔ စီးမိုးထားႏိုင္ခဲ့တာပါ။ ပြဲခ်ိန္ ၁၅ မိနစ္ ေက်ာ္လာ တဲ့အခ်ိန္မွာေတာ့ ျပင္သစ္ဟာ ပြဲကို စိုးမိုးလာႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန လည္း ဂိုးရဖို႔

ႀကိဳးစားခဲ့ပါေသးတယ္။ ၂၁ မိနစ္မွာ ညာျခမ္းကေနၿပီး ဒမ္ဘီလီ ျဖတ္တင္ေပးတာကို ရာဘီေယာ့ ေခါင္းတိုက္သြင္းတာ ရွမိုက္ကယ္ ကာကြယ္ ႏိုင္ခဲ့လို႔ ျပင္သစ္တို႔ ဦးေဆာင္ဂိုးနဲ႔ လြဲခဲ့ရတယ္။

အဲရစ္ဆင္ ဦးေဆာင္တဲ့ ဒိန္း မတ္ကြင္းလယ္ဟာ ျပင္သစ္ကို ကစားအားခ်င္း မယွဥ္ႏိုင္တာေၾကာင့္ အေဝး ေဘာေတြကိုသာ အမ်ားဆုံး အသုံးျပဳခဲ့ရတာျဖစ္ၿပီး အမွားကင္းေအာင္ပဲ အာ ႐ုံစိုက္ခဲ့ရတာကို

ေတြ႕ရတယ္။ ဘန္ဇီမာ မပါႏိုင္တဲ့ ျပင္သစ္ တိုက္စစ္ဟာ ကြင္းလယ္နဲ႔ အခ်ိတ္အဆက္ မမိခဲ့တာေၾကာင့္ အပိုင္အခြင့္အေရး ဖန္တီးႏိုင္ မႈ အေတာ္ေလးအားနည္းခဲ့သလို ဒိန္းမတ္ရဲ႕ ခံစစ္ကို ေက်ာ္ျဖတ္ဖို႔

အခက္ ေတြ႕ခဲ့ၿပီး မိနစ္ ၃၀ အေရာက္မွ ကြန္ဒီရဲ႕ ကန္ခ်က္တစ္ႀကိမ္ပဲ ေလာက္ ေလာက္လားလား ၿခိမ္းေျခာက္ႏိုင္ခဲ့တာပါ။ မိနစ္ ၃၀ ေက်ာ္လာခ်ိန္မွာေတာ့ ျပင္သစ္ဟာ ဂရိဇ္မန္း၊ အမ္ဘာေပ၊ ဒမ္ဘီလီတို႔ရဲ႕ တြဲဖက္မႈနဲ႔

အတူ ေတာင္ ပံေတြကို ျဖန႔္က်က္ၿပီး တိုက္စစ္ဆင္လာခဲ့တာေၾကာင့္ ဒိန္းမတ္တို႔ ခံစစ္ဇုန္ ထဲကို အလိုလို ေရာက္သြားခဲ့ရတယ္။ ၃၆ မိနစ္မွာ တန္ျပန္တိုက္စစ္ကတစ္ ဆင့္ ေကာ္နီလီယပ္စ္ အျပင္းကန္သြင္းတာ

ေဘးထြက္သြားခဲ့လို႔ ဒိန္းမတ္တို႔ နစ္နာခဲ့ရတယ္။ ပြဲခ်ိန္ မိနစ္ ၄၀ အေရာက္မွာ ဒမ္ဘီလီ ျဖတ္ေပးတာကို အမ္ ဘာပီ ဧရိယာထဲကေန အပိုင္ကန္သြင္းေပးမဲ့ ဂိုးဘားေပၚ ေက်ာ္သြားခဲ့တယ္။ ဒုတိယပိုင္း

ျပန္စေတာ့လည္း ဒိန္းမတ္ရဲ႕ က်စ္လ်စ္တဲ့ စုဖြဲ႕မႈေၾကာင့္ ျပင္သစ္ တို႔ အခက္ေတြ႕ေနခဲ့ၿပီး ၆၁ မိနစ္အေရာက္မွာေတာ့ တန္ျပန္တိုက္စစ္က တစ္ဆင့္ အမ္ဘာပီနဲ႔ ဟာနန္ဒက္ဇ္တို႔ ဝမ္းတူး႐ိုက္ၿပီး ပီအက္စ္ဂ်ီတိုက္စစ္မႉး က

ဂိုးသြင္းယူႏိုင္ခဲ့လို႔ ျပင္သစ္တို႔ ဦးေဆာင္ဂိုး ရခဲ့တယ္။ ၆၈ မိနစ္မွာေတာ့ ဒိန္းမတ္တို႔ ေခ်ပဂိုးရခဲ့ၿပီး ေထာင့္ကန္ေဘာကတစ္ဆင့္ ခရစၥတန္ဆင္က ေခါင္းတိုက္ သြင္းယူခဲ့တာပါ။ ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့

ျပင္သစ္အတြက္ ဒုတိ ယဦးေဆာင္ဂိုးကို ဂရိဇ္မန္းရဲ႕ ျဖတ္တင္ေပးမႈကတစ္ဆင့္ အမ္ဘာပီက ပိတ္ သြင္းယူခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာေတာ့ ဒီရလဒ္နဲ႔ပဲ အႏိုင္ရခဲ့လို႔ အုပ္စုပြဲစဥ္ ၂ ပြဲ အၿပီးမွာ ျပင္သစ္ဟာ

ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။