အာရှဖလားပြိုင်ပွဲမှာ အုပ်စုကျပ်ထဲကျရောက်ခဲ့တဲ့ မြန်မာအမျိုးသမီးအသင်း 

အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၀၂၂ အမျိုးသမီးအာရှဖလား

ပြိုင်ပွဲအတွက် အုပ်စုတွေထွက်ပေါ်လာပြီး မြန်မာအမျိုးသမီးအသင်းဟာ

အာရှထိပ်သီးအသင်းတွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်တို့အပြင် အာဆီယံ

ဒေသတွင်းပြိုင်ဘက်ဗီယက်နမ်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာ

ကြောင့် ကံမကောင်းခဲ့ဘူးလို့ပြောရမှာပါ။ မြန်မာအမျိုးသမီးအသင်းဟာ

ခြေစစ်ပွဲအဆင့်တုန်းက လက်ဘနွန်၊ ဂူအမ်၊ ယူအေအီးအသင်းတို့နဲ့ဆုံတွေ့ခဲ့ပြီး

လက်ဘနွန်ကို (၄-၀)ဂိုး၊ ဂူအမ်ကို (၈-၀)ဂိုး၊ ယူအေအီးကို (၂-၀)ဂိုးတွေနဲ့

အနိုင်ယူခဲ့သလို (၃)ပွဲကစား၊ (၉)မှတ်၊ ရဂိုး(၁၄)ဂိုး၊ ပေးဂိုးမရှိဆိုတဲ့မှတ်တမ်

းကောင်းနဲ့အတူ ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အာရှဖလားပြိုင်ပွဲမှာ ၁၉၇၅ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ

ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမရှိဘဲ ၂၀၀၃ ခုနှစ်မှာ ပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်မြင်

ခဲ့ပြီး အုပ်စုအဆင့်ကထွက်ခဲ့ရတဲ့အပြင် ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ပြိုင်ပွဲတွေမှာလည်း

အုပ်စုအဆင့်ကနေပဲလှည့်ပြန်ခဲ့ရပါတယ်။ အာရှဖလားပြိုင်ပွဲမှာ အကောင်းဆုံး

တတိယနှစ်သင်း အုပ်စုကတက်ခွင့်ရှိမှာဖြစ်ပေမယ့် မြန်မာအသင်းအနေနဲ့

အကောင်းဆုံးအုပ်စုတတိယနေရာရဖို့တောင် တော်တော်လေးရုန်းကန်ရဖို့ရှိနေပါပြီ။

၂၀၂၂ အမျိုးသမီးအာရှဖလားပြိုင်ပွဲကို အိမ်ရှင်အိန္ဒိယအသင်းအပါအဝင်

အသင်းပေါင်း(၁၂)သင်းပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး လက်ရှိချန်ပီယံဂျပန်၊

သြစတြေးလျ၊ တရုတ်၊ တရုတ်တိုင်ပေ၊ ဗီယက်နမ််၊ အင်ဒိုနီးရှား၊ မြန်မာ၊

တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ အီရန်နဲ့ထိုင်းအသင်းတို့ပဲဖြစ်ပါတယ်။

ပြိုင်ပွဲသမိုင်းတစ်လျှောက် (၈)ကြိမ်ဗိုလ်စွဲခဲ့ပြီး အောင်မြင်မှုအများဆုံးအဖြစ်

ရပ်တည်နေတဲ့ တရုတ်အသင်းဟာ အုပ်စု(A)မှာ အိမ်ရှင်အိန္ဒိယ၊ တရုတ်တိုင်ပေနဲ့

အခုပြိုင်ပွဲမှပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အီရန်အသင်းတို့နဲ့အတူ

ဆုံတွေ့နေပါတယ်။ တရုတ်တိုင်ပေအသင်းဟာ အာရှဖလားပြိုင်ပွဲမှာ ချန်ပီယံ

(၃)ကြိမ်ဖြစ်ခဲ့ဖူးပြီး အိန္ဒိယအသင်းကလည်း ဒုတိယနှစ်ကြိမ်ရခဲ့ဖူးတာကြောင့်

နာမည်ကြီးတရုတ်အသင်းကို ဒုက္ခပေးနိုင်မလားစောင့်ကြည့်ရမှာပါ။

အုပ်စု(B)မှာတော့ သြစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအသင်းတို့

ပါဝင်နေသလို ၂၀၁၀ ချန်ပီယံသြစတြေးလျအသင်းဟာ ပြီးခဲ့တဲ့ပြိုင်ပွဲမှာ

ဗိုလ်လုပွဲအထိတက်ရောက်ခဲ့ပြီး ထိုင်းအသင်းက ၁၉၈၃ ပြိုင်ပွဲတုန်းက

ချန်ပီယံဖြစ်ခဲ့ဖူးတဲ့အစဉ်အလာကောင်းပိုင်ဆိုင်ထားပြီးတော့ အင်ဒိုနီးရှားက

စတုတ္ထနှစ်ကြိမ်၊ဖိလစ်ပိုင်အသင်းက ဆဋ္ဌမတစ်ကြိမ်ရရှိဖူးပါတယ်။ ၂၀၂၂

အမျိုးသမီးအာရှဖလားပြိုင်ပွဲကို လာမယ့်နှစ်၊ ဇန်နဝါရီ(၂၀)ရက်ကနေ

ဖေဖော်ဝါရီ(၆)ရက်အထိ မြို့ကြီး(၃)မြို့မှာကျင်းပသွားမှာဖြစ်ပြီး ချန်ပီယံ

အသင်းနဲ့အတူ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမရတဲ့အသင်းတွေဟာ ၂၀၂၃

ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

Zawgyi

အာရွဖလားၿပိဳင္ပြဲမွာ အုပ္စုက်ပ္ထဲက်ေရာက္ခဲ့တဲ့ ျမန္မာအမ်ိဳးသမီးအသင္း
အိႏၵိယႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပမယ့္ ၂၀၂၂ အမ်ိဳးသမီးအာရွဖလား

ၿပိဳင္ပြဲအတြက္ အုပ္စုေတြထြက္ေပၚလာၿပီး ျမန္မာအမ်ိဳးသမီးအသင္းဟာ

အာရွထိပ္သီးအသင္းေတြျဖစ္တဲ့ ေတာင္ကိုရီးယား၊ ဂ်ပန္တို႔အျပင္ အာဆီယံ

ေဒသတြင္းၿပိဳင္ဘက္ဗီယက္နမ္အသင္းတို႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ေနတာ

ေၾကာင့္ ကံမေကာင္းခဲ့ဘူးလို႔ေျပာရမွာပါ။ ျမန္မာအမ်ိဳးသမီးအသင္းဟာ

ေျခစစ္ပြဲအဆင့္တုန္းက လက္ဘႏြန္၊ ဂူအမ္၊ ယူေအအီးအသင္းတို႔နဲ႔ဆုံေတြ႕ခဲ့ၿပီး

လက္ဘႏြန္ကို (၄-၀)ဂိုး၊ ဂူအမ္ကို (၈-၀)ဂိုး၊ ယူေအအီးကို (၂-၀)ဂိုးေတြနဲ႔

အႏိုင္ယူခဲ့သလို (၃)ပြဲကစား၊ (၉)မွတ္၊ ရဂိုး(၁၄)ဂိုး၊ ေပးဂိုးမရွိဆိုတဲ့မွတ္တမ္

းေကာင္းနဲ႔အတူ ေျခစစ္ပြဲေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

 

ျမန္မာအမ်ိဳးသမီးအသင္းဟာ အာရွဖလားၿပိဳင္ပြဲမွာ ၁၉၇၅ ခုႏွစ္ကေန ၂၀၀၁ ခုႏွစ္အထိ

ပါဝင္ယွဥ္ၿပိဳင္ခဲ့ျခင္းမရွိဘဲ ၂၀၀၃ ခုႏွစ္မွာ ပထမဆုံးအႀကိမ္ေျခစစ္ပြဲေအာင္ျမင္

ခဲ့ၿပီး အုပ္စုအဆင့္ကထြက္ခဲ့ရတဲ့အျပင္ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ၿပိဳင္ပြဲေတြမွာလည္း

အုပ္စုအဆင့္ကေနပဲလွည့္ျပန္ခဲ့ရပါတယ္။ အာရွဖလားၿပိဳင္ပြဲမွာ အေကာင္းဆုံး

တတိယႏွစ္သင္း အုပ္စုကတက္ခြင့္ရွိမွာျဖစ္ေပမယ့္ ျမန္မာအသင္းအေနနဲ႔

အေကာင္းဆုံးအုပ္စုတတိယေနရာရဖို႔ေတာင္ ေတာ္ေတာ္ေလး႐ုန္းကန္ရဖို႔ရွိေနပါၿပီ။

၂၀၂၂ အမ်ိဳးသမီးအာရွဖလားၿပိဳင္ပြဲကို အိမ္ရွင္အိႏၵိယအသင္းအပါအဝင္

အသင္းေပါင္း(၁၂)သင္းပါဝင္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး လက္ရွိခ်န္ပီယံဂ်ပန္၊

ၾသစေၾတးလ်၊ တ႐ုတ္၊ တ႐ုတ္တိုင္ေပ၊ ဗီယက္နမ္္၊ အင္ဒိုနီးရွား၊ ျမန္မာ၊

ေတာင္ကိုရီးယား၊ ဖိလစ္ပိုင္၊ အီရန္နဲ႔ထိုင္းအသင္းတို႔ပဲျဖစ္ပါတယ္။

ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ (၈)ႀကိမ္ဗိုလ္စြဲခဲ့ၿပီး ေအာင္ျမင္မႈအမ်ားဆုံးအျဖစ္

ရပ္တည္ေနတဲ့ တ႐ုတ္အသင္းဟာ အုပ္စု(A)မွာ အိမ္ရွင္အိႏၵိယ၊ တ႐ုတ္တိုင္ေပနဲ႔

အခုၿပိဳင္ပြဲမွပထမဆုံးအႀကိမ္ေျခစစ္ပြဲေအာင္ျမင္ခဲ့တဲ့ အီရန္အသင္းတို႔နဲ႔အတူ

ဆုံေတြ႕ေနပါတယ္။ တ႐ုတ္တိုင္ေပအသင္းဟာ အာရွဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံ

(၃)ႀကိမ္ျဖစ္ခဲ့ဖူးၿပီး အိႏၵိယအသင္းကလည္း ဒုတိယႏွစ္ႀကိမ္ရခဲ့ဖူးတာေၾကာင့္

နာမည္ႀကီးတ႐ုတ္အသင္းကို ဒုကၡေပးႏိုင္မလားေစာင့္ၾကည့္ရမွာပါ။

 

အုပ္စု(B)မွာေတာ့ ၾသစေၾတးလ်၊ ထိုင္း၊ ဖိလစ္ပိုင္၊ အင္ဒိုနီးရွားအသင္းတို႔

ပါဝင္ေနသလို ၂၀၁၀ ခ်န္ပီယံၾသစေၾတးလ်အသင္းဟာ ၿပီးခဲ့တဲ့ၿပိဳင္ပြဲမွာ

ဗိုလ္လုပြဲအထိတက္ေရာက္ခဲ့ၿပီး ထိုင္းအသင္းက ၁၉၈၃ ၿပိဳင္ပြဲတုန္းက

ခ်န္ပီယံျဖစ္ခဲ့ဖူးတဲ့အစဥ္အလာေကာင္းပိုင္ဆိုင္ထားၿပီးေတာ့ အင္ဒိုနီးရွားက

စတုတၳႏွစ္ႀကိမ္၊ဖိလစ္ပိုင္အသင္းက ဆ႒မတစ္ႀကိမ္ရရွိဖူးပါတယ္။ ၂၀၂၂

အမ်ိဳးသမီးအာရွဖလားၿပိဳင္ပြဲကို လာမယ့္ႏွစ္၊ ဇန္နဝါရီ(၂၀)ရက္ကေန

ေဖေဖာ္ဝါရီ(၆)ရက္အထိ ၿမိဳ႕ႀကီး(၃)ၿမိဳ႕မွာက်င္းပသြားမွာျဖစ္ၿပီး ခ်န္ပီယံ

အသင္းနဲ႔အတူ ဒုတိယ၊ တတိယ၊ စတုတၳ၊ ပၪၥမရတဲ့အသင္းေတြဟာ ၂၀၂၃

ဖီဖာအမ်ိဳးသမီးကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိမွာျဖစ္ပါတယ္။